နေပြည်တော် ဒီဇင်ဘာ ၂၃
၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာအားကစားလ(စတုတ္ထပတ်)စုပေါင်းလမ်းလျှောက်ပွဲများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ် ဌာနချုပ်အသီးသီးရှိ တပ်နယ်များ၌ ကျင်းပပြုလုပ်ကြသည်။
ထိုသို့ စုပေါင်းလမ်းလျှောက်ပွဲများကျင်းပပြုလုပ်ရာတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် ပုဗ္ဗသီရိတပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို နယ်မြေခံတပ်အားကစားကွင်း၌လည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မြစ်ကြီးနားတပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ်အားကစားကွင်း၌လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လားရှိုးတပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တောင်ကြီးတပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ခိုလမ်တပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ်အားကစားကွင်း၌လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကျိုင်းတုံတပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို ကျိုင်းတုံတပ်နယ် အားကစား ကွင်း၌လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် မော်လမြိုင်တပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို ရွှေနတ်တောင် အားကစားကွင်း၌လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် မြိတ်တပ်နယ်၏ စုပေါင်း လမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ တပ်နယ်အသီးသီးအလိုက် စုပေါင်းလမ်းလျှောက်ပွဲများကို တပ်နယ် အားကစားကွင်းများ၌လည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် ပုသိမ်တပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် ပုသိမ်တပ်နယ် ဘောလုံးကွင်း၌ လည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အမ်းတပ်နယ်၏ စုပေါင်း လမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌လည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တပ်နယ်အသီးသီးအလိုက် စုပေါင်းလမ်းလျှောက်ပွဲများကို တပ်နယ်အားကစားကွင်းများ၌လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မန္တလေးတပ်နယ်၏စုပေါင်း လမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် ရန်အောင်မြင် ခန်းမရှေ့၌လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တောင်ငူတပ်နယ်၏ စုပေါင်းလမ်း လျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုး ခန်းမရှေ့၌လည်းကောင်း အသီးသီးကျင်းပပြုလုပ်ကြရာ တိုင်းမှူးများ၊ ဒုတိယတိုင်းမှူးများ၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ တပ်ရင်း/တပ်ဖွဲ့မှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ ပါဝင်ဆင်နွှဲကြပြီး သတ်မှတ်နေရာများတွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ရုံး/ဌာနများ၏ ဒီဇင်ဘာအားကစားလ(စတုတ္ထပတ်)စုပေါင်းလမ်း လျှောက်ပွဲကို ယနေ့နံနက်ပိုင်းတွင်ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စခန်းမှူးရုံး စခန်းမှူးနှင့် ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုများ ပါဝင်ဆင်နွှဲကြပြီး ကိုယ်လက်ကြံ့ခိုင်ရေးများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
Crd:myawadynews