skip to content
 
နေပြည်တော်၊ ဇန်နဝါရီလ(၃)ရက်။
 
၂ဝ၁၈ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သော (၇ဝ)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်ရှိ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများဖြစ်ကြသော   ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ထုပ်စီးထိုး (အမျိုးသား/ အမျိုးသမီး)  ပြိုင်ပွဲများ၏  ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲများအား ယနေ့နံနက်(၈)နာရီမှစ၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း/ရုံများ၌ အသီးသီးကျင်းပပြုလုပ်လျက်ရှိရာ ဝဏ္ဏသိဒ္ဓိဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်သော ဖူဆယ်ဗိုလ်လုပွဲပြိုင်ပွဲသို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှုးချုပ် ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ဝန်ကြီးဌာန အသီးသီးမှ အရာထမ်း၊ အမှုထမ်းများ လာရောက်ကြည့်ရှု အားပေးကြပါသည်။
 
 
ရှေးဦးစွာ  နေပြည်တော် ဝဏ္ဏသိဒ္ဓိဖူဆယ်အားကစားရုံတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးအသင်းနှင့် လျှပ်စစ်နှင့်စွမ်းအင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးအသင်းမှ (၄) ပွဲ (၁) ပွဲဖြင့်အနိုင်ရဗိုလ်စွဲသွားပါသည်။
 
 

back to top Eng