skip to content

 

နေပြည်တော်၊ ဒီဇင်ဘာ (၁၆)ရက်။    

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့်၂ဝ၁၈ခုနှစ်၊ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များအားကစားပြိုင်ပွဲကို ယနေ့နံနက် (၇:ဝဝ) နာရီ အချိန်မှစ၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားကွင်း/ အားကစားရုံ အသီးသီး၌ ကျင်းပပြုလုပ်ရာ အဆင်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာသိန်းဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များမှ ဥက္ကဌများနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည့်တော်များ၊ အားကစားဝါသနာရှင် မိဘပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ပါသည်။

    
ဗိုဗီနမ်အားကစားရုံတွင် ယနေ့နံနက် (၉)နာရီအချိန်တွင် ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ မိန့်ခွန်းပြောကြားပြီး မောင်းထု၍ အခမ်းအနားကို  ဖွင့်လှစ်ပေးခဲ့ပြီး ဗိုဗီနမ်အားကစားပြိုင်ပွဲများကို ယှဉ်ပြိုင်ကြရာ အမျိုးသမီး တစ်ကိုယ်တော် လက်သိုင်းအပြပြိုင်ပွဲတွင် ခိုင်ဝါဖူး(မြန်မာ)မှ ပထမ၊ (ဗီယက်နမ်)မှ ဒုတိယ၊ (ကမ္ဘောဒီးယား)မှတတိယဖြင့်လည်းကောင်း၊ အမျိုးသား နှစ်ယောက်တွဲ အပြပြိုင်ပွဲတွင် ကမ္ဘောဒီးယားအသင်းမှ ပထမ၊  မြန်မာအသင်းမှ ဒုတိယ၊ ဗီယက်နမ်အသင်းမှ တတိယဖြင့်လည်းကောင်း၊ အမျိုးသားလေးယောက်တွဲအပြပြိုင်ပွဲတွင် မြန်မာအသင်းမှ ပထမ၊ ကမ္ဘောဒီးယားအသင်းမှ ဒုတိယဖြင့်လည်းကောင်း၊ အမျိုးသား(၅၁)ကီလိုတန်း အတိုက်ပြိုင်ပွဲတွင် (ကမ္ဘောဒီးယား)မှ ပထမ၊ (လာအို)မှ ဒုတိယ၊ ဖြိုးထက်ကိုကို (မြန်မာ)မှ တတိယဖြင့်လည်းကောင်း၊ အမျိုးသမီး(၅၁)ကီလိုတန်း အတိုက်ပြိုင်ပွဲတွင် ဗီယက်နမ်မှပထမ၊ ထိုင်းမှ ဒုတိယ၊ ဇင်ဇင်ထွန်း(မြန်မာ) မှ တတိယဖြင့်လည်းကောင်း၊ အမျိုးသား(၆ဝ)ကီလိုတန်းပြိုင်ပွဲတွင် ဗီယက်နမ်မှ ပထမ၊ မြင့်မြတ်ဦး(မြန်မာ)မှ ဒုတိယ၊ ကမ္ဘောဒီးယားအသင်းမှ တတိယကိုလည်းကောင်း အသီးသီးရရှိခဲ့ပြီး ဆုရရှိကြသူများကို အဆင်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာသိန်းဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ကရာတေးအားကစားရုံတွင် ကရာတေးပြိုင်ပွဲများကို ယှဉ်ပြိုင်ကြရာ အမျိုးသမီးတစ်ဦးချင်းခတ ပြိုင်ပွဲတွင် သဇင်အေး(မြန်မာ)မှ ပထမ၊ ထိုင်းမှ ဒုတိယနှင့် မလေးရှားမှ တတိယကိုလည်းကောင်း၊ အမျိုးသားတစ်ဦးချင်းခတပြိုင်ပွဲတွင် မင်းဟိန်းခန့်(မြန်မာ)မှ ပထမ၊ မလေးရှားမှ ဒုတိယနှင့် အင်ဒိုနီးရှားမှ တတိယကိုလည်းကောင်း၊ အမျိုးသမီး အသင်းလိုက်ခတပြိုင်ပွဲတွင် မြန်မာအသင်းမှ ပထမနှင့် မလေးရှားအသင်းမှ ဒုတိယကိုလည်းကောင်း၊ အမျိုးသား အသင်းလိုက်ခတပြိုင်ပွဲတွင် မြန်မာအသင်းမှ ပထမနှင့် ထိုင်းအသင်းမှ ဒုတိယကိုလည်းကောင်း၊ အမျိုးသမီး(+၆၁)ကီလိုတန်းတစ်ဦးချင်း ကုမိတဲ့ပြိုင်ပွဲတွင် အင်ဒိုနီးရှားမှ ပထမ၊ မလေးရှားမှ ဒုတိယ၊ ခရစ်စတင်း (မြန်မာ)နှင့် ထိုင်းမှ ပူးတွဲ တတိယကိုလည်းကောင်း အသီးသီးရရှိခဲ့ပြီး ဆုရရှိသူများအား ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ် ဥက္ကဌ ၊ ဒုတိယဥက္ကဌနှင့်တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

 

ငလိုက်ဆည်တွင် လှေလှော်ပြိုင်ပွဲကျင်းပရာ အပြည်ပြည်ဆိုင်ရာလှေအမျိုးသမီးတစ်ယောက်လှော်ပြိုင်ပွဲတွင် ထိုင်းမှ ပထမ၊ အင်ဒိုနီးရှားမှ ဒုတိယ၊ နှင်းဆုဝေ(မြန်မာ)မှ တတိယကိုလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာလှေ အမျိုးသမီး နှစ်ယောက်လှော် ပြိုင်ပွဲတွင် မလေးရှားမှ ပထမ၊ မြန်မာမှဒုတိယ ကိုလည်းကောင်း၊ အမျိုးသား ၁ဝတက်လှော် မီတာ(၁ဝဝဝ) ရိုးရာလှေပြိုင်ပွဲတွင် ထိုင်းအသင်းမှ ပထမ၊ မြန်မာမှ ဒုတိယ၊ စင်ကာပူမှ တတိယကိုလည်းကောင်း အသီးသီးရရှိခဲ့ပြီး ဆုရရှိကြသူများကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံလှေလှော်ဥက္ကဌ ဦးသောင်းထိုက်မင်းနှင့် တာဝန်ရှိသူများမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။

 

မြို့တော်ဂေါက်ကွင်းတွင် အမျိုးသား/အမျိုးသမီး ဂေါက်သီးရိုက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ရာ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ထိုင်းမှ ပထမ၊ ဧကရီဝင်းထွန်း(မြန်မာ)မှ ဒုတိယ၊ မလေးရှားမှ တတိယ ဖြင့်လည်းကောင်း၊ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် လှိုင်မင်းထက်(မြန်မာ)မှ ပထမ၊ ထိုင်းမှ ဒုတိယနှင့် တတိယကိုလည်းကောင်း ရရှိခဲ့ပြီး ပြိုင်ပွဲများအပြီး ဆုပေးပွဲကို ကျင်းပပြုလုပ်ရာ ဆုရရှိသူများအား နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ အဆင်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာသိန်းဝင်း၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်ဥက္ကဌ ဦးကိုကိုအေးနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

မြားပစ်အားကစားကွင်းတွင် မြားပစ်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကြရာ အမျိုးသမီး Compound ပြိုင်ပွဲတွင် စုစုလှိုင် (မြန်မာ)မှ ပထမ၊ Kamyavee Maneesombatkul (ထိုင်း)မှ ဒုတိယနှင့် Iman Aisyah Binti Norazam (မလေးရှား)မှ တတိယကိုလည်းကောင်းရရှိခဲ့ပြီး အဆိုပါဆုများကို အဆင်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာသိန်းဝင်းနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဦးမျိုးလှိုင်တို့မှ ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၃)၌ အမျိုးသားဘောလုံးပြိုင်ပွဲအဖြစ် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ယှဉ်ပြိုင်ကြရာ မြန်မာအသင်းမှ ထိုင်းအသင်းကို (၁)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ပြီး (၁၈.၁၂.၂ဝ၁၈)ရက်နေ့တွင် ဖိုင်နယ်ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ဆက်လက်၍ ပိုက်ကျော်ခြင်း၊ ပီတန်း၊ ဘက်စကတ််ဘော၊ စစ်တုရင်၊ စားပွဲတင်တင်းနစ် ပြိုင်ပွဲများကို သက်ဆိုင်ရာ အားကစားကွင်း/အားကစားရုံ အသီးသီးတို့တွင် ဆက်လက် ယှဉ်ပြိုင် ကစားလျက်ရှိကြောင်း သိရှိရပါသည်။

ယနေ့ညနေပိုင်းအထိပြိုင်ပွဲများတွင် မြန်မာအသင်းမှ ရွှေတံဆိပ်(၁၉)ခု၊ ငွေတံဆိပ်(၁၉)ခု၊ ကြေးတံဆိပ်(၂ဝ)ခု ဖြင့် အသီးသီးရရှိထားကြောင်း သတင်းရရှိပါသည်။
 


back to top Eng