Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂ဝ၁၈ ခုနှစ် ၊ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ စတုတ္ထနေ့ဆက်လက် ကျင်းပ၊ ရွှေတံဆိပ်(၃)ခု၊ ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ်(၄)ခု ထပ်မံ ရရှိ
နေပြည်တော်၊ ဒီဇင်ဘာ (၁၁)ရက်။
မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂ဝ၁၈ ခုနှစ် ၊ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲကို ယနေ့နံနက် (၉:ဝဝ) နာရီအချိန်မှစ၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားကွင်း/ အားကစားရုံ အသီးသီး၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် ၊ အရှေ့တောင်အာရှ တက္ကသိုလ်များ ပြိုင်ပွဲအားကစားကောင်စီ (
AUSC
) အထွေထွေအတွင်းရေးမှူး
Mr. Muhamad Mohd Hanif
၊ လာအိုနိုင်ငံမှ
Associate Professor Dr.Khamphay Sisavanh(Deputy Minister of Education)
၊ အဆင်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည့်တော်များနှင့် အားကစားဝါသနာရှင် မိဘပြည်သူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ပါသည်။
ပထမဦးစွာ နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပသော ဝူရှူးအားကစား ပြိုင်ပွဲများတွင် အမျိုးသမီး(၄၈)ကီလိုတန်းဆန်းဆိုအတိုက်ပြိုင်ပွဲ၌ Rosalina Simanjuntak (အင်ဒိုနီးရှား)မှ ပထမ၊ Siriluk Kawcha(ထိုင်း)မှ ဒုတိယ၊ ဆောင်းနှင်းထက် (မြန်မာ)မှတတိယကို လည်းကောင်း၊ အမျိုးသမီး(၅၂)ကီလိုတန်းဆန်းဆိုအတိုက် ပြိုင်ပွဲတွင် နီနီအေး(မြန်မာ)မှ ပထမ၊ အမျိုးသမီး(၅၆)ဆန်းဆိုအတိုက်ပြိုင်ပွဲတွင် နန်းချယ်ရီခမ်း(မြန်မာ)မှ ပထမ၊ အမျိုးသား(၆ဝ)ကီလိုတန်း ဆန်းဆိုအတိုက် ပြိုင်ပွဲတွင် Noukhit Latsaphao (လာအို)မှ ပထမ၊ Thakdanai (ထိုင်း)မှ ဒုတိယ၊ ဟိန်းသီရိ (မြန်မာ)မှ တတိယကိုလည်းကောင်း၊ အမျိုးသား(၆၅)ကီလိုတန်း ဆန်းဆိုအတိုက်ပြိုင်ပွဲတွင် Charywat Khunphet(ထိုင်း)မှ ပထမ၊ Laty Inthavong(လာအို)မှ ဒုတိယ၊ အောင်ကောင်းမြတ်(မြန်မာ)မှ တတိယကိုလည်းကောင်း၊ အမျိုးသား(၇ဝ)ကီလိုတန်း ဆန်းဆိုအတိုက်ပြိုင်ပွဲတွင် Kittisak Suksanguan (ထိုင်း)မှ ပထမ၊Kalanh Khotsombath(လာအို)မှ ဒုတိယ၊ ငြိမ်းငြိမ်းထွန်း(မြန်မာ)မှ တတိယကိုလည်းကောင်း၊ အမျိုးသမီး ဝူရှူးထောက်လု Nandao+Nangun ပြိုင်ပွဲမှTan Cheong Min(မလေးရှား)မှ ပထမ၊ အေးသစ္စာမြင့်(မြန်မာ)မှ ဒုတိယ၊ Ganyawee Polsuwan(ထိုင်း)မှ တတိယကိုလည်းကောင်း၊ အမျိုးသမီး ဝူရှူးထောက်လု Daoshy+Gunshu ပြိုင်ပွဲမှ Loh Ying Ting(မလေးရှား)မှ ပထမ၊ ခိုင်ဇင်သက်(မြန်မာ)မှ ဒုတိယ၊ Monica Pransisca Sugianto (အင်ဒိုနီးရှား)မှ တတိယကိုလည်းကောင်း အသီးသီးရရှိခဲ့ပြီး ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် နှင့် တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ အမျိုးသမီးထောက်လုJianshu (၂)ရက်ပေါင်း ပြိုင်ပွဲတွင် စန္ဒီဦး (မြန်မာ)မှ ရမှတ် ၉.၆၁တို့ဖြင့် ပထမရက်တွင် ဦးဆောင်နေပါသည်။
ဆက်လက်၍နေ့လည်ပိုင်းတွင် ခြင်းလုံးအားကစားရုံတွင် ကျင်းပသော ရိုးရာခြင်းလုံးပြိုင်ပွဲ
Event(4)
ပြိုင်ပွဲ ပွဲစဉ်များကို အာဆီယံအသင်းများဖြစ်ကြသော မြန်မာ၊ ထိုင်း၊ မလေး၊ လာအို အသင်း (၄)သင်းဖြင့် ယှဉ်ပြိုင်ကြရာရမှတ် (၁၅ဝ)မှတ်ဖြင့် မြန်မာအသင်းမှ ပထမ၊ ရမှတ်(၁၂၄) မှတ် ဖြင့် လာအိုအသင်းမှ ဒုတိယ၊ ရမှတ် (၇၈)မှတ်ဖြင့် ထိုင်းအသင်းမှ တတိယဖြင့် အသီးသီးရရှိခဲ့ပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ လာအိုနိုင်ငံမှ Associate Professor Dr.Khamphay Sisavanh(Deputy Minister of Education) နှင့် တာဝန်ရှိသူများမှ ဆုရရှိသော အားကစားသမားများအား ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့ပါသည်။
နေ့လည်ပိုင်းတွင် ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများမှ ဘော်လီဘော အားကစားပြိုင်ပွဲဖြစ်သော အမျိုးသား ဘောလီဘောပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို လိုက်လံကြည့်ရှု အားပေးကြရာ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် မြန်မာအသင်းမှ စင်ကာပူအသင်းကို ရမှတ်(၂၅-၁၃) (၂၅-၁၄) (၂၅-၁၁) ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပါသည်။
ညနေပိုင်းတွင် ရေကူးပြိုင်ပွဲများပွဲစဉ်များ အဖြစ် မီတာ(၄ဝဝ)ကျား/မ အလွတ်တန်း၊ မီတာ(၂ဝဝ)ကျား/မပက်လက်ကူးပြိုင်ပွဲ၊ မီတာ(၅ဝ) ကျား/မလိပ်ပြာကူးပြိုင်ပွဲများကို ယှဉ်ပြိုင် ကစားကြပြီး ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကျင်းပပြုလုပ်ရာ အရှေ့တောင်အာရှ တက္ကသိုလ်များ ပြိုင်ပွဲအားကစားကောင်စီ (AUSC) အထွေထွေအတွင်းရေးမှူး Mr. Muhamad Mohd Hanif နှင့် တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ တင်းနစ်ပြိုင်ပွဲ နှင့် ကြက်တောင်ပြိုင်ပွဲကို သက်ဆိုင်ရာ အားကစားကွင်း/ အားကစားရုံ အသီးသီးတို့တွင် ဆက်လက်ယှဉ်ပြိုင် ကစားလျက်ရှိပြီး ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်မိဘပြည်သူများမှ ကြည့်ရှု အားပေးခဲ့ကြပါသည်။
ယနေ့အထိပြိုင်ပွဲများတွင် မြန်မာအသင်းမှ ရွှေတံဆိပ်(၈)ခု၊ ငွေတံဆိပ်(၄)ခု၊ ကြေး(၅)ခု ဖြင့် အသီးသီးရရှိထားကြောင်း သတင်းရရှိပါသည်။
11 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display