Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂ဝ၁၈ ခုနှစ် ၊ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ ဆက်လက် ကျင်းပ၊ ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ်(၃)ခု ထပ်မံ ရရှိ
နေပြည်တော်၊ ဒီဇင်ဘာ (၁၂)ရက်။
မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့်၂ဝ၁၈ခုနှစ်၊ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များအားကစားပြိုင်ပွဲကို ယနေ့နံနက် (၉းဝဝ) နာရီအချိန်မှစ၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားကွင်း/ အားကစားရုံ အသီးသီး၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် တာဝန်ရှိသူများ ၊ အဆင်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည့်တော်များနှင့် အားကစားဝါသနာရှင် မိဘပြည်သူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ပါသည်။
ပထမဦးစွာ နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပသော ဝူရှူးအားကစား ပြိုင်ပွဲများတွင် အမျိုးသမီးထောက်လု Jianshu+Qiangshu ပြိုင်ပွဲတွင် Phoon Eyin (မလေးရှား)မှ ပထမ၊ စန္ဒီဦး(မြန်မာ)မှ ဒုတိယ၊Pamg Pui Yee (မလေးရှား)မှှတတိယကို လည်းကောင်း၊ အမျိုးသားထောက်လုDuilian ပြိုင်ပွဲတွင် ထိုင်းအသင်းမှ ပထမ၊ မြန်မာအသင်းမှ ဒုတိယ၊ မလေးအသင်းမှ တတိယကိုလည်းကောင်း၊ အမျိုးသမီး ထောက်လု Duilian
ပြိုင်ပွဲတွင် စင်ကာပူအသင်းမှ ပထမ၊ မလေးရှားအသင်းမှ ဒုတိယ၊ မြန်မာအသင်းမှ တတိယကိုလည်းကောင်း အသီးသီးရရှိခဲ့ပြီး ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ပိုက်ကျော်ခြင်းအားကစားရုံတွင် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသား (၂)ယောက်တွဲ ပြိုင်ပွဲကိုယှဉ်ပြိုင်ကြရာ မြန်မာအသင်းမှ အင်ဒိုနီးရှားအသင်းကို (၃)ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ပါသည်။
ကြက်တောင်အားကစားရုံတွင် ကြက်တောင်အားကစားပြိုင်ပွဲများကို ယှဉ်ပြိုင်ကြရာ အမျိုးသမီးတစ်ဦးချင်း ကြက်တောင်ရိုက်ပြိုင်ပွဲတွင် သက်ထားသူဇာ (မြန်မာ)မှ စင်ကာပူအသင်းအား (၂)ပွဲပြတ်ဖြင့် လည်ကောင်း၊ အမျိုးသားတစ်ဦးချင်း ကြက်တောင်ရိုက်ပြိုင်ပွဲတွင် အာကာဘုန်းမြတ်(မြန်မာ)မှ လာအိုအသင်းအား (၂)ပွဲပြတ်ဖြင့် လည်ကောင်း အနိုင်ရရှိထားပြီး ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်လျက်ရှိ ကြောင်းသတင်းရရှိပါသည်။
တန်းနစ်အားကစားကွင်းတွင် တန်းနစ်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကြရာ အမျိုးသမီး အသင်းလိုက်ပြိုင်ပွဲတွင် ထိုင်းအသင်းမှ ပထမ၊ စင်ကာပူအသင်းမှ ဒုတိယနှင့် မြန်မာအသင်းမှ တတိယကိုလည်းကောင်း၊ အမျိုးသား အမျိုးသမီး(၂)ယောက်တွဲပြိုင်ပွဲတွင် ထိုင်းအသင်းမှ ပထမ၊ စင်ကာပူအသင်းမှ ဒုတိယ၊ မြန်မာအသင်းမှ တတိယဖြင့် အသီးသီးရရှိခဲ့ပြီး၊ ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ဆုရရှိသော အားကစားသမားများအား တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး စစ်တုရင်အားကစားရုံတွင် ကျင်းပပြုလုပ်သော စစ်တုရင်ပြိုင်ပွဲကို ယှဉ်ပြိုင်နေမှုအခြေအနေများကို ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေး ခဲ့ပါသည်။
ဆက်လက်၍ ဘောလီဘောပြိုင်ပွဲ နှင့် ဘောလုံးပြိုင်ပွဲကို သက်ဆိုင်ရာ အားကစားကွင်း/ အားကစားရုံ အသီးသီးတို့တွင် ဆက်လက်ယှဉ်ပြိုင်ကစားလျက်ရှိပါသည်။
ညနေပိုင်းတွင် ဝဏ္ဏသိဒ္ဓိ ရေကူးအားကစားရုံတွင် အမျိုးသား/အမျိုးသမီး မီတာ(၂ဝဝ) အလွတ်တန်းရေကူးပြိုင်ပွဲ ၊ အမျိုးသား/အမျိုးသမီး မီတာ(၁ဝဝ) ပက်လက်ကူးရေကူးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ(၂ဝဝ) လိပ်ပြာကူးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီးမီတာ
(4 x 100)
လက်ဆင့်ကမ်းအလွတ်ကူးပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြပါသည်။ ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ဆုရရှိသော အားကစားသမားများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် နှင့် တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ယနေ့အထိပြိုင်ပွဲများတွင် မြန်မာအသင်းမှ ရွှေတံဆိပ်(၈)ခု၊ ငွေတံဆိပ်(၆)ခု၊ ကြေး(၈)ခု ဖြင့် အသီးသီးရရှိထားကြောင်း သတင်းရရှိပါသည်။
10 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display