skip to content
ရန်ကုန်၊အောက်တိုဘာလ(၂၇)ရက်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစား နှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မြန်မာ့အားကစား အစဉ်အမြဲတိုးတက်စေရန်နှင့် မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ထားသော အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ လွိုင်ကော်၊ မုံရွာ) ကျောင်းများ၏ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် အားကစားပြိုင်ပွဲများအား အောက်တိုဘာ(၂၄)ရက်နေ့မှ (၂၇)ရက်နေ့အထိကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ကျိုက္ကဆံကွင်းရှိ ကျွမ်းဘား အားကစားရုံတွင် အမျိုးသား/အမျိုးသမီးတစ်ဦးချင်း မြေပြင်ပြိုင်ပွဲ၊  အမျိုးသား/ အမျိုးသမီး တစ်ဦးချင်း မြင်းခုန်ပြိုင်ပွဲ၊ အမျိုးသားတစ်ဦးချင်းသံကွင်းတပ် မြင်းခုန်ဘား ပြိုင်ပွဲ၊ အမျိုးသား တစ်ဦးချင်းသံကွင်းဘားပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်း နှစ်တန်း နိမ့်မြင့်ဘားပြိုင်ပွဲ၊ အမျိုးသား တစ်ဦးချင်းနှစ်တန်းဘားပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်းချိန်ဆဘား ပြိုင်ပွဲနှင့် အမျိုးသား တစ်တန်းဘားပြိုင်ပွဲများ ကျင်းပရာ (အား/ကာသိပ္ပံ-ရန်ကုန်)က ရွှေ(၁ဝ)ခု၊ငွေ(၈)ခု၊ ကြေး(၁)ခုဖြင့် ပထမ၊ (အား/ကာသိပ္ပံ-မန္တလေး) က ရွှေ(၁)ခု၊ငွေ(၂)ခု၊ကြေး(၉)ခု ဒုတိယဖြင့်လည်းကောင်း ၊ ကျိုက္ကဆံမြားပစ်ကွင်းတွင်  Recurve အမျိုးသား/အမျိုးသမီး Ranking တစ်ဦးချင်း ရှုံး/ထွက်ပြိုင်ပွဲ၊ Recurve အမျိုးသား/အမျိုးသမီးအသင်း လိုက်ရှုံး/ထွက်ပြိုင်ပွဲ၊ Recurve MixTeam ရှုံး/ထွက်ပြိုင်ပွဲ များကျင်းပရာ (အား/ကာသိပ္ပံ-ရန်ကုန်)က ရွှေ(၇)ခု၊ ငွေ(၃)ခု၊ ကြေး(၃)ခုဖြင့် ပထမ၊ (အား/ကာသိပ္ပံ-မန္တလေး) က ငွေ(၄)ခု၊ ကြေး(၃)ခု ဒုတိယဖြင့်ပြီး အတိုးတက်ဆုံးအမျိုးသားအားကစားသမားဆုရ ဟိန်းစည်သူ (အား/ကာ သိပ္ပံ-မန္တလေး) နှင့် အတိုးတက်ဆုံးအမျိုးသမီးအားကစားသမားဆုရ နန်းငွေ့ဝင်း (အား/ကာသိပ္ပံ-ရန်ကုန်) တို့ကလည်းကောင်း၊ ကျိုက္ကဆံကွင်းရှိ မိုးလုံလေလုံအားကစားရုံတွင် ဂျူဒိုပြိုင်ပွဲကိုကျင်းပရာ အမျိုးသား(-၅ဝ)ကီလိုတန်း၊ အမျိုးသား(-၅၅)ကီလိုတန်း၊ အမျိုးသား(-၆ဝ)ကီလိုတန်း၊ အမျိုးသား (-၆၆) ကီလိုတန်း၊ အမျိုးသမီး(-၄၈)ကီလိုတန်း၊ အမျိုးသမီး(-၅၂)ကီလိုတန်း၊ အမျိုးသမီး (-၅၇)ကီလိုတန်း၊ အမျိုးသမီး(-၆၃)ကီလိုတန်း၊ အမျိုးသမီး(-၇ဝ)ကီလိုတန်းပြိုင်ပွဲများတွင် (အား/ကာသိပ္ပံ-ရန်ကုန် ) က ရွှေ(၄)ခု၊ ငွေ(၄)ခု၊ ကြေး(၁)ခု ဖြင့် ပထမ၊  (အား/ကာသိပ္ပံ-မန္တလေး ) က ရွှေ(၄)ခု၊ ကြေး(၂)ခု ဖြင့် ဒုတိယ၊ (အား/ကာသိပ္ပံ-တောင်ကြီး ) က ရွှေ(၃)ခု၊ ငွေ(၁)ခု၊ ကြေး(၅)ခု ဖြင့် တတိယ၊  (အား/ကာသိပ္ပံ-မော်လမြိုင် ) က ငွေ(၄)ခု၊ ကြေး(၂)ခု ဖြင့် စတုတ္ထ၊ (အား/ကာသိပ္ပံ-လွိုင်ကော် ) က ငွေ(၂)ခု၊ ကြေး(၃)ခု ဖြင့် ပဉ္စမ ၊  (အား/ကာသိပ္ပံ-မုံရွာ) က ကြေး(၃)ခု ဖြင့် ဆဌမ ဖြင့်လည်းကောင်း၊  မြောက်ဒဂုံရှိ အပြည်ပြည်ဆိုင်ရာသေနတ်ပစ်ကွင်းတွင် အမျိုးသား/အမျိုးသမီးတစ်ဦးချင်း (၁ဝ)မီတာလေပစ္စတို၊ (၁ဝ)မီတာလေရိုင်ဖယ်ပြိုင်ပွဲအမျိုးအစားများ ကျင်းပရာ (အား/ကာသိပ္ပံ-မန္တလေး ) က ရွှေ(၃)ခု၊ ငွေ(၃)ခု၊ ကြေး(၁)ခု ဖြင့် ပထမ၊ (အား/ကာသိပ္ပံ-ရန်ကုန် ) က ရွှေ(၁)ခု၊ ငွေ(၁)ခု၊ ကြေး(၃)ခု ဖြင့် ဒုတိယဖြင့် အသီးသီးရရှိသွားရာ ပြိုင်ပွဲများအပြီးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ ရန်ကုန်တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် အသင်း အုပ်ချုပ်သူအဖွဲ့ ခေါင်းဆောင်များက ဆုများကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
 

back to top Eng