Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ လွိုင်ကော်၊ မုံရွာ) ကျောင်းများ၏ အားကစားပြိုင်ပွဲများဆက်လက်ကျင်းပ
နေပြည်တော်၊အောက်တိုဘာလ(၂၈)ရက်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မြန်မာ့အားကစား အစဉ်အမြဲတိုးတက်စေရန်နှင့် မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ထားသော အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ လွိုင်ကော်၊ မုံရွာ) ကျောင်းများ၏ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် အားကစားပြိုင်ပွဲများအား ယနေ့နံနက် (၇:၃ဝ) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြသန်းထိုက်နှင့်တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက်ကြည့်ရှု အားပေးကြပါသည်။
ဆက်လက်၍ စက်ဘီးပြိုင်ပွဲများအဖြစ် (၃)ကီလိုမီတာ တစ်ဦးချင်း (ကျား/မ)၊ (၉)ကီလိုမီတာ အသင်းလိုက် (မ)၊ (၁၅)ကီလိုမီတာ အသင်းလိုက်(ကျား)၊ (၂၁)ကီလိုမီတာ အသင်းလိုက် (မ) ၊ (၃ဝ)ကီလိုမီတာ အသင်းလိုက်(ကျား)၊ မီတာ(၅ဝဝ)တစ်ဦးချင်း(မ) ၊ မီတာ(၁ဝဝဝ)တစ်ဦးချင်း(ကျား) ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြပါသည်။ မီတာ(၁ဝဝဝ) တစ်ဦးချင်း(ကျား)ပြိုင်ပွဲတွင် ကောင်းစည်သူ အား/ကာသိပ္ပံ(ရန်ကုန်)မှ ၁မိနစ်ဝ၉.၆၆စက္ကန့် ဖြင့် ယခင်စံချိန် ၁မိနစ်၁၁.ဝ၉စက္ကန့်ကို ကျော်လွန်ကာ မြန်မာပြည် စံချိန်သစ်တင်ခဲ့သည်။ ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ဆုရရှိသူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်နှင့်တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ အမျိုးသမီး (၃)ယောက်တွဲ အဖွဲ့လိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယှဉ်ပြိုင်ကစားကြရာ အား/ကာသိပ္ပံ(ရန်ကုန်-ခ)အသင်းမှ ပထမ၊ အား/ကာသိပ္ပံ (မော်လမြိုင်)အသင်းမှ ဒုတိယ၊ အား/ကာသိပ္ပံ (မန္တလေး)အသင်းမှ တတိယဖြင့် အသီးသီး အနိုင်ရရှိခဲ့ပြီး ဆုရရှိသူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန်နှင့်တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့်တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ ကျောင်းအုပ်ကြီးများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ တိုက်ကွမ်ဒို အတိုက်ပြိုင်ပွဲများအဖြစ် ၅၅-၅၉ကီလို(ကျား)၊ ၅၁-၅၅ကီလို (ကျား)၊ ၅၉-၆၃ကီလို(ကျား)၊ ၆၃-၆၈ကီလို(ကျား)၊ ၄၄-၄၆ကီလို(မ) ၊ ၄၆-၄၉ကီလို (မ) ၊ ၅၂-၅၅ကီလို (မ) ၊ ၅၅-၅၉ကီလို (မ) ၊ ၄၉-၅၂ကီလို (မ) ၊ လူသစ်တန်းပြိုင်ပွဲများအဖြစ် ၄၆-၄၉ကီလို(မ)၊ ၄၄-၄၆ကီလို(မ) ၊ ၄၉-၅၂ကီလို(မ) ၊ ၅၂-၅၅ ကီလို(မ)၊ ၅၅-၅၉ ကီလို (ကျား)၊ ၅၉-၆၃ကီလို(ကျား)၊ ၆၃-၆၈ကီလို(ကျား)ပြိုင်ပွဲများ၊ ကကွက်ပြိုင်ပွဲများအဖြစ် အမျိုးသား/အမျိုးသမီးတစ်ဦးချင်းကကွက်၊ အမျိုးသား/အမျိုးသမီးအသင်းလိုက်ကကွက်၊ အမျိုးသား+အမျိုးသမီးနှစ်ယောက်တွဲ ကကွက်ပြိုင်ပွဲများကို အသီးသီးယှဉ်ပြိုင်ကစားခဲ့ကြပြီး ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ ဆုရရှိသူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ လွိုင်ကော်၊ မုံရွာ) ကျောင်းများ၏ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲများကို (၂၁.၁ဝ.၂ဝ၁၈)ရက်နေ့မှ (၃ဝ.၁ဝ.၂ဝ၁၈)ရက် နေ့အထိ နေ့စဉ် နံနက်(၇:၃ဝ) နာရီအချိန်မှ စတင်ပြီး ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ယှဉ်ပြိုင်ကစားလျက်ရှိပြီး အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများ အနေဖြင့် မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိ ရပါသည်။
9 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display