skip to content
 
 
ရန်ကုန်၊ ဇွန်လ(၁၇)ရက်။
 
၂ဝ၁၉ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား ကရာတေးပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ညနေ(၄)နာရီ ရန်ကုန်တိုင်း ဒေသကြီးမဂင်္လာတောင်ညွန့်မြို့နယ် အောင်ဆန်းအားကစားပြိုင်ဝင်းရှိ မိုးလုံလေလုံအားကစားရုံ ၌ကျင်းပပြုလုပ်ခဲ့သည်။
 
 
 
ဗိုလ်လုပွဲများအပြီးတွင် မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ် မှ အတွင်းရေးမှူး၊ ဒိုင်ကော်မရှင်ဥက္ကဌနှင့် ဒိုင်ကော်မရှင်အဖွဲ့ဝင်များ၊ ဒိုင်လူကြီးများက သက်ငယ်တန်း အမျိုးသမီး တစ်ဦးချင်း ''ခတ'' နှင့် အကြီးတန်း အမျိုးသမီးတစ်ဦးချင်း''ခတ'' ပြိုင်ပွဲတွင်ပထမ၊ဒုတိယနှင့်ပူးတွဲ တတိယဆု ရရှိကြသူများအားလည်းကောင်း၊ သက်ငယ်တန်းအမျိုးသမီးတစ်ဦးချင်း ''ကုမိတဲ့'' (-၄၂)ကီလိုနှင့်အကြီးတန်းအမျိုးသမီးတစ်ဦးချင်း ''ကုမိတဲ့'' (-၅ဝ)ကီလိုပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊ ပူးတွဲတတိယဆုရရှိကြသူများအားလည်းကောင်း၊ သက်ငယ် အမျိုးသမီးတစ်ဦးချင်း ''ကုမိတဲ့'' (+၄၇)ကီလိုနှင့် အကြီးတန်းအမျိုးသမီးတစ်ဦးချင်း ''ကုမိတဲ့'' (-၅၅)ကီလိုပြိုင်ပွဲတွင် ပထမ၊ဒုတိယ နှင့်တတိယဆုရရှိကြသူများအားလည်းကောင်း၊ အမျိုးသမီးတစ်ဦးချင်း''ကုမိတဲ့''(-၆၁)ကီလိုတန်း ပြိုင်ပွဲတွင် ပထမ၊ဒုတိယနှင့်ပူးတွဲတတိယ ဆုရရှိကြသူများအားလည်းကောင်း၊ သက်ငယ်တန်း အမျိုးသားတစ်ဦးချင်း''ခတ''နှင့် အကြီးတန်းအမျိုးသားတစ်ဦးချင်း''ခတ'' ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့်ပူးတွဲတတိယဆုရရှိကြသူများအားလည်းကောင်း၊ သက်ငယ် အမျိုးသားတစ်ဦးချင်း ''ကုမိတဲ့'' (-၄၈)ကီလိုနှင့် အကြီးတန်းအမျိုးသားတစ်ဦးချင်း ''ကုမိတဲ့'' (-၅၅)ကီလိုပြိုင်ပွဲတွင် ပထမ၊ဒုတိယ နှင့်ပူးတွဲတတိယဆုရရှိကြသူများအားလည်းကောင်း၊ သက်ငယ်အမျိုးသား တစ်ဦးချင်း ''ကုမိတဲ့'' (-၅၂)ကီလိုနှင့် အကြီးတန်းအမျိုးသားတစ်ဦးချင်း ''ကုမိတဲ့'' (-၆ဝ) ကီလိုပြိုင်ပွဲတွင် ပထမ၊ဒုတိယ နှင့်ပူးတွဲတတိယဆုရရှိကြသူများအားလည်းကောင်း၊ သက်လတ်တန်းအမျိုးသမီး တစ်ဦးချင်း ''ခတ''ပြိုင်ပွဲ နှင့် အကြီးတန်းအမျိုးသားတစ်ဦးချင်း ''ကုမိတဲ့'' (-၆၇) ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ဒုတိယ နှင့်ပူးတွဲတတိယဆုရရှိကြသူများ အားလည်းကောင်း၊ သက်လတ်တန်းအမျိုးသမီး တစ်ဦးချင်း ''ကုမိတဲ့''(-၄၈)ကီလိုတန်းပြိုင်ပွဲ နှင့် အကြီးတန်းအမျိုးသားတစ်ဦးချင်း ''ကုမိတဲ့'' (-၇၅) ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ဒုတိယ နှင့်ပူးတွဲတတိယဆုရရှိကြသူများ အားလည်းကောင်း၊ သက်လတ်တန်းအမျိုးသမီး တစ်ဦးချင်း ''ကုမိတဲ့''(-၅၃)ကီလိုတန်းပြိုင်ပွဲ နှင့် အကြီးတန်းအမျိုးသားတစ်ဦးချင်း ''ကုမိတဲ့'' (+၇၅) ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ဒုတိယ နှင့်ပူးတွဲတတိယဆုရရှိကြသူများ အားလည်းကောင်း၊ သက်လတ်တန်းအမျိုးသမီး တစ်ဦးချင်း ''ကုမိတဲ့''(+၅၃)ကီလိုတန်း၊  သက်လတ်တန်း အမျိုးသားတစ်ဦးချင်း ''ခတ'' ၊သက်လတ်တန်း အမျိုးသား တစ်ဦးချင်း''ကုမိတဲ့ '' (-၅ဝ) ကီလိုတန်း၊ (-၅၅)ကီလိုတန်း၊ (-၆၁)ကီလိုတန်း၊ (+၆၁)ကီလိုတန်းပြိုင်ပွဲများတွင်ပထမ၊ဒုတိယ နှင့်ပူးတွဲ တတိယဆုများအား အသီးသီးပေးအပ်ချီးမြှင့်၍လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ကရာတေးဆပ်ကော်မတီဥက္ကြ ဦးစိုးဝင်းက သက်ငယ်တန်းအမျိုးသမီး အကောင်းဆုံး အားကစားသမားဆုရ ထွန်းလဲ့လဲ့ထွန်း(YCDC)နှင့် သက်ငယ်တန်းအမျိုးသားအကောင်းဆုံး အားကစားသမားဆုရ ဇေယျာထူးထူး(YCDC)တို့အားဆုများကိုပေးအပ်ချီးမြှင့်၍လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး  အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး က သက်လတ်တန်း အမျိုးသမီးအကောင်းဆုံးအားကစားသမားဆုရ ဖြူဖွေးသန့်(တွံ့တေး)နှင့် သက်လတ်တန်းအမျိုးသားအကောင်းဆုံးအားကစားသမားဆုရ လှိုင်မင်းငြိမ်း (သုဝဏ္ဏ)တို့အား ဆုများကိုပေးအပ်ချီးမြှင့်၍လည်းကောင်း၊ ရန်ကုန်တို်င်းဒေသကြီးကရာတေးဆပ်ကော်မတီ နာယက မင်္ဂလာကုမ္ပဏီမှ ဥက္ကဌ ဦးဇော်မင်း က အကြီးတန်းအမျိုးသမီးအကောင်းဆုံးအားကစား သမားဆုရ မီမီအောင်ထွန်း( ဒဂုံတက္ကသိုလ်)နှင့် အကြီးတန်းအမျိုးသားအကောင်းဆုံးအားကစား သမားဆုရ ဟိန်းထက်အောင် (သုဝဏ္ဏ) တို့အား ဆုများကိုအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ကိုယ်စား စိုက်ပျိုးရေးနှင့်သစ်တောဝန်ကြီး ဦးဟန်ထွန်းက ရွှေ(၄)ခု၊ ငွေ(၂)ခု၊ ကြေး(၂)ခုဖြင့် အမျိုးသမီးတံခွန်စိုက်ဆုရရှိသွားသော  (YUON) အသင်းနှင့် ရွှေ(၇)ခု၊ငွေ(၃)ခု၊ကြေး(၂)ခုဖြင့် အမျိုးသားတံခွန်စိုက်ဆုရရှိသွားသော (သုဝဏ္ဏ) အသင်းတို့အား ဆုဖလားအား ပေးအပ်ချီးမြ§င့်၍မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ် ဒိုင်လူကြီးများ အား အမှတ်တရ ဂုဏ်ပြုမှတ်တမ်းလွှာများအားပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။
 
 

back to top Eng