နေပြည်တော်အောက်တိုဘာ (၁၆)ရက်။
၂ဝ၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့ ညနေ (၃) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားလက်ဝှေ့ရုံတွင် ယှဉ်ပြိုင်ကစားကြရာ ယနေ့ပွဲစဉ်များအဖြစ် အမျိုးသမီး(၆ဝ)ကီလိုတန်းပြိုင်ပွဲတွင် နှင်းဝေလွင်(ဧရာဝတီ)မှ နန်းမလွမ်းပို(ကရင်) ကိုလည်းကောင်း၊ ကေသွယ်ငြိမ်း(တနင်္သာရီ)မှ ဘောင်ဝါ(ချင်း) ကိုလည်းကောင်း၊ အမျိုးသား(၅၂) ကီလိုတန်းပြိုင်ပွဲတွင် သူရ(ရန်ကုန်)မှ သူရလင်း(စစ်ကိုင်း) ကိုလည်းကောင်း၊ ဇော်ဇော်အောင် (တနင်္သာရီ)မှ ဝေစိုး(ဧရာဝတီ) ကိုလည်းကောင်း၊ အမျိုးသား (၆၄)ကီလိုတန်းပြိုင်ပွဲတွင် နေလင်းနိုင် (ပဲခူး)မှ ဒိုငိုက်ဆန် (မကွေး) ကိုလည်းကောင်း၊ စောဇော်သန်း(ကရင်)မှ ကျော်ဝေစိုး(မွန်) ကိုလည်းကောင်း၊ အမျိုးသား(၇၅) ကီလိုတန်းပြိုင်ပွဲတွင် ရဲဝင်းနိုင်(တနင်္သာရီ)မှ အောင်ထက်နိုင်ဦး(ရှမ်း) ကိုလည်းကောင်း၊ ကျော်ခိုင်ထွန်း(မွန်)မှ ကျော်ရဲထူး(ပဲခူး) ကို လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပါသည်။
အဆိုပါ လက်ဝှေ့ပြိုင်ပွဲများကို (၁၇.၁ဝ.၂ဝ၁၉)ရက်နေ့မှ (၁၈.၁ဝ.၂ဝ၁၉)ရက်နေ့အထိ ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားလက်ဝှေ့ရုံတွင် ညနေ(၃) နာရီအချိန်မှစ၍ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် လက်ဝှေ့အားကစားနည်းကို စိတ်ပါဝင်စားသော အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။