skip to content

 

ရန်ကုန်၊ မေလ(  ၁၅   )ရက်။

၂ဝ၁၉ခုနှစ်၊နွေရာသီဖိတ်ခေါ်အလွတ်တန်းနှင့် အသက်(၁၉) နှစ်အောက် အမျိုးသား/အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ညနေ(၆)နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်၊ အောင်ဆန်း အားကစားပြိုင်ဝင်း၊ မိုးလုံလေလုံအားကစားရုံ၌ကျင်းပခဲ့သည်။

ဗိုလ်လုပွဲ၌ အသက်(၁၉)နှစ်အောက် အမျိုးသားပြိုင်ပွဲတွင် (လားရှိုးကိုးကန့်လူငယ်) အသင်းက (မွန်လူငယ်)အသင်း ကို (၆၂-၆၄)မှတ်ဖြင့် အနိုင်ရရှိသွားပြီး အလွတ်တန်းအမျိုးသား ပြိုင်ပွဲတွင်  (ကသာ-ခ)အသင်းကို (Sprit Fire-B) အသင်းက (၅၅-၆၂)ဖြင့် အနိုင်ရရှိသွားခဲ့သည်။

ဗိုလ်လုပွဲများအပြီးတွင် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်မှ ဒုတိယဥက္ကဌ ဦးမြင့်သိန်း၊ ဦးမောင်မောင်မြင့်နှင့် အမှုဆောင်များ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် နာယက ဦးကျော်စိန်၊ ရန်ကုန်တိုင်းဘတ်စကက်ဘောဆပ်ကော်မတီဥက္ကဌ ဦးချစ်ဦးလွင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များက အသက်(၁၉)နှစ်အောက် အမျိုးသမီးအသင်းဘတ်စကက်ဘောပြိုင်ပွဲတွင် ပထမ (မွန်) အသင်း၊ ဒုတိယ (AROS) အသင်း၊ တတိယ (မိုးကုတ်) အသင်းတို့အားလည်းကောင်း၊ အသက်(၁၉) နှစ်အောက် အမျိုးသားအသင်း ဘတ်စကက်ဘောပြိုင်ပွဲတွင် ပထမ (ကိုးကန့်လူငယ်)အသင်း၊ ဒုတိယ (မွန်)အသင်း၊ တတိယ (ကချင်)အသင်းတို့အားလည်းကောင်း၊ အလွတ်တန်းအမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲတွင် ပထမ (ကောင်းစုအောင်) အသင်း၊ ဒုတိယ (Westernpart) အသင်း၊ တတိယ(စစ်ကိုင်း)အသင်းတို့အားလည်းကောင်း၊ အလွတ်တန်းအမျိုးသား ဘတ်စကက်ဘောပြိုင်ပွဲတွင် ပထမ(Sprit Fire-B) အသင်း၊ ဒုတိယ (ကသာ)အသင်း၊ တတိယ (Bulldogs) အသင်းတို့အားလည်းကောင်း၊ အသက်(၁၉)နှစ်အောက် အမျိုးသမီးအကောင်းဆုံး အားကစားသမားဆုရ မွန်ပြည်နယ်အသင်းမှ ကျောနံပါ(၉) ပိုးအိထွေးနှင့် အသက်(၁၉)နှစ် အောက် အမျိုးသားအကောင်းဆုံး အားကစားသမားဆုရ ကိုးကန့်လူငယ်အသင်းမှ ကျောနံပါတ် (၁၂) ဝမ်ကွမ်းဖင်တို့ကလည်းကောင်း၊ အလွတ်တန်း အမျိုးသမီး အကောင်းဆုံးအားကစားသမားဆုရ (Westernpart) အသင်းမှ ကျောနံပါတ် (၁၆) အိအိထွန်းနှင့် အလွတ်တန်း အမျိုးသား အကောင်းဆုံး အားကစားသမားဆုရ  (Sprit Fire-B) အသင်းမှ ကျောနံပါတ်(၁၅) အာဖု တို့အားအသီးသီးဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး  ပြိုင်ပွဲတွင် ပထမရရှိကြသော အသက်(၁၉)နှစ်အောက် အမျိုးသမီး ပြိုင်ပွဲတွင် (မွန်)အသင်းနှင့် အသက်(၁၉)နှစ်အောက်အမျိုးသား ပြိုင်ပွဲတွင် (လားရှိုးကိုးကန့်လူငယ်) အသင်း၊ အလွတ်တန်း အမျိုးသမီးပြိုင်ပွဲတွင် (ကောင်းဆုအောင်) အသင်းနှင့် အလွတ်တန်းအမျိုးသားပြိုင်ပွဲတွင် (Sprit Fire-B)အသင်းတို့အား တံခွန်စိုက်ဆုဖလားများ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
 


back to top Eng