skip to content

နေပြည်တော်၊ မတ်လ(၂၂)ရက်။ 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂ဝ၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ် အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ယနေ့ နံနက်(၇:၀၀) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကြရာ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ရခိုင်ပြည်နယ်အသင်းအား (၂)ဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ ညနေ(၄)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၁)၌ မွန်ပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကြရာ မွန်ပြည်နယ်အသင်းမှ မကွေးတိုင်းဒေသကြီးအသင်းအား (၄)ဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌  တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကြရာ ဂိုးမရှိ သရေဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင် အနိုင်အရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

(၂၃.၃.၂ဝ၁၉)ရက်နေ့တွင် အုပ်စုပြိုင်ပွဲများအဖြစ် နံနက်(၇:၀၀)အချိန်တွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(၃)၌ ရှမ်းပြည်နယ်အသင်းနှင့် ကယားပြည်နယ်အသင်းတို့သည်လည်းကောင်း၊  ညနေ(၄)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၁)၌ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့သည်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ ရန်ကုန်တိုင်း ဒေသကြီးအသင်းနှင့် နေပြည်တော်အသင်းတို့သည်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကိုစိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်းသိရှိရပါသည်။


back to top Eng