skip to content

နေပြည်တော်၊ ဖေဖေါ်ဝါရီလ(၂၈)ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂ဝ၁၉ ခုနှစ်၊ (၆၄)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်(ဝန်ကြီးဌာနပေါင်းစုံ) ပြေးခုန်ပစ်ပြိုင်ပွဲ နောက်ဆုံးနေ့ပွဲစဉ်များကို ယနေ့ နံနက်(၈:ဝဝ) နာရီအချိန်မှစတင်ပြီး နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊   အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ အမျိုးသား လှံတန်ပစ်ပြိုင်ပွဲတွင် နန်းထက်မောင်(ပြည်ထဲရေး)မှ (၆၁.၉၆)မီတာဖြင့် ပထမ၊ ပြည့်ဖြိုးအောင် (ကျန်း/အား)မှ (၅၇.၁၉)မီတာဖြင့် ဒုတိယ၊ ခင်ရှင်းစမုံ (မြို့/စည်ပင်)မှ (၅၄.၄၄)မီတာဖြင့် တတိယကိုလည်းကောင်း၊ အမျိုးသမီး လှံတန်ပစ်ပြိုင်ပွဲတွင် အေးချမ်းဗိုလ်(ဆောက်လုပ်ရေး)မှ (၃၉.၂ဝ)မီတာဖြင့် ပထမ၊ ခင်နှင်းသန့်(စိုက်/မွေး/ဆည်)မှ (၃၆.၉၇)မီတာဖြင့် ဒုတိယ၊ မေသရဖီစိုး(ပို့/ဆက်)မှ (၃၅.၅၉)မီတာဖြင့် တတိယကိုလည်းကောင်း၊

ဆက်လက်ပြီး အမျိုးသမီး အလျားခုန်ပြိုင်ပွဲတွင် နန်းထက်ထက်လှိုင်(ပြည်ထဲရေး)မှ (၅.၁၆)မီတာဖြင့် ပထမ၊ ဖရန်စစ္စကာ (ကာကွယ်ရေး)မှ (၅.၁၄)မီတာဖြင့် ဒုတိယ၊ မြတ်ဉ္ဇာဝင်း (ပြည်ထဲရေး)မှ (၅.ဝဝ)မီတာဖြင့် တတိယကိုလည်းကောင်း၊

 

အမျိုးသမီး မီတာ(၄ဝဝ)တန်းကျော်ပြေးပြိုင်ပွဲတွင် အိသက်လွင် (ကာကွယ်ရေး)မှ (၁)မိနစ် (ဝ၆.၃၉)စက္ကန့်ဖြင့် ပထမ၊ နန်းပိုးဥ (ပြည်ထဲရေး)မှ (၁)မိနစ် (ဝ၇.၄၆)စက္ကန့်ဖြင့် ဒုတိယ၊ နန်းမြင့်အေး (ကာကွယ်ရေး)မှ (၁)မိနစ် (၁၁.ဝ၃)စက္ကန့်ဖြင့် တတိယကိုလည်းကောင်း၊ အမျိုးသား မီတာ(၄ဝဝ)တန်းကျော်ပြေးပြိုင်ပွဲတွင် ကျော်မျိုးမင်း (မြို့/စည်ပင်)မှ (၅၄.၇၉)စက္ကန့်ဖြင့် ပထမ၊ ပိုင်ကိုဝင်း(မြို့/စည်ပင်)မှ (၅၅.၈၂)စက္ကန့်ဖြင့် ဒုတိယ၊ အားဆန်ဖာ(စျေးများဌာန)မှ (၅၇.၃၉) စက္ကန့်ဖြင့် တတိယကိုလည်းကောင်း၊

အမျိုးသား မီတာ(၁၅ဝဝ)ပြိုင်ပွဲတွင် ဇာနည်ထွန်း(မြို့/စည်ပင်)မှ (၄)မိနစ် (ဝဝ.၅၅) စက္ကန့်ဖြင့် ပထမ၊ ဖြိုးကျော်ဇင်ဦး(မြို့/စည်ပင်)မှ (၄)မိနစ် (ဝ၆.၃၉)စက္ကန့်ဖြင့် ဒုတိယ၊ စိုးပိုင် (ကာကွယ်ရေး)မှ (၄)မိနစ် (၁၁.၅၄)စက္ကန့်ဖြင့် တတိယ ကိုလည်းကောင်း၊ အမျိုးသမီး မီတာ(၁၅ဝဝ) ပြိုင်ပွဲတွင် အေးအေးအောင်(ပြည်ထဲရေး)မှ (၄)မိနစ် (၄၂.၄၈)စက္ကန့်ဖြင့် ပထမ၊ အေးအေးသန်း (ပြည်ထဲရေး)မှ (၄)မိနစ် (၄၇.ဝဝ)စက္ကန့်ဖြင့် ဒုတိယ၊ နှင်းယုစိုး(ကာကွယ်ရေး)မှ (၄)မိနစ် (၅၂.ဝ၉) စက္ကန့်ဖြင့် တတိယကိုလည်းကောင်း၊

 

အမျိုးသား မီတာ(၁ဝဝ) ပြိုင်ပွဲတွင် ပထမ လွင်မိုး(ဆောက်လုပ်ရေး)မှ ပထမ၊ ကျော်စွာအောင် (ပြည်ထဲရေး)မှ ဒုတိယ၊ ကျော်ထက်အောင် (ကျန်း/အား)မှ တတိယကို လည်းကောင်း၊  အမျိုးသမီး မီတာ (၁ဝဝ)ပြိုင်ပွဲတွင် သိမ့်သိမ့်စံ (ကာကွယ်ရေး)မှ ပထမ၊ အိသက်လွင် (ကာကွယ်ရေး)မှ ဒုတိယ၊  ခင်မာနွယ်(ပြည်ထဲရေး)မှ တတိယကိုလည်းကောင်း၊

အမျိုးသား မီတာ(၄ဝဝ X  ၄) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမ (ပြည်ထဲရေးဝန်ကြီးဌာန အသင်း)၊ ဒုတိယ (ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအသင်း)၊ တတိယ (ကာကွယ်ရေး ဝန်ကြီးဌာနအသင်း)မှလည်းကောင်း၊ အမျိုးသမီး မီတာ(၄ဝဝ X  ၄) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမ (ကာကွယ်ရေးဝန်ကြီးဌာနအသင်း)၊ ဒုတိယ (ပြည်ထဲရေးဝန်ကြီးဌာနအသင်း)၊ တတိယ (ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်း) တို့မှလည်းကောင်းဆုများအသီးသီးရရှိခဲ့ပြီး အဆိုပါ ဆုများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ 

 

ဆက်လက်၍ အမျိုးသမီး မီတာ(၃ဝဝဝ)တားဆီးကျော်ပြေးပြိုင်ပွဲတွင် ခင်မာဆယ်(မြို့/ စည်ပင်)မှ ရရှိခဲ့သော ၂ဝ၁၂ ခုနှစ်၊ မြန်မာပြည်စံချိန် (၁ဝ)မိနစ် (၅၁.၇၆)စက္ကန့်နှင့် ၂ဝ၁၂ ခုနှစ်၊ ဝန်ကြီးဌာနစံချိန် (၁၁)မိနစ် (၂၈.၃၇)စက္ကန့်ဖြင့် စံချိန် များကိုကျော်လွန်ပြီး ယခုပြိုင်ပွဲတွင် အေးအေးမျိုး(ပြည်ထဲရေး)မှ (၁၁)မိနစ် (၁၇.၈၉)စက္ကန့်ဖြင့် စံချိန်သစ်ကိုလည်းကောင်း၊ အမျိုးသား ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲတွင် ၂ဝ၁၅ ခုနှစ်၊ မြန်မာပြည် စံချိန်၏(၅ဝ.၃၁)မီတာနှင့် ၂ဝ၁၇ ခုနှစ်၊ ဝန်ကြီးဌာနစံချိန်၏ (၅ဝ.ဝ၄)မီတာ  ရဲထက်အောင် (မြို့/စည်ပင်)ရရှိခဲ့သော စံချိန်များကိုကျော်လွန်ပြီး ယခုပြိုင်ပွဲတွင် ထပ်မံ၍ စံချိန် (၅၁.၄၄) မီတာဖြင့် စံချိန်သစ်ကိုလည်းကောင်း၊ စံချိန်သစ်တင်နိုင်ခဲ့ကြပြီး ထိုဆုများကို မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌများဖြစ်ကြသော ဦးကျော်ခင်နှင့် ဦးကျော်ကျော်ဦးတို့မှ ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြောင်းသိရှိရပါသည်။

 

ဆက်လက်၍ ရွှေတံဆိပ်(၆)ခု၊ ငွေတံဆိပ်(၁၃)ခု၊ ကြေးတံဆိပ်(၇)ခုဖြင့် အမျိုးသမီးတံခွန်စိုက် ဆုဖလားရရှိခဲ့သော ပြည်ထဲရေးဝန်ကြီးဌာနအသင်းအား မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဌ ဦးရှိန်ဝင်းမှလည်းကောင်း၊ ရွှေတံဆိပ်(၇)ခု၊ ငွေတံဆိပ်(၉)ခု၊ ကြေးတံဆိပ် (၆) ခုဖြင့် အမျိုးသားတံခွန်စိုက်ဆုဖလားရရှိခဲ့သော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှလည်းကောင်း၊ ရွှေတံဆိပ် (၁၃)ခု၊ ငွေတံဆိပ်(၁၆)ခု၊ ကြေးတံဆိပ်(၁ဝ)ခုဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသွားသော ပြည်ထဲရေးဝန်ကြီးဌာနအသင်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။


back to top Eng