skip to content

နေပြည်တော်၊ ဖေဖေါ်ဝါရီလ(၂၆)ရက်။ 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် ၂ဝ၁၉ ခုနှစ်၊ (၆၄)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်(ဝန်ကြီးဌာန ပေါင်းစုံ) ပြေးခုန်ပစ်ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များကို ယနေ့ နံနက်(၇:ဝဝ)နာရီမှ စတင်ပြီး ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ ဒုတိယဥက္ကဌ ဦးကျော်ခင်နှင့် တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးကြပါသည်။

ရှေးဦးစွာ အမျိုးသမီး ကီလိုမီတာ(၂ဝ)လမ်းလျှောက်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ သန်းသန်းစိုး (ကျန်း/အား)မှ (၁)နာရီ (၅၁)မိနစ် (၅၇)စက္ကန့်ဖြင့် ပထမ၊ ဇင်မေထက်(ပြည်ထဲရေး)မှ  (၁)နာရီ (၅၂)မိနစ် (၃၇)စက္ကန့်ဖြင့် ဒုတိယ၊ အိအိမွန်(ဆောက်လုပ်ရေး)မှ (၁)နာရီ (၅၅) မိနစ် (၅၄) စက္ကန့်ဖြင့် တတိယဆုကို လည်းကောင်း၊ အမျိုးသား ကီလိုမီတာ(၂ဝ)လမ်းလျှောက်ပြိုင်ပွဲတွင် ပြည့်ဖြိုးထွန်း (ကျန်း/အား)မှ (၁) နာရီ (၃၈) မိနစ် (၄၇)စက္ကန့်ဖြင့် ပထမ၊ မိုင်းညီညီမိုး(မြို့/စည်ပင်)မှ  (၁)နာရီ (၃၉) မိနစ် (၃၈.၉၆) စက္ကန့်ဖြင့် ဒုတိယ၊ ဝေယံစိုး(ကာကွယ်ရေး)မှ (၂)နာရီ (ဝ၁) မိနစ် (၁၇)စက္ကန့်ဖြင့် တတိယဆုကို လည်းကောင်း၊အမျိုးသမီး သံလုံးပစ်ပြိုင်ပွဲတွင် ဂျေမီလီအေး(ဆောက်လုပ်ရေး)မှ (၁ဝ.၈ဝ)မီတာဖြင့် ပထမ၊ ခင်နှင်းသန့် (စိုက်/မွေး/ဆည်)မှ (၁ဝ.၅၂)မီတာဖြင့် ဒုတိယ၊ အေးချမ်းဗိုလ်(ဆောက်လုပ်ရေး)မှ (၁ဝ.၃၂) မီတာဖြင့် တတိယကိုလည်းကောင်း၊ အမျိုးသား သံလုံးပစ်ပြိုင်ပွဲတွင် လန်ဒန်မွှေး(ကျန်း/အား)မှ (၁၂.၂၂) မီတာဖြင့် ပထမ၊ မျိုးဇင်ဦး(ကာကွယ်ရေး) မှ (၁၂.၁၅) မီတာဖြင့် ဒုတိယ၊ ထက်နေလင်း (မြို့/စည်ပင်) မှ (၁၂.ဝ၅) မီတာဖြင့် တတိယ ကိုလည်းကောင်း၊အမျိုးသမီး သုံးဆင့်ခုန်ပြိုင်ပွဲတွင် နှင်းထက်ထက်လှိုင်(ပြည်ထဲရေး)မှ (၁ဝ.၈ဝ)မီတာဖြင့် ပထမ၊ မြတ်သဉ္ဇာဝင်း (ပြည်ထဲရေး)မှ (၁ဝ.၇၃)မီတာဖြင့် ဒုတိယ၊ ဖရန်စစ္စကာ(ကာကွယ်ရေး)မှ (၁ဝ.၆ဝ)မီတာဖြင့် တတိယကိုလည်းကောင်း၊    အမျိုးသား တန်းမြင့်ခုန်ပြိုင်ပွဲတွင် ထက်အောင် (ပြည်ထဲရေး)မှ (၁.၉၄)မီတာဖြင့် ပထမ၊ ရာဇာဖြိုး(မြို့/စည်ပင်)မှ (၁.၉၁)မီတာ ဖြင့် ဒုတိယ၊ လွင်သူမင်းခန့်(တနင်္သာရီ-တံခွန်စိုက်)မှ (၁.၈၈)မီတာ ဖြင့် တတိယကိုလည်းကောင်း၊ အမျိုးသမီး မီတာ (၁ဝဝ x ၄) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ  (၅ဝ.၁၉)စက္ကန့်ဖြင့် ပထမ၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ (၅ဝ.၇၂)စက္ကန့်ဖြင့် ဒုတိယ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းမှ (၅၃.၅၄)စက္ကန့်ဖြင့် တတိယကိုလည်းကောင်း၊ အမျိုးသား (၁ဝဝ x ၄) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ (၄၃.၂၁)စက္ကန့်ဖြင့် ပထမ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ (၄၃.၇၅)စက္ကန့်ဖြင့် ဒုတိယ၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ (၄၄.၂ဝ)စက္ကန့်ဖြင့် တတိယကိုလည်းကောင်း၊အမျိုးသမီး မီတာ(၃ဝဝဝ)တားဆီးကျော်ပြေးပြိုင်ပွဲတွင် အေးအေးမျိုး(ပြည်ထဲရေး)မှ(၁၁) မိနစ် (၁၇.၈၈၆) စက္ကန့်ဖြင့် ပထမ၊ မြင့်မြင့်အေး (ကာကွယ်ရေး)မှ (၁၁)မိနစ် (၅၇.ဝ၃၅)စက္ကန့်ဖြင့် ဒုတိယ၊ မိုးမိုးလှိုင် (ပြည်ထဲရေး) မှ (၁၂)မိနစ် (၅၉.၇၄ဝ)စက္ကန့်ဖြင့် တတိယကိုလည်းကောင်း၊ အမျိုးသား မီတာ(၃ဝဝဝ) တားဆီးကျော်ပြေး ပြိုင်ပွဲတွင် ရှိုင်းအောင် (ကျန်း/အား) မှ (၉) မိနစ် (၄၉.၇၄)စက္ကန့်ဖြင့် ပထမ၊ ဆန်းနိုင် (မြို့/စည်ပင်) မှ (၁ဝ)မိနစ် (ဝ၂.၉၇)စက္ကန့်ဖြင့် ဒုတိယ၊ စောပြည့်စုံနေ (ပြည်ထဲရေး) မှ (၁ဝ)မိနစ် (ဝ၇.၂၉)စက္ကန့်ဖြင့် တတိယကိုလည်းကောင်း အသီးသီးဆွတ်ခူးရရှိသွားပါသည်။

အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ နည်းပြအုပ်ချုပ်သူများမှ ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဆုများကိုအသီးသီး ချီးမြှင့်ခဲ့ကြပါသည်။

အဆိုပါ ၂ဝ၁၉ ခုနှစ်၊ (၆၄)ကြိမ်မြောက် အမျိုးသား တံခွန်စိုက် (ဝန်ကြီးဌာနပေါင်းစုံ) ပြေးခုန်ပစ်ပြိုင်ပွဲကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအပါအဝင် ဝန်ကြီးဌာန(၈)ခုနှင့် အားကစားသမား စုစုပေါင်း (၂၁၄)ဦးတို့သည် ဖေဖေါ်ဝါရီလ (၂၅)ရက်နေ့မှ (၂၈)ရက်နေ့အထိ ပြိုင်ပွဲ အမျိုးအစား (၄၄)မျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် နံနက်(၇:ဝဝ)နာရီမှ စတင်၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 


back to top Eng