Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂၀၁၇ခုနှစ်၊ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ရေး နည်းပြနှင့်ဒိုင်(မွမ်းမံ)သင်တန်း ဖွင့်ပွဲကျင်းပ
ရန်ကုန်၊ အောက်တိုဘာလ(၁)ရက်။
နိုင်ငံတော်ရဲ့ဦးတည်ချက် တစ်ရပ်ဖြစ်တဲ့ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြှင့်မားရေးဆိုတဲ့ အမျိုးသားရေးဦးတည်ချက် ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ ပြည်သူတစ်ရပ်လုံး၊ အားကစားကို စိတ်ပါ၀င်စား စွာ ပါ၀င်ဆောင်ရွက်နိုင်ရန်နှင့် ကျေးလက်ဒေသတွေနဲ့ မြို့ပြတိုင်းမှာ ပြည်သူလူထုအများစု ပါ၀င် ဆောင်ရွက်နိုင်တဲ့ အားကစားကဏ္ဍတွေကို မြှင့်တင်နိုင်ရန်အတွက် ရည်ရွယ်၍ ကျန်းမာရေး နှင့်အားကစား၀န်ကြီးဌာန ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် မှကြီးမှူး ကျင်းပသည့် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ရေးနည်းပြနှင့်ဒိုင်(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက်(၉)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံကွင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ရုံးဟောင်း သင်တန်းခန်းမ၌ကျင်းပရာ အားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း၀န်ဦးကျော်ဦးနှင့် အားကစား နှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်ခင်လေးနှင့် အမှုဆောင်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းနည်းပြနှင့်သင်တန်းသူ များတက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တက်ရောက်လာသော သင်တန်းသူများ က အဖွဲ့လိုက်ဂါရ၀ပြုမိတ်ဆက်ပေးခဲ့ကြပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် ကအဖွင့်အမှာစကားပြောကြားရာတွင် အားကစားသည် ပညာရည် ပြည့်၀ပြီး စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်တဲ့ နိုင်ငံသူ၊နိုင်ငံသားများ မွေးထုတ်နိုင်ရန် အတွက် ပင်မပေါင်းကူးတံတားဖြစ်ပါသည်။ဒါ့ကြောင့် ကျန်းမာကြံ့ခိုင်တဲ့မြန်မာ့လူဘောင်ကို တည်ဆောက်တဲ့နေရာမှာ ကျန်းမာသန်စွမ်းတဲ့ နိုင်ငံသူ၊နိုင်ငံသားတွေအများကြီးလိုအပ်ပါတယ်။ လူငယ်၊လူရွယ်များအားလုံး လမ်းကြောင်းလွဲမသွားစေဘို့အတွက် ဆောင်ရွက်ရာမှာလည်း အားကစားရဲ့အခန်းကဏ္ဍဖြင့်ထိန်းကြောင်း တည့်မတ်ပေးရန်လိုအပ်ပါတယ်။ စိတ်ရောက်ကိုယ်ပါ ကျန်းမာကြံ့ခိုင်တဲ့ လူငယ်/လူရွယ်များနှင့် ပြည်သူများပါ၀င်လှုပ်ရှားတဲ့ လူထုအားကစား (
MassSports)
ကိုအရှိန်အဟုန်ပြင်းစွာဆောင်ရွက်နိုင်မှသာ ယှဉ်ပြိုင်အားကစား
(Excellent Sports)
သို့အောင်မြင့်စွာကူးပြောင်းနိုင်မှာဖြစ်ပါကြောင်း။
နည်းပြများအနေဖြင့် သင်တန်းမှ ပို့ချလိုက်သည့် ဘာသာရပ်များကို အချိန်တိုတိုနှင့် သိရှိနားလည်အသုံးချနိုင်ပြီး အခြေခံနှင့်အဆင့်မြင့်နည်းစနစ်များကို မှန်ကန်စွာတစ်ပုံစံတည်း သင်ကြားပို့ချသွားနိုင်သဖြင့် အရည်အချင်းပြည့်၀တဲ့ အေရိုးဗစ်နည်းပြများကို စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးတို့အတွက် ဖြစ်ပါကြောင်း၊ ထို့နည်းတူစွာ နှစ်စဉ်ကျင်းပသည့် တိုင်းဒေသကြီး နှင့်ပြည်နယ် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း ပြိုင်ပွဲနှင့် အခြားပြိုင်ပွဲများကျင်းပရာတွင် ပြိုင်ပွဲ တာ၀န်ကျ ဒိုင်လူကြီးများအနေဖြင့် နည်းစနစ်များကို တိကျစွာသိပြီး မှန်မှန်ကန်ကန်သုံးသပ် ဆုံးဖြတ်နိုင်တတ်တဲ့ သမာသမတ်ကျသော ဒိုင်လူကြီးများ ပေါ်ထွက်လာရေးတို့အတွက် ရည်ရွယ် တာဖြစ်ပါကြောင်း ၊ ယခုတက်ရောက်လာကြတဲ့ သင်တန်းသူနည်းပြများအနေနဲ့ နိုင်ငံတော်ရဲ့ အားကစားအဆင့်အတန်း တိုးတက်မြင့်မာရေးကို အထောက်အကူပြုတဲ့ အားကစားအားလုံး ရဲ့ အခြေခံအားကစားဖြစ်တဲ့ အေရိုးဗစ်အားကစားနည်းကို ပိုမိုတိုးတက်ပျံ့ပွားလာအောင် မိမိတို့ရဲ့ ဒေသများမှာ လူထုလှုပ်ရှားမှု
(
MassSports)
ကို ကျယ်ကျယ်ပြန့်ပြန့်လှုပ်ရှားနိုင်ရေးအတွက် စွမ်းစွမ်း တမံဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းမှာကြားခဲ့ပြီးနောက် အခမ်းအနား အပြီးတွင် သင်တန်းသူများနှင့် အတူအမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ခဲ့ကြသည်။
ယင်းသင်တန်းကို အောက်တိုဘာ(၁)ရက်နေ့မှ (၅)ရက်နေ့အထိ ဖွင့်လှစ်သွားမှာ ဖြစ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်မှ သင်တန်းသူဦးရေ(၃၈)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
8 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display