skip to content

ရန်ကုန်၊ မတ်လ( ၃၁ )ရက်။ 

                ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ၏လမ်းညွှန်မှုဖြင့်အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ဖွင့်လှစ်သည့်၂၀၁၈ခုနှစ်၊ နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က ရန်ကုန်မြို့ တာမွေ မြို့နယ် ၊  အားကစားနှင့်ကာယပညာသိပ္ပံ ကျိုက္ကဆံကွင်း ရှိ ပြေးခုန်ပစ်အားကစားကွင်း၌ ကျင်းပ ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေး၀န်ကြီး ဦးနိုင်ငံလင်း ၊ တာမွေမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်၊ ဒေါပုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်း၀န် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊  အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့် အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းသား/ သင်တန်းသူများတက်ရောက်ကြသည်။

          ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေး၀န်ကြီး ဦးနိုင်ငံလင်း မှ သင်တန်း ဆင်းအမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေး၀န်ကြီး ဦးနိုင်ငံလင်း ၊တာမွေမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းမြင့်၊ ဒေါပုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်၊ ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်း၀န် ဦးကျော်ဦးတို့က သင်တန်းသား/သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များကိုအသီးသီးပေးအပ်ချီးမြှင့်၍ လည်းကောင်း၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်  က အလှူရှင်များမှ လှူဒါန်းငွေများကို လက်ခံ၍  ဂုဏ်ပြုမှတ်တမ်းလွှာများအား ပြန်လည်ပေးအပ်ခဲ့သည်။

          ဆက်လက်၍ ကရာတေးဒို၊ တိုက်ကွမ်ဒို၊ ဘောလုံး၊ ဂျူဒိုနှင့်ကျွမ်းဘားအားကစား နည်းအလိုက် သင်တန်းသား/သင်တန်းသူများက သရုပ်ပြသပြီး သင်တန်းသား/သင်တန်းသူ များနှင့်အတူ ဧည့်ပရိသတ်များတို့က စုပေါင်းကိုယ်လက်လှုပ်ရှား (Zumba) အကဖြင့်ပါ၀င် ဆင်နွဲခဲ့ကြသည်။

          အဆိုပါသင်တန်းတွင် သင်တန်းသား(၆၆၇)ဦး၊ သင်တန်းသူ(၄၆၅)ဦး၊ စုစုပေါင်း (၁၁၃၂)ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိခဲ့သည်။


back to top Eng