skip to content
 
နေပြည်တော်၊ ဒီဇင်ဘာ (၂၉)ရက်။
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝူရှူးပြိုင်ပွဲကို ယနေ့နံနက်(၉:၀၀)နာရီအချိန်တွင် နေပြည်တော်ဝူရှူးလေ့ကျင့်ရေးရုံ၊ လယ်ဝေး၌ကျင်းပပြုလုပ်ရာ အမျိုးသား၊ အမျိုးသမီးထောက်လုပြိုင်ပွဲများကိုယှဉ်ပြိုင်ရာတွင် အမျိုးသား(ကျန့်စု)ပြိုင်ပွဲတွင် သူရကိုကို(မန္တလေး)မှ ပထမ၊ အောင်ဟိန်းထက်(ဧရာ၀တီ)မှ ဒုတိယ၊ စောထွန်းနိုင်(ကချင်)မှ တတိယကိုလည်းကောင်း၊ အမျိုးသမီး(ကျန့်စု)ပြိုင်ပွဲတွင် မေသီရိပြည့်စုံ(ရန်ကုန်)မှ ပထမ၊ သုပန်ထွာ(ကချင်)မှ ဒုတိယ၊ ဖူးပြည့်စံ (မန္တလေး)မှ တတိယကိုလည်းကောင်း၊ အမျိုးသား(သောင်းစု)ပြိုင်ပွဲတွင် ကောင်းခန့်သူ(ရန်ကုန်)မှ ပထမ၊ စိုင်းကိုဦး(ပဲခူး)မှ ဒုတိယ၊ ကောင်းမြတ်သူ(မန္တလေး)မှ တတိယကိုလည်းကောင်း၊ အမျိုးသမီး(သောင်းစု)ပြိုင်ပွဲတွင် နော်ဖော၀ါးရှီ(ဧရာ၀တီ)မှ ပထမ၊ စန်းသော်တာ၀င်း(စစ်ကိုင်း)မှ ဒုတိယ၊ ၀င်းနန္ဒာ(ကချင်)မှ  တတိယကိုလည်းကောင်း၊ အမျိုးသား(နန်းသောင်း)ပြိုင်ပွဲတွင် နိုင်ဝီဇာ(ကချင်)မှ ပထမ၊ ကျော်ဇင်၀င်း(ရန်ကုန်)မှ ဒုတိယ၊ ထက်စိုးနိုင်(ရှမ်း)မှ တတိယကိုလည်းကောင်း၊ အမျိုးသမီး(နန်းသောင်း)ပြိုင်ပွဲတွင် ဆောင်းနှင်းဖြူ (မန္တလေး)မှ ပထမ၊ မိုးဇံဇံ(ရန်ကုန်)မှ ဒုတိယ၊ နှင်းစုလွင်(မန္တလေး)မှ တတိယကိုလည်းကောင်း၊ အမျိုးသား (ထိုက်ကျိကျန့်)ပြိုင်ပွဲတွင် စွမ်းရည်ထက်နိုင်(ရန်ကုန်)မှ ပထမ၊ မင်းသုတ(မန္တလေး)မှ ဒုတိယ၊ ထက်ဝေယံပိုင်(ရခိုင်)မှ တတိယကိုလည်းကောင်း၊ အမျိုးသမီး (ထိုက်ကျိကျန့်)ပြိုင်ပွဲတွင် ၀င့်၀င့်ထွန်း(ဧရာ၀တီ)မှ ပထမ၊ နန်းစုရွှေရည်ထက်(မန္တလေး)မှ ဒုတိယ၊ စိုးနှင်းထက်(ပဲခူး)မှ တတိယကိုလည်းကောင်း အသီးသီးရရှိခဲ့ပါသည်။ ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားပြုလုပ်ရာ ဆုရရှိကြသူများအား တာ၀န်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
 
 
 
 
(၃၀.၁၂.၂၀၁၈)ရက်နေ့တွင် အမျိုးသား/အမျိုးသမီး(ကွန့်စု)ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး (နန်းကွန့်)ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး(ချန့်စု)ပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင် ကစားမည်ဖြစ်ပြီး ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် အားကစားကိုစိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
 

back to top Eng