Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂၀၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝူရှူးပြိုင်ပွဲ ရန်ကုန်တိုင်းဒေသကြီးအသင်း စုပေါင်းတံခွန်စိုက်ဒိုင်းဆုရရှိ
နေပြည်တော်၊ ဒီဇင်ဘာ (၃၀)ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝူရှူးပြိုင်ပွဲကို ယနေ့နံနက် (၉:၀၀) နာရီအချိန်တွင် နေပြည်တော်ဝူရှူးလေ့ကျင့်ရေးရုံ၊ လယ်ဝေး၌ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း၀န် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှတာ၀န်ရှိသူများ၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်မှတာ၀န်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြပါသည်။
ဆက်လက်၍ အမျိုးသားထောက်လုပြိုင်ပွဲများကိုယှဉ်ပြိုင်ရာ အမျိုးသား(ကွန့်စု)ပြိုင်ပွဲတွင် စိုင်းကိုဦး(ပဲခူး)မှ ပထမ၊ ကောင်းခန့်သူ(ရန်ကုန်)မှ ဒုတိယ၊ မင်းကျော်ဗလ(ရခိုင်)မှ တတိယကို လည်းကောင်း၊ အမျိုးသမီး (ကွန့်စု)ပြိုင်ပွဲတွင် နော်ဖော၀ါးရှီ(ဧရာ၀တီ)မှ ပထမ၊ စန်းသော်တာ၀င်း (စစ်ကိုင်း)မှ ဒုတိယ၊ ဟန်စုနွေ (ရှမ်း)မှ တတိယကိုလည်းကောင်း၊ အမျိုးသား(နန်းကွန့်)ပြိုင်ပွဲတွင် ကျော်ဇင်၀င်း(ရန်ကုန်)မှ ပထမ၊ ကျော်စိုးဟန်(ကယား)မှ ဒုတိယ၊ နိုင်ဝီဇာ(ကချင်)မှ တတိယကိုလည်းကောင်း၊ အမျိုးသမီး(နန်းကွန့်)ပြိုင်ပွဲတွင် ဆောင်းနှင်းဖြူ(မန္တလေး)မှ ပထမ၊ ဇာခြည်မိုး(ပဲခူး)မှ ဒုတိယ၊ နှင်းစုလွင်(မန္တလေး)မှ တတိယကိုလည်းကောင်းရရှိခဲ့ပြီး ဆန်းဆိုပြိုင်ပွဲကို ယှဉ်ပြိုင်ကြရာ အမျိုးသမီး(၄၅)ကီလိုတန်းပြိုင်ပွဲတွင် ခင်မိုးအေး(တနင်္သာရီ)မှ ပထမ၊ ဟုန်းခေးလီ(ချင်း)မှ ဒုတိယ၊ သိင်္ဂီမိုး(ပဲခူး)နှင့် ဖြူဖြူလင်း(ရန်ကုန်)တို့မှ ပူးတွဲတတိယကိုလည်းကောင်း၊ အမျိုးသမီး(၄၈)ကီလိုတန်းပြိုင်ပွဲတွင် ချယ်ရီသန့်(ပဲခူး)မှ ပထမ၊ ယုယုခိုင်(မန္တလေး)မှ ဒုတိယ၊ တင်ဇာအောင်(ရန်ကုန်)နှင့် ထမ်းလေး(ချင်း)တို့မှ ပူးတွဲတတိယကိုလည်းကောင်း၊ အမျိုးသမီး(၅၂)ကီလိုတန်းပြိုင်ပွဲတွင် နှင်းသက်ဝေ(ရန်ကုန်)မှ ပထမ၊ ဆောင်းနှင်းထက်(စစ်ကိုင်း)မှ ဒုတိယ၊ ပြည့်းဖြိုးဝေ(တနင်္သာရီ)နှင့် ငြိမ်းအိမ်ပြည့်(မန္တလေး)တို့မှ ပူးတွဲတတိယကိုလည်းကောင်း၊ အမျိုးသမီး(၆၀)ကီလိုတန်းပြိုင်ပွဲတွင် သက်စုထွေး(စစ်ကိုင်း)မှ ပထမ၊ ထက်ထက်၀င်း(တနင်္သာရီ)မှ ဒုတိယ၊ ပပ၀င်း(မန္တလေး)မှ တတိယကိုလည်းကောင်း၊ အမျိုးသား(၄၈) ကီလိုတန်းပြိုင်ပွဲတွင် နိုင်ယောဟန်(ချင်း)မှ ပထမ၊ ချစ်မင်းသူ(တနင်္သာရီ)မှ ဒုတိယ၊ အောင်ပြည့်စုံ(နေပြည်တော်)နှင့် ဇော်ထိုက်(ဧရာ၀တီ)တို့မှ ပူးတွဲတတိယကိုလည်းကောင်း၊ အမျိုးသား(၅၂)ကီလိုတန်းပြိုင်ပွဲတွင် အောင်မျိုးထွန်း(ရန်ကုန်)မှ ပထမ၊ စော၀ဏ္ဏထွန်း(မွန်)မှ ဒုတိယ၊ ဖြိုးဇင်ကို(ကချင်)နှင့် ဇာနည်အောင်(ရခိုင်)တို့မှ ပူးတွဲတတိယကိုလည်းကောင်း၊ အမျိုးသား(၅၆)ကီလိုတန်းပြိုင်ပွဲတွင် ကျော်သက်(ဧရာ၀တီ)မှ ပထမ၊ ဉာဏ်လင်းဦး(ရခိုင်)မှ ဒုတိယ၊ ရန်နိုင်စိုး(မွန်)နှင့် ၀င်းလင်းထိန် (တနင်္သာရီ)တို့မှ ပူးတွဲတတိယကိုလည်းကောင်း၊ အမျိုးသား(၇၅) ကီလိုတန်းပြိုင်ပွဲတွင် ကျော်ခိုင်ထွန်း(မွန်)မှ ပထမ၊ ကောင်းခန့်ဇင်(ရန်ကုန်)မှ ဒုတိယ၊ ရဲမောင်မောင် (မန္တလေး)မှ တတိယကိုလည်းကောင်း၊ အမျိုးသား
ထောက်လု(ချန့်စု)ပြိုင်ပွဲတွင် သူရကိုကို (မန္တလေး)မှ ပထမ၊ စိုးမြတ်မင်း(ဧရာ၀တီ)မှ ဒုတိယ၊ စောထွန်းနိုင်(ကချင်) မှ တတိယ၊ အမျိုးသမီး ထောက်လု(ချန့်စု) ပြိုင်ပွဲတွင် မေသီရိပြည့်စုံ(ရန်ကုန်)မှ ပထမ၊ သဇင်ဦး(ရှမ်း)မှ ဒုတိယ၊ သုပန်ထွာ(ကချင်)မှ တတိယကိုလည်းကောင်း၊ ဆန်းဆို အမျိုးသမီး(၅၆)ကီလိုတန်းပြိုင်ပွဲတွင် နိုင်းအိအောင်(ချင်း)မှ ပထမ၊ နီလာထွန်း(ပဲခူး)မှ ဒုတိယ၊ ခိုင်ခိုင်မော်(တနင်္သာရီ)နှင့် ခင်နှင်းပွင့်(မန္တလေး)တို့မှ ပူးတွဲ တတိယ၊ ဆန်းဆို အမျိုးသား(၆၀)ကီလိုတန်းပြိုင်ပွဲတွင် ချစ်ဝေဖြိုး(ဧရာ၀တီ)မှ ပထမ၊ သိန်းထွန်း(ရခိုင်)မှ ဒုတိယ၊ ဇွဲရဲအောင်(ရန်ကုန်)နှင့် ကျော်ကိုကိုလတ်(နေပြည်တော်)တို့မှ ပူးတွဲတတိယ ကိုလည်းကောင်း၊ အမျိုးသား(၆၅)ကီလိုတန်းပြိုင်ပွဲတွင် ထန်းခေါဝေ(ချင်း)မှ ပထမ၊ မင်းသွင်ထူး(ဧရာ၀တီ)မှ ဒုတိယ၊ ထန်မင်းလယ်(ရခိုင်)နှင့် ဇွဲရဲအောင်(ရန်ကုန်)တို့မှ ပူးတွဲတတိယ၊ အမျိုးသား(၇၀)ကီလိုတန်းတွင် နေလင်းထက်(ရန်ကုန်)မှ ပထမ၊ ဘွယ်မင်းဟာ(ချင်း)မှ ဒုတိယ၊ သက်ဦးဇော်(ရခိုင်)နှင့် မျိုးဇေယျာလွင်(မွန်)တို့မှ ပူးတွဲတတိယကိုလည်းကောင်း အသီးသီးရရှိခဲ့ကြပြီး အဆိုပါဆုများကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးများနှင့် တာ၀န်ရှိသူများမှ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ထောက်လုအကောင်းဆုံးအမျိုးသားဆုရရှိခဲ့သော သူရကိုကို(မန္တလေး)နှင့်ထောက်လု အကောင်းဆုံး အမျိုးသမီးဆုရရှိခဲ့သော ဆောင်းနှင်းဖြူ(မန္တလေး)၊ ဆန်းဆို အကောင်းဆုံး အမျိုးသားဆုရရှိခဲ့သော ချစ်ဝေဖြိုး(ဧရာ၀တီ)နှင့် ဆန်းဆိုအကောင်းဆုံး အမျိုးသမီးဆုရရှိခဲ့သော နိုင်းအိအောင်(ချင်း)တို့အား ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်း၀န် ဦးကျော်ဦးမှလည်းကောင်း၊ ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၄)ခု၊ ကြေးတံဆိပ်(၈)ခုဖြင့် အမျိုးသားထောက်လုတံခွန်စိုက်ဒိုင်းရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၃)ခု၊ ကြေးတံဆိပ်(၃)ခုဖြင့် အမျိုးသမီးထောက်လုတံခွန်စိုက်ဒိုင်းရရှိသွားသော မန္တလေးတိုင်း ဒေသကြီးအသင်း၊ ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၁)ခုဖြင့် အမျိုးသားဆန်းဆို ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ် (၁)ခု၊ ကြေးတံဆိပ်(၂)ခုဖြင့် အမျိုးသမီး ဆန်းဆိုပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းရရှိသွားသော တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် ရွှေတံဆိပ်(၁၀)ခု၊ ငွေတံဆိပ်(၆)ခု၊ ကြေးတံဆိပ်(၃)ခုဖြင့် စုပေါင်းတံခွန်စိုက်ဒိုင်းဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းတို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်မှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
10 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display