skip to content

ကယားပြည်နယ် ၊ လွိုင်ကော်မြို့ ဖေဖော်ဝါရီလ(၁၉) ရက် ။

ကျန်းမာရေနှင့်အားကစားဝန်းကြီးဌာန ၊ ဒုတိယဝန်ကြီး၏လမ်းညွှန်ချက်အရ ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်ရန်နှင့်ကင်ဆာရောဂါ လျော့ကျစေရန်အတွက် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ကင်ဆာရောဂါနေ့အခမ်းအနားကို ယနေ့နံနက် (၇:၃၀)နာရီအချိန် ပြည်နယ်အားကစားရုံသစ်(ဒေါဥခူ)တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားကို ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမႉး ဦးမိုးကျော်လွင် ၊ ဒုတိယညွှန်ကြားရေးမႉး ဦးကိုကို၊ လက်ထောက်ညွှန်ကြားရေးမႉး ဒေါ်နော်မေရီမိုးနှင့် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမႉး ဦးယောဟန် ၊ ပြည်နယ်/ခရိုင် ဝန်ထမ်းများ ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘပြည်သူများ စုစုပေါင်း အင်အား(၂၀၈)ဦး ပါဝင်လှုပ်ရှားခဲ့ပါသည်။

ထို့နောက် ၫှှန်ကြားရေးမႉးမှ ကင်ဆာရောဂါအကြောင်းတစ်စေ့တစ်စောင်းနှင့် အားကစားလှုပ်ရှားခြင်းဖြင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး ဇွန်ဘာလေ့ကျင့်ခန်းများကို တစ်ပျော်တစ်ပါး ပါဝင်ဆင်နွဲ့ခဲ့ပါသည်။


back to top Eng