skip to content
 
ရန်ကုန်၊ သြဂုတ်လ(၆)ရက်။
 
တက္ကသိုလ်ဂျူဒိုဆပ်ကော်မတီမှကြီးမှူး၍ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်၏ပံ့ပိုးကူညီမှုဖြင့် ၂၀၁၉ခုနှစ်၊ တက္ကသိုလ်နှင့်ကောလိပ်ပေါင်းစုံဂျူဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲများကို ယနေ့နေ့လယ်(၁၂)နာရီက ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်၀င်း၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
 
ဗိုလ်လုပြိုင်ပွဲ၌ (-၅၂)ကီလိုတန်း အမျိုးသမီးပြိုင်ပွဲ၊ (-၆၆)ကီလိုတန်းအမျိုးသားပြိုင်ပွဲနှင့်(-၇၃)ကီလိုတန်းအမျိုးသားပြိုင်ပွဲများကျင်းပပြုလုပ်ခဲ့ပြီး၊ ဆုပေးပွဲများကိုဆက်လက်ကျင်းပရာ အမျိုးသား(အလွတ်တန်း -၆၆ ၊ -၇၃ ၊ -၄၅ ၊ -၅၀ ၊ -၅၅ ၊ -၆၀)ကီလိုတန်းပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆု၊ ပူးတွဲတတိယဆုရရှိသူများအား တက္ကသိုလ်များဂျူဒိုဆပ်ကော်မတီဥက္ကဋ္ဌ ကောင်းဇံရဲ၊ ဆပ်ကော်မတီအမှုဆောင်များ၊ တက္ကသိုလ်များ ဂျူဒိုဆပ်ကော်မတီအထွေထွေအတွင်းရေးမှူး မ၀တ်ရီချမ်းမြေ့တို့မှလည်းကောင်း၊ အမျိုးသမီး(အလွတ်တန်း -၄၀၊ -၄၅ ၊ -၄၈ ၊ -၅၂ ၊ -၅၇ ၊ -၆၃)နှင့် ကီလိုတန်းပြိုင်ပွဲများ၌ ပထမဆု၊ ဒုတိယဆု၊ ပူးတွဲတတိယဆုရရှိသူများအား မြန်မာနိုင်ငံဂျူဒို အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဦးခိုင်၊ ဒုတိယဥက္ကဋ္ဌများနှင့် အမှုဆောင်များ၊ ဒိုင်လူကြီးများနှင့် နည်းပြဆရာများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့သည်။
 
 
ဆက်လက်ပြီး ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးဆုများကိုချီးမြှင့်ရာ (ခ)အဆင့်တွင် အမျိုးသားအကောင်းဆုံးအားကစားသမားဆုရ (ဘားအံတက္ကသိုလ်)မှ စောကျော်၀င်းရှိန် ၊ အမျိုးသမီးအကောင်းဆုံးအားကစားသမား ဆုရ (မော်လမြိုင်တက္ကသိုလ်)မှ သီသီအောင်၊ (က)အဆင့်တွင် အမျိုးသားအကောင်းဆုံးအားကစားသမားဆုရ (ရန်ကုန်တက္ကသိုလ်)မှ သက်ပိုင်နှင့်  အမျိုးသမီး အကောင်းဆုံးအားကစားသမားဆုရ (ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်)မှ ဆွေဆွေသက် တို့က ရရှိသွားကြပြီး အဆိုပါဆုများကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်ကြည်တို့မှ ဆုများချီးမြှင့်ပေးသည်။
 
ဆက်လက်ပြီး ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ်(၂)၊ ကြေးတံဆိပ်(၂)ခုဖြင့် ရန်ကုန်တက္ကသိုလ်ဂျူဒိုအသင်းမှ (တတိယ)၊ ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၉)ခု၊ ကြေးတံဆိပ်(၁၅)ခုဖြင့် ဒဂုံအရှေ့ပိုင်းတက္ကသိုလ်အသင်းက( ဒုတိယ)နှင့် ရွှေတံဆိပ်(၆)ခု၊ ငွေတံဆိပ်(၃)ခုနှင့် ကြေးတံဆိပ်(၈)ခုဖြင့် ဘားအံတက္ကသိုလ်အသင်းက (ပထမ)ဆုဖလားရရှိသွားကြပြီး အဆိုပါဆုများကို အားကစားနှင့်ကာယပညာဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှဆုများချီးမြှင့်ပေး၍လည်းကောင်း၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းမှ အမျိုးသား/အမျိုးသမီး (က)အဆင့်နှင့် ( ခ)အဆင့်ပြိုင်ပွဲ နှစ်ရပ်ပေါင်း တံခွန်စိုက်ဒိုင်းဆုရရှိသွားသည့် ဘားအံတက္ကသိုလ်ဂျူဒိုအသင်းအား တံခွန်စိုက်ဒိုင်းဆု ကြီးကိုချီးမြှင့်ပေးခဲ့ကြောင်းသတင်းရရှိသည်။
 

back to top Eng