skip to content

နေပြည်တော်၊အောက်တိုဘာ (၂၄)ရက်။      

၂၀၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလှေလှော်ပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီအချိန်တွင် နေပြည်တော်၊ ငလိုက်ဆည်တွင် ကျင်းပပြုလုပ်ရာ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ်  ရိုးရာလှေအမျိုးသား (၇)တက်မီတာ(၅၀၀) ပြိုင်ပွဲ၊ ရိုးရာလှေ အမျိုးသမီး (၇)တက်မီတာ(၅၀၀) ပြိုင်ပွဲ၊ ရိုးရာလှေအမျိုးသား (၁၀)တက်မီတာ(၅၀၀) ပြိုင်ပွဲ၊ ရိုးရာလှေ အမျိုးသမီး (၁၀)တက်မီတာ(၅၀၀) ပြိုင်ပွဲ၊ ရိုးရာလှေ အမျိုးသား/အမျိုးသမီး (၁၀)တက် မီတာ(၅၀၀) ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။
ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ရိုးရာလှေ အမျိုးသမီး (၁၀) တက်မီတာ(၅၀၀) ပြိုင်ပွဲတွင် ဧရာ၀တီတိုင်းဒေသကြီးအသင်းမှ စံချိန်(၂:၂၉.၅၆)စက္ကန့်ဖြင့်ပထမ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ စံချိန်(၂:၃၂.၄၃)စက္ကန့်ဖြင့် ဒုတိယ၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ စံချိန်  (၂:၃၂.၉၄)စက္ကန့်ဖြင့်တတိယအား လည်းကောင်း၊   ရိုးရာလှေ အမျိုးသမီး (၇)တက်မီတာ(၅၀၀) ပြိုင်ပွဲတွင်  ရန်ကုန်တိုင်းဒေသကြီးအသင်းမှ စံချိန်(၂:၁၉.၈၁)စက္ကန့်ဖြင့်ပထမ၊ ဧရာ၀တီတိုင်းဒေသကြီး အသင်းမှ စံချိန်(၂:၂၀.၆၂)စက္ကန့်ဖြင့် ဒုတိယ၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ စံချိန်  (၂:၂၅.၈၄) စက္ကန့်ဖြင့် တတိယအားလည်းကောင်း၊ ရိုးရာလှေအမျိုးသား (၇)တက်မီတာ(၅၀၀) ပြိုင်ပွဲတွင်  ဧရာ၀တီ တိုင်းဒေသကြီးအသင်းမှ စံချိန်(၁:၅၈.၈၇)စက္ကန့်ဖြင့် ပထမ၊ ပဲခူးတိုင်းဒေသကြီးအသင်းမှ စံချိန် (၂:၀၁၀၆)စက္ကန့်ဖြင့် ဒုတိယ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ စံချိန်  (၂:၀၂.၉၀) စက္ကန့်ဖြင့် တတိယ တို့အား တာ၀န်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ရိုးရာလှေအမျိုးသား (၁၀)တက်မီတာ(၅၀၀) ပြိုင်ပွဲတွင်  ရှမ်းပြည်နယ်အသင်းမှ စံချိန် (၂:၁၈.၁၄)စက္ကန့်ဖြင့်ပထမ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ စံချိန် (၂:၁၈.၄၄)စက္ကန့်ဖြင့် ဒုတိယ၊ ဧရာ၀တီတိုင်းဒေသကြီးအသင်းမှ စံချိန် (၂:၁၉.၉၅)စက္ကန့်ဖြင့် တတိယတို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှလည်းကောင်း၊  ရိုးရာလှေ အမျိုးသား/အမျိုးသမီး (၁၀)တက် မီတာ(၅၀၀) ပြိုင်ပွဲတွင်  ရန်ကုန်တိုင်းဒေသကြီး အသင်းမှ စံချိန်(၂:၂၀.၇၅)စက္ကန့်ဖြင့်ပထမ၊ ဧရာ၀တီတိုင်းဒေသကြီးအသင်းမှ စံချိန် (၂:၂၀.၈၄) စက္ကန့်ဖြင့် ဒုတိယ၊ ရှမ်းပြည်နယ်အသင်းမှစံချိန်  (၂:၂၂.၁၉)စက္ကန့်ဖြင့် တတိယတို့အား အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ လည်းကောင်း   ဆုများအသီးသီးပေးအပ်ချီးမြှင့် ခဲ့ပါသည်။

အဆိုပါ ရိုးရာလှေလှော်ပြိုင်ပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲ၀င်အသင်း(၁၃)သင်း၊ အမျိုးသားပြိုင်ပွဲ၀င်အသင်း(၁၃)သင်း၊ အမျိုးသမီးပြိုင်ပွဲ၀င်အသင်း(၉)သင်း၊ မျိုးသားပြိုင်ပွဲ၀င် အားကစားသမားဦးရေ(၁၉၇)ဦး၊ အမျိုးသမီးပြိုင်ပွဲ၀င် အားကစားသမားဦးရေ(၁၁၆)ဦး၊ စုစုပေါင်းအားကစားသမားဦးရေ(၃၁၃)ဦးဖြင့် (၂၄.၁၀.၂၀၁၉)ရက်နေ့မှ (၂၅.၁၀.၂၀၁၉) ရက်နေ့အထိ (၂)ရက်တာ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ပြိုင်ပွဲအပြီးဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ရိုးရာလှေလှော်အားကစားနည်းကို စိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှု့နိုင်ပါကြောင်း သတင်းရရှိပါသည်။
 


back to top Eng