skip to content
နေပြည်တော်၊ အောက်တိုဘာ (၁၇)ရက်။
 
၂၀၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲများကို ယနေ့ညနေ(၃)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားလက်ဝှေ့ရုံတွင်ယှဉ်ပြိုင်ကစားကြရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာ၀န်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
 
ယနေ့ ပွဲစဉ်များအဖြစ် အမျိုးသမီး(၄၅)ကီလိုတန်းပြိုင်ပွဲတွင် ခင်မိုးအေး(တနင်္သာရီ)မှ မော်မော်ထွေး(စစ်ကိုင်း)ကိုလည်းကောင်း၊ အမျိုးသမီး(၄၈)ကီလိုတန်းပြိုင်ပွဲတွင် ၀င်း၀င်းထွေး(တနင်္သာရီ)မှ သင်းသင်းခိုင်(မကွေး)ကိုလည်းကောင်း၊ အမျိုးသမီး(၅၁)ကီလိုတန်းပြိုင်ပွဲတွင် မြမိုးသူ(ရန်ကုန်)မှ နန္ဒာနွယ်(စစ်ကိုင်း)ကိုလည်းကောင်း၊ အမျိုးသမီး(၅၄)ကီလိုတန်းပြိုင်ပွဲတွင် ဆုမြတ်နိုး(တနင်္သာရီ)မှ ဗျားမြာ(ကယား)ကိုလည်းကောင်း၊ အမျိုးသမီး (၅၇)ကီလိုတန်းပြိုင်ပွဲတွင် နွေဦးခိုင်(စစ်ကိုင်း)မှ အေးအေး မြတ်(တနင်္သာရီ)ကိုလည်းကောင်း၊ အမျိုးသား(၄၆)ကီလိုတန်းပြိုင်ပွဲတွင် ငိုင်းလိန်း(ချင်း)မှ ထွဋ်ရဲ နောင်(တနင်္သာရီ)ကိုလည်းကောင်း၊ အမျိုးသား (၄၉)ကီလိုတန်းပြိုင်ပွဲတွင် အောင်သူဟိန်း (ပဲခူး)မှ ကျော်မင်းထွန်း (ရန်ကုန်) ကိုလည်းကောင်း၊ အမျိုးသား (၅၆)ကီလိုတန်းပြိုင်ပွဲတွင် ပီတာရှယ်ထန်း(ချင်း)မှ လမင်းကိုကို(ရန်ကုန်) ကိုလည်းကောင်း၊ အမျိုးသား (၆၀)ကီလိုတန်းပြိုင်ပွဲတွင် နုတ်မာရ်(ကချင်)မှ ဆွမ်းလမ်မုန်(ချင်း)ကိုလည်းကောင်း၊ အမျိုးသား (၆၉)ကီလိုတန်းပြိုင်ပွဲတွင် အောင်ရမ်(စစ်ကိုင်း)မှ ၀င်းမင်းထွန်း(ရန်ကုန်)ကိုလည်းကောင်း၊ အမျိုးသား(၈၁) ကီလိုတန်းပြိုင်ပွဲတွင် အောင်ပြည့်ဖြိုး(ပဲခူး)မှ စိုးဦး(ရှမ်း)ကိုလည်းကောင်းအသီးသီးအနိုင်ရရှိခဲ့ပါသည်။
 
ပြိုင်ပွဲများအပြီး ဆုပေးပွဲကို ဆက်လျှက်ကျင်းပရာ အမျိုးသမီး(၄၅)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆု ရရှိသော ခင်မိုးအေး(တနင်္သာရီ)၊ ဒုတိယဆုရရှိသော မော်မော်ထွေး(စစ်ကိုင်း)၊ တတိယဆုရရှိသော ထန်နွမ်းကိမ်း(ချင်း)၊ ပူတွဲတတိယဆုရရှိသော ထက်ထက်လင်း(ဧရာ၀တီ)တို့ကိုလည်းကောင်း၊ အမျိုးသမီး (၄၈)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသော ၀င်း၀င်းထွေး(တနင်္သာရီ)၊ ဒုတိယဆုရရှိသော သင်းသင်းခိုင် (မကွေး)၊ တတိယဆုရရှိသော နန်သန်းနေ(ကရင်)၊ ပူတွဲတတိယဆုရရှိသော ဟုန်ရှဲင်း(ချင်း)တို့ကို လည်း ကောင်း၊ အမျိုးသမီး(၅၁)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသော မြမိုးသူ(ရန်ကုန်)၊ ဒုတိယဆု ရရှိသော နန္ဒာနွယ်(စစ်ကိုင်း)၊ တတိယဆုရရှိသော ထက်ထက်၀င်း(တနင်္သာရီ)၊ ပူတွဲတတိယဆုရရှိသော ငန်ရှင်းဟွဲ(ချင်း) တို့ကိုလည်းကောင်း၊ အမျိုးသမီး (၅၄)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသော ဆုမြတ်နိုး  (တနင်္သာရီ)၊ ဒုတတိယဆုရရှိသော ဗျားမြာ(ကယား)၊ တတိယဆုရရှိသော ငြိမ်းအေးကိုကို(ဧရာ၀တီ)၊ ပူးတွဲ တတိယဆုရရှိသော ဟယ်လင်(ရှမ်း)တို့ကိုလည်းကောင်း၊ အမျိုးသမီး(၅၇)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆု ရရှိသော နွေဦးခိုင်(စစ်ကိုင်း)၊ ဒုတတိယဆုရရှိသော အေးအေးမြတ်(တနင်္သာရီ)၊ တတိယဆု ရရှိသော ရိုစ တင်(ကယား) တို့ကိုလည်းကောင်း၊ အမျိုးသား (၄၆)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသော ငိုင်းလယ် (ချင်း)၊ ဒုတတိယဆုရရှိသော ထွဋ်ရဲနောင်(တနင်္သာရီ)၊တတိယဆုရရှိသော အောင်မျိုးထွန်း (ကရင်)၊ ပူးတွဲ တတိယဆုရရှိသော ဇော်မင်းသိန်း(ရခိုင်) တို့ကိုလည်းကောင်း၊ အမျိုးသား (၄၉)ကီလိုတန်း ပြိုင်ပွဲတွင် ပထဆုရရှိသော အောင်သူဟိန်း(ပဲခူး)၊ ဒုတတိယဆုရရှိသော ကျော်မင်းထွန်း(ရန်ကုန်)၊ တတိယ ဆုရရှိသော ကျော်မင်း၀င်း (ဧရာ၀တီ)၊ပူတွဲတတိယဆုရရှိသော ထက်မြတ်ကျော်(တနင်္သာရီ) တို့ကို လည်း ကောင်း တာ၀န်ရှိသူများမှဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
 
 
ဆက်လက်၍ အမျိုးသား(၅၆)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသော ပီတာရှယ်ထန်း(ချင်း)၊ ဒုတတိယဆုရရှိသော လမင်းကိုကို(ရန်ကုန်)၊တတိယဆုရရှိသော အောင်အောင်လွင်(ပဲခူး)၊ ပူတွဲတတိယဆု ရရှိသော ဖြိုးရေ၀အောင်(မန္တလေး)တို့ကိုလည်းကောင်း၊ အမျိုးသား(၆၀)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိ သော နုတ်မာရ်(ကချင်)၊ ဒုတတိယဆုရရှိသော ဆွမ်းလမ်မုန်(ချင်း)၊တတိယဆုရရှိသော ဆိုင်းနော်ကျောက် (ရှမ်း)၊ပူတွဲတတိယဆုရရှိသော စောဘွယ်ကလို(ရန်ကုန်)တို့ကို အားကစားနှင့်ကယာပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှလည်းကောင်း၊ အမျိုးသား(၆၉)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆု ရရှိသော ၀င်းမင်းထွန်း(ရန်ကုန်)၊ဒုတိယဆုရရှိသော အောင်ရမ်(စစ်ကိုင်း)၊တတိယဆုရရှိသော ဇင်မင်းထွန်း (ဧရာ၀တီ)၊ ပူးတွဲတတိယဆုရရှိသော ရဲလင်းအောင် (ပဲခူး)တို့ကိုလည်းကောင်း၊ အမျိုးသား (၈၁)ကီလို တန်းပြိုင်ပွဲတွင် ပထမဆုရရှိသော အောင်ပြည့်ဖြိုး(ပဲခူး)၊ ဒုတိယဆုရရှိသောစိုးဦး(ရှမ်း)၊ တတိယဆု ရရှိသော အောင်မျိုးဟိန်း(ကရင်)၊ပူတွဲတတိယဆုရရှိသော အွမ်မင်းဟာ(ချင်း)တို့ကို အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်မှ ဆုများအသီးင်္သီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
အဆိုပါ လကေ်၀ှ့ပြိုင်ပွဲများကို (၁၈.၁၀.၂၀၁၉)ရက်နေ့တွင် ဗိုလ်လုပွဲ ပွဲစဉ်များ ယှဉ်ပြိုင် ကစား မည်ဖြစ်ပြီး ပြိုင်ပွဲအပြီးဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသဖြင့် လကေ်၀ှ့ အားကစားနည်းကို စိတ်ပါ၀င်စားသော အားကစား၀ါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
 

back to top Eng