Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂၀၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် သေနတ်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
ရန်ကုန်၊ ဇွန်လ(၃၀)ရက်။
၂၀၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် သေနတ်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နေ့လည်(၂)နာရီက ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာ သေနတ်ပစ်အားကစား ကွင်း၌ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေး၀န်ကြီး ဦးနိုင်ငံလင်း၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာ သိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်မိုး၀င်း၊ ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ဖိတ်ကြားထားသူများ၊ ဆုရအားကစားသမား များတက်ရောက်ကြသည်။
ပြိုင်ပွဲအပြီးတွင် အမျိုးသား(၁၀)မီတာ လေပစ္စတိုပြိုင်ပွဲတွင် ရမှတ် (၂၂၆)မှတ်ဖြင့် ရန်ကုန်တိုင်းမှ ဇော်မင်းအောင်က ပထမ၊ ရမှတ် (၂၂၃.၁)မှတ်ဖြင့် ရှမ်းပြည်နယ် မှ ဇာနည်ထွန်း ကဒုတိယနှင့်ရမှတ် (၂၀၄.၅)မှတ်ဖြင့် ရန်ကုန်တိုင်းမှအာကာမျိုးခန့် ကတတိယဖြင့်လည်းကောင်း၊ အမျိုးသမီး(၁၀)မီတာ လေပစ္စတိုပြိုင်ပွဲတွင် ရမှတ် (၂၃၆.၃)မှတ်ဖြင့် ရှမ်းပြည်နယ်မှ သူဇာဌေး က ပထမ၊ ရမှတ် (၂၁၆.၉)မှတ်ဖြင့် ရန်ကုန်တိုင်း မှ နှင်းအေးဝေ က ဒုတိယနှင့်ရမှတ် (၁၉၉.၅)မှတ်ဖြင့် စစ်ကိုင်းတိုင်းမှ နန္ဒော၀လွင် ကတတိယဖြင့်လည်းကောင်း၊ အမျိုးသား (၁၀)မီတာ ရိုင်ဖယ်ပြိုင်ပွဲတွင် ရမှတ် (၂၃၂.၄)မှတ်ဖြင့် ပဲခူးတိုင်းမှ အောင်မိုးနိုင် က ပထမ၊ ရမှတ် (၂၃၂)မှတ်ဖြင့် ဧရာ၀တီတိုင်း မှ ဝေဖြိုးစံ ကဒုတိယနှင့်ရမှတ် (၂၁၀.၃)မှတ်ဖြင့် စစ်ကိုင်းတိုင်းမှအောင်ထွန်းဇော် ကတတိယဖြင့်လည်းကောင်း၊ အမျိုးသမီး(၁၀)မီတာ ရိုင်ဖယ်ပြိုင်ပွဲတွင် ရမှတ် (၂၃၆.၉)မှတ်ဖြင့် ရန်ကုန်တိုင်းမှ ဥမ္မာခိုင် က ပထမ၊ ရမှတ် (၂၃၆.၆)မှတ်ဖြင့် မန္တလေးတိုင်း မှ သိမ့်သိမ့်သူ ကဒုတိယနှင့်ရမှတ် (၂၁၇.၂)မှတ်ဖြင့် မန္တလေးတိုင်းမှ ဖြိုးပပဇင် ကတတိယဖြင့်လည်းကောင်း၊ အမျိုးသား(၂၅)မီတာ လေပစ္စတို ပြိုင်ပွဲတွင် ရမှတ် (၅၄၄)မှတ်ဖြင့် ရှမ်းပြည်နယ်မှ ဇာနည်ထွန်းက ပထမ၊ ရမှတ် (၅၀၂)မှတ်ဖြင့် ရန်ကုန်တိုင်း မှ အောင်မျိုးသိုက်ကဒုတိယနှင့်ရမှတ် (၄၈၁)မှတ်ဖြင့် မန္တလေးတိုင်းမှကျော်ဆင့် ကတတိယဖြင့်လည်းကောင်း၊ အမျိုးသမီး(၂၅)မီတာ လေပစ္စတို ပြိုင်ပွဲတွင် ရမှတ် (၅၂၉)မှတ်ဖြင့် ရှမ်းပြည်နယ်မှ သူဇာဌေးက ပထမ၊ ရမှတ် (၅၂၄)မှတ်ဖြင့် ရန်ကုန်တိုင်း မှ ခင်ပပစိုး ကဒုတိယနှင့်ရမှတ် (၃၇၇)မှတ်ဖြင့် စစ်ကိုင်းတိုင်းမှရွှေပိုးအိ ကတတိယဖြင့် အသီးသီးဆုများ ရရှိရာ မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်မိုး၀င်းနှင့် အမှုဆောင်များ၊ အပြည်ပြည်ဆိုင်ရာ မြန်မာ့တပ်မတော် အသင်းခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး မျိုးဇင်ထိုက်၊ လားရှိုးတက္ကသိုလ် သေနတ်ပစ်ဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာကိုကိုနိုင်နှင့် လားရှိုးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာယောဟန်ထွန်း တို့က ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြ သည်။
ဆက်လက်၍ အမျိုးသားအသင်းလိုက် (၁၀)မီတာလေပစ္စတိုပြိုင်ပွဲတွင် ရမှတ် (၁၆၂၄)မှတ်ဖြင့် ရန်ကုန်တိုင်း က ပထမ ၊ ရမှတ် (၁၅၈၉)မှတ်ဖြင့် မန္တလေးတိုင်းက ဒုတိယနှင့် ရမှတ် (၁၅၈၁)မှတ်ဖြင့် ရှမ်းပြည်နယ် ကတတိယ ဖြင့်လည်းကောင်း၊ အမျိုးသမီးအသင်းလိုက် (၁၀)မီတာလေပစ္စတိုပြိုင်ပွဲတွင် ရမှတ် (၁၅၈၃)မှတ်ဖြင့် ရှမ်းပြည်နယ်က ပထမ ၊ ရမှတ် (၁၅၅၅)မှတ်ဖြင့် ရန်ကုန်တိုင်းက ဒုတိယနှင့် ရမှတ် (၁၅၁၆)မှတ်ဖြင့် မန္တလေးတိုင်း ကတတိယ ဖြင့်လည်းကောင်း၊ အမျိုးသားအသင်းလိုက် (၁၀)မီတာလေရိုင်ဖယ်ပြိုင်ပွဲတွင် ရမှတ် (၁၇၄၃.၄)မှတ်ဖြင့် ရှမ်းပြည်နယ် က ပထမ ၊ ရမှတ် (၁၆၈၃.၂)မှတ်ဖြင့် စစ်ကိုင်းတိုင်းက ဒုတိယနှင့် ရမှတ် (၁၆၇၃.၈)မှတ်ဖြင့် ရန်ကုန်တိုင်း ကတတိယ ဖြင့်လည်းကောင်း၊ အမျိုးသားအသင်းလိုက် (၁၀)မီတာ လေရိုင်ဖယ်ပြိုင်ပွဲတွင် ရမှတ် (၁၇၆၆.၉)မှတ်ဖြင့် မန္တလေးတိုင်း က ပထမ ၊ ရမှတ် (၁၇၆၄.၅)မှတ်ဖြင့် ရန်ကုန်တိုင်းက ဒုတိယနှင့် ရမှတ် (၁၇၂၈.၆)မှတ်ဖြင့် ရှမ်းပြည်နယ်ကတတိယ ဖြင့် အသီးသီးဆုများရရှိရာ အားကစားနှင့်ကာယ ပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ဦးကျော်ဦး ၊ အားကစားနှင့်ကာယ ပညာ သိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး တို့က ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေး၀န်ကြီး ဦးနိုင်ငံလင်း က ရမှတ်(၂၉)မှတ်ဖြင့် စုပေါင်း တံခွန်စိုက်ဆုဖလားရရှိသွားသော ရှမ်းပြည်နယ် အသင်းအား တံခွန်စိုက်ဆုဖလားကို ပေးအပ် ချီးမြှင့်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင်အသင်း(၁၁)သင်း၀င်ရောက်ယှဉ်ပြိုင်ရာ ရမှတ်(၂၉)မှတ်ဖြင့် ရှမ်းပြည်နယ်အသင်းက ပထမ၊ ရမှတ်(၂၇)မှတ်ဖြင့် ရန်ကုန်တိုင်းက ဒုတိယ၊ ရမှတ် (၂၁)မှတ်ဖြင့် မန္တလေးတိုင်းက တတိယ ၊ ရမှတ်(၁၇)မှတ်ဖြင့် စစ်ကိုင်းတိုင်းက စတုတ္ထ၊ ရမှတ်(၆)မှတ်ဖြင့် ပဲခူးတိုင်းက ပဉ္စမ အသီးသီးရရှိသွားကြောင်းသတင်းရရှိသည်။
14 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display