Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလူထုလှုပ်ရှားမှုနှင့်၂၀၂၀ခုနှစ်(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ စနစ်တကျအောင်မြင်စွာကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်တက်ရောက်
နေပြည်တော်၊ နို၀င်ဘာ(၁၅)ရက်။
၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလူထုလှုပ်ရှားမှုနှင့်၂၀၂၀ခုနှစ်(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ စနစ်တကျအောင်မြင်စွာကျင်းပနိုင်ရေးပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးအမှတ်(၃၁)ရှိ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း၀န် ဦးမြသန်းထိုက်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့်တာ၀န်ရှိသူများ၊ ၀န်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်အရာရှိကြီးများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာ၀န်ရှိသူများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်မှတာ၀န်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေ မြို့နယ်များရှိ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ပညာရေးမှူးများ၊ ကျောင်း အုပ်ကြီးများနှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ အမှာစကားပြောကြားရာတွင် နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလတွင်အပတ်စဉ် စနေနေ့တိုင်း လူထုအားကစားလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲများအား တစ်ပျော်တစ်ပါးဆင်နွှဲခဲ့ပြီး စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းနှင့် Physical Fitness Dance များစုပေါင်းဆောင်ရွက်ခဲ့ကြပါကြောင်း၊ ဒီဇင်ဘာ အားကစားလှုပ်ရှားမှုသည် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအား တိုက်ရိုက်အထောက်အကူပြုလျက်ရှိပြီး မြန်မာအားကစား အောင်နိုင်ရေးအတွက် သွယ်၀ိုက်၍ အထောက်အကူပြုလျက်ရှိပါကြောင်း၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအနေဖြင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှုများအား အစပျိုးအကောင်အထည်ဖော်ပေးခြင်းဖြစ်ပြီး၊ လူတစ်ဦးချင်းအလိုက် ကျန်းမာကြံ့ခိုင်ရေးအတွက် စဉ်ဆက်မပြတ်လုပ်ဆောင်သွားရမည့် လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ ၀န်ကြီးဌာန များအားလုံးနှင့် ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် လုပ်သားပြည်သူများ အင်ပြည့်အားပြည့် ပါ၀င်ဆင်နွှဲစေရေးအတွက် ညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ လူထုလမ်းလျှောက်ပွဲသို့ ပါ၀င်ဆင်နွှဲမည့် ၀န်ကြီးဌာနအသီးသီးသို့လည်း ယခင်နှစ်များအတိုင်း T-Shirt များ ဖြနေ့်၀ပေးရန် စီစဉ်ထားရှိပါကြောင်း၊ ၀န်ကြီးဌာနအသီးသီးနှင့် တစ်နိုင်ငံလုံးရှိ လုပ်သားပြည်သူများ အင်တိုက်အားတိုက် ပါ၀င်လှုပ်ရှားကြရန် အထူးလိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ ဆွေးနွေးတင်ပြရာတွင် ၀ဏ္ဏသိဒ္ဓိအားကစားဘောလုံးလေ့ကျင့်ရေးကွင်း(၁/၃)၌ ဘောလုံး(အမျိုးသား)၊ ၀ဏ္ဏသိဒ္ဓိကစားရုံ(B)၌ ဘော်လီဘော(အမျိုးသား/အမျိုးသမီး)၊ ဖူဆယ်အားကစားပြိုင်ပွဲရုံ၌ ဖူဆယ်(အမျိုးသား)၊ ၀ဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ပိုက်ကျော်ခြင်း(အမျိုးသား)၊ လေ့ကျင့်ရေးကွင်း(၁)နှင့်(၂)ကြား လွန်ဆွဲ (အမျိုးသား/အမျိုးသမီး)၊ ထုပ်ဆီးထိုး(အမျိုးသမီး)၊ လေ့ကျင့်ရေးကွင်း(၁)တွင် (အမျိုးသား/အမျိုးသမီး) မီတာ (၁၀၀/၂၀၀/၄၀၀/၈၀၀) အပြေးပြိုင်ပွဲများကို ကျင်းပသွားရန် စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ လူထုအားကစားနှင့်ပညာပေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးဌေးအောင်မှ ပြောကြားရာတွင် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် ၀တ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ ဓါတ်ပုံပြိုင်ပွဲ စည်းမျဉ်း/စည်းကမ်းများနှင့်ပတ်သက်၍လည်းကောင်း၊ လူထုလမ်းလျှောက်ပွဲကို နေပြည်တော်၌ ကျင်းပ မည့်အစီအစဉ်အဖြစ် ဒီဇင်ဘာလ၏ စနေနေ့များဖြစ်သော (၇)ရက်၊ (၁၄)ရက်၊ (၂၁)ရက်၊ (၂၈) ရက်နေ့ များတွင် နေပြည်တော် မြို့မဈေးစုရပ်မှစ၍ အပတ်စဉ် နံနက်(၅)နာရီခွဲ အချိန်တွင်စတင်တာထွက်ပြီး သပြေကုန်းအဝိုင်း ကျောက်မျက်ရတနာပြတိုက်ရှေ့ရင်ပြင်တွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းနှင့် Physical Fitness Dance အစီအစဉ်များပြုလုပ်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာကြသော ၀န်ကြီးဌာနကိုယ်စားလှယ်များမှ ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲ ဆင်နွှဲရေးကိစ္စရပ်များ၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ၀န်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ပါ၀င်ယှဉ်ပြိုင်နိုင်ရေးကိစ္စရပ်များကို အသီးသီးဆွေးနွေးတင်ပြကြပါသည်။
ဆက်လက်၍ ၀န်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲကို ဦးဆောင်ကျင်းပမည့် အားကစားအဖွဲ့ချုပ်များမှ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ဦးမျိုးလှိုင်မှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလူထုလှုပ်ရှားမှုနှင့် ၂၀၂၀ခုနှစ်(၇၂)နှစ်မြောက် လွတ်လပ် ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ စနစ်တကျအောင်မြင်စွာ ကျင်းပနိုင်ရေးပေါင်းစပ်ညှိနှိုင်းအစည်အဝေးသို့ တက်ရောက်လာကြသော ၀န်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားကာအခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
8 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display