Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂၀၁၉ခုနှစ်၊ ရန်ကုန်ကွင်းပတ်စက်ဘီးပြိုင်ပွဲ၊ ဆုပေးပွဲကျင်းပ
ရန်ကုန်၊ မတ်လ( ၁၆ )ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်တို့ကြီးမှူးကျင်းပသည့် ပထမအကြိမ် ရန်ကုန်ကွင်းပတ်စက်ဘီးပြိုင်ပွဲကို ယနေ့နံနက်(၇)နာရီက ရန်ကုန်တိုင်းဒေသကြီး တက္ကသိုလ်ရိပ်သာလမ်း(လှည်းတန်းမီးပွိုင့်မှ အင်းယားလမ်းမီးပွိုင့်)ထိ ရန်ကုန်ကွင်းပတ်စက်ဘီးပြိုင်ပွဲနှင့် ဆုပေးပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။
ရန်ကုန်ကွင်းပတ်စက်ဘီးပြိုင်ပွဲကို ပြည်တွင်းစက်ဘီးအားကစားသမားများပြိုင်ပွဲအတွေ့အကြုံရရှိစေရန် ကွင်းပတ်စက်ဘီးပြိုင်ပွဲ(သို့) ကွင်းတွင်းပြိုင်ပွဲသည် မြို့တွင်းလမ်းမများပေါ်တွင် သတ်မှတ်ထားသော ပြိုင်ပွဲလမ်းကြောင်းအတွင်း တစ်ပတ်ပြီးတစ်ပတ် တာတိုစီးနင်းယှဉ်ပြိုင်ရသော စက်ဘီးပြိုင်ပွဲတစ်မျိုးဖြစ်ကြောင်း၊ စက်ဘီးပြိုင်ပွဲကို မြို့ပေါ်နေပြည်သူများနှင့် ကျောင်းသားလူငယ်များနှင့် ထိတွေ့ရင်းနှီးမှုရရှိစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။
ရှေးဦးစွာ ကွင်းပတ်စက်ဘီးစီးပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေး၀န်ကြီး ဦးနိုင်ငံလင်း၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခင်မောင်၀င်းနှင့်တာ၀န်ရှိသူများက ပြိုင်ပွဲအား ဖဲကြိုးဖြတ်ပေးပြီး ''Officals Ride'' စုပေါင်းစက်ဘီးစီးနင်းသရုပ်ပြသကြသည်။
ဆက်လက်ပြီး လူမှုရေး၀န်ကြီး ဦးနိုင်ငံလင်းမှ အမျိုးသားအလွတ်တန်း Road Bike Races(အပတ်ရေ-၃၀)ပြိုင်ပွဲအား သေနတ်ပစ်ဖောက်စတင်တာလွှတ်ပေးသည်။
၄င်းပြိုင်ပွဲတွင် ပဉ္စမဆုကို ဘီးနံပါတ် (၇၃) သော်ဇင်ဦး၊ စတုတ္ထဆုကို ဘီးနံပါတ် (၁၂၉) ကျော်ထွန်းဦး၊ တတိယဆုကို ဘီးနံပါတ် (၁၂၃) ညီညီအောင်၊ ဒုတိယဆုကို ဘီးနံပါတ် (၁၃၀)စောအယ်ခူးနှင့် ပထမဆုကို ဘီးနံပါတ်(၇၀)အောင်ဖြိုးပိုင်တို့မှလည်းကောင်း၊ အသက် (၁၉)နှစ်အောက် ကွင်းပတ် Mountain Bike Races အပတ်ရေ -(၂၀)ပြိုင်ပွဲ၌ ပဉ္စမဆုကို ထင်အောင်ဦး၊ စတုတ္ထဆုကို ပြည်ဖြိုးအောင်၊ တတိယဆုကို ကျော်ဇေယျာ၀င်း၊ ဒုတိယဆုကို တင်ကို၀င်းနှင့် ပထမဆုကို ကောင်းဝေလျှံတို့မှလည်းကောင်း၊ အသက်(၁၉)နှစ်မှ အသက်(၂၅)နှစ်ကြား ကွင်းပတ် Mountain Bike Races အပတ်(၂၀)ပြိုင်ပွဲ၊ အမျိုးသားအသက်(၂၆)နှစ်မှ (၄၀)နှစ်ကြားကွင်းပတ် Mountain Bike Races အပတ်(၂၀) ပြိုင်ပွဲ ၊ အမျိုးသားအသက်(၄၀)နှစ်အထက် ကွင်းပတ် Mountain Bike Races အပတ်(၂၀)ပြိုင်ပွဲနှင့် အမျိုးသမီးအလွတ်တန်း Mountain Bike Races အပတ်(၂၀)ပြိုင်ပွဲများ တွင် ပထမဆုမှ ပဉ္စမဆုအသီးသီးရရှိသူများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေး ၀န်ကြီး ဦးနိုင်ငံလင်း၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခင်မောင်၀င်း၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ ရန်ကုန်တိုင်းစက်ဘီးဆပ်ကော်မတီဥက္ကဋ္ဌ ဦးကိုကြီးနှင့် အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူး ဦးကျော်မင်းသန်းတို့မှ ဆုများအသီးသီးချီးမြှင့်ပေးသည်။
အဆိုပါပြိုင်ပွဲ၌ အမျိုးသားအလွတ်တန်းပြိုင်ပွဲတွင် ပထမဆု(၅)သိန်း၊ ဒုတိယဆု (၄)သိန်း၊ တတိယဆု (၃)သိန်း၊ စတုတ္ထဆု(၂)သိန်းနှင့် ပဉ္စမဆု(၁)သိန်းတို့အားလည်းကောင်း၊ အမျိုးသား(၁၉)နှစ်အောက်ပြိုင်ပွဲ၊ အမျိုးသား(၁၉)နှစ်မှ (၂၅)နှစ်အထိပြိုင်ပွဲ၊ အမျိုးသား(၂၆)နှစ်မှ (၄၀)နှစ်ထိပြိုင်ပွဲ၊ အမျိုးသား(၄၀)နှစ်အထက်ပြိုင်ပွဲနှင့် အမျိုးသမီးအလွတ်တန်းပြိုင်ပွဲများအား ဂုဏ်ပြုဆုငွေများအဖြစ် ပထမဆု(၂)သိန်း၊ ဒုတိယဆု(၁)သိန်း(၅)သောင်း၊ တတိယဆု(၁)သိန်း၊ စတုတ္ထဆု(၇)သောင်း(၅)ထောင်)နှင့် ပဉ္စမဆု(၅)သောင်းအသီးသီးချီးမြှင့်ပေးခဲ့ကြောင်းသတင်း ရရှိသည်။
5 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display