နေပြည်တော်၊ ဇူလိုင်လ(၁၀)ရက်။
၂၀၁၉ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဖလား ခရိုင်အလိုက် အသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ၃ - ၇ - ၂၀၁၉ ရက်နေ့၊ နေ့လည် ( ၂:၃၀ ) နာရီအချိန်၊ တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင် ( ၁၂ )ခရိုင်မှ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ပြိုင်ပွဲကို ၃ - ၇ - ၂၀၁၉ ရက်နေ့မှ ၁၅ - ၇ - ၂၀၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိပါသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဒေါက်တာမျိုးထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဒေါက်တာမျိုးထွန်း၊ ဖိတ်ကြားထားသောပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း နှင့် အဖွဲ့ဝင်များ၊ ကျောင်းသား/ ကျောင်းသူများ၊ ခရိုင်တာဝန်ခံများမှ အုပ်ချုပ်၊ နည်းပြ၊ အားကစား သမားများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြပါသည်။