ရန်ကုန်၊ အောက်တိုဘာလ(၂၄)ရက်။
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်သည် ယနေ့နံနက်(၁၀)နာရီက ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်၀င်း၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသော ၂၀၁၉ခုနှစ်၊ 10th Japan Cup ကရာတေးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲသို့ တက်ရောက်ကြည့်ရှုကာ ဆုများချီးမြှင့်ပေးသည်။ယနေ့ဗိုလ်လုပြိုင်ပွဲတွင် ''ခတ''နှင့် ''ကုမိတဲ့'' အသက်(၁၀)နှစ်အောက်ပြိုင်ပွဲ၊ အသက်(၁၂)နှစ် အောက်ပြိုင်ပွဲ၊ အသက်(၁၄)နှစ်အောက်နှင့် Cade ၊ Junior နှင့် Senior အတန်းဗိုလ်လုပွဲများကျင်းပခဲ့ပြီး အတန်းအသီးသီး၌ ပထမ၊ ဒုတိယ၊ ပူးတွဲတတိယဆုရရှိကြသည့် အားကစားသမားများအား မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများနှင့် အမှုဆောင်များ၊ Yangon Japanese Association မှ တာ၀န်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးသည်။ဆက်လက်ပြီး Under (10) အမျိုးသမီးအကောင်းဆုံးအားကစားသမားဆုကို ကေသရီဆောင်း (ES4E) ၊ Under (10) အမျိုးသားအကောင်းဆုံးအားကစားသမားဆုကို သင်းသန့်ဇင် (ES4E) ၊ Under (14)အမျိုးသမီးအားကစားသမားဆု ကို သဲသဉ္ဇာကို (ES4E) ၊ Under (14) အမျိုးသား အားကစားသမားဆုကို အောင်သူကျော် (ကျိုက္ကဆံ)၊ Cade အမျိုးသမီးအကောင်းဆုံးကို စုနန္ဒာနှင်း (အောင်ဆန်း)၊ Cade အမျိုးသားအကောင်းဆုံးဆုကို ဇေယျာထူးထူး (YCDC) ၊ Junior တန်းအမျိုးသမီး အကောင်းဆုံး အားကစားသမားဆုကို ဖြူးဖွေးသန့် (သိပ္ပံ-ရန်ကုန်)၊ Junior တန်းအမျိုးသားအကောင်းဆုံး အားကစားသမားဆုကို ဝေဖြိုးကျော် (သိပ္ပံ-ရန်ကုန်)၊ Senior တန်းအမျိုးသမီးအကောင်းဆုံးဆုကို သဇင်အေး (ကာကွယ်ရေး) နှင့် Senior အမျိုးသားအကောင်းဆုံးအားကစားသမားဆုကို လွင်မောင် (ကာကွယ်ရေး) တို့မှ အသီးသီးရရှိကြပြီး ဆုရရှိသူများအား မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ၀င်းဇော်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူး ဦးစိုးအောင်၊ Yangon Japanese Association မှ တာ၀န်ရှိသူများ၊ Yangon Japanese Association နှင့် MARUYAMA Ambassador Of Embassy of Japan မှ တာ၀န်ရှိသူများက Best Player Trophy ဆုများအား အသီးသီးချီးမြှင့်ပေးသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သံအမတ်ကြီး H.E . Mr. Ichiro Maruyama နှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မြလေးစိန်တို့က ၂၀၁၉ခုနှစ် 10th Japan Cup ကရာတေးပြိုင်ပွဲတွင် စုပေါင်းတံခွန်စိုက်ဒိုင်းကို ရွှေ(၄)၊ ငွေ (၁)၊ ကြေး(၄)ခုဖြင့် ရရှိသွားသော ကာကွယ်ရေး၀န်ကြီးဌာနအသင်းအား တံခွန်စိုက်ဆုဖလားချီးမြှင့်ပေးသည်။ဆက်လက်ပြီး ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်သည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူးဦးစိုးအောင် ၊ ရန်ကုန်တိုင်း အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာ၀န်ရှိသူများလိုက်ပါကာ ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ အမျိုးသားရေကူးကန် အားကစားလေ့ကျင့်ရေးစခန်းသို့ သွားရောက်ကာ အမျိုးသားရေကူးကန် အဆင့်မြှင့်တင်ဆောင်ရွက်နေမှု အခြေအနေနှင့် ရေကူးကန်ပတ်၀န်းကျင် သာယာလှပရေးနှင့် လုံခြုံရေးကိစ္စရပ်များ၊ အားကစားသမားများ သက်တောင့်သက်သာ လေ့ကျင့်နိုင်ရေးနှင့် သန့်စင်ခန်း ၊ ရေချိုးခန်းများ အသစ်ပြင်ဆင်ထားမှုများအားလည်းကောင်း၊ ဆက်လက်ပြီး အများပြည်သူများနှင့် အားကစားသမားများ သက်တောင့်သက်သာ ကျန်းမာပျော်ရွှင် ပေါ့ပါးစွာ လေ့ကျင့်နိုင်ရေးအတွက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပြန်လည်ဖြည့်ဆည်း တပ်ဆင်ပေးထားသည့် Fitness နှင့် GYM လေ့ကျင့်ရေးပစ္စည်း တပ်ဆင်ထားမှုနှင့် ထပ်မံလိုအပ်သည့် ပစ္စည်းများ ဖြည့်ဆည်းတပ်ဆင်ပေးရန်တို့အတွက်လည်းကောင်း၊ ထိုမှတဆင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် လေ့ကျင့်ရေးခန်းမတွင် (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် ဂျူဒိုလက်ရွေးစင် အားကစားသမားများ၊ နည်းပြများနှင့် တာ၀န်ရှိသူများအားတွေ့ဆုံကာ ပြိုင်ပွဲနီးကပ်လာသည်နှင့်အမျှ လေ့ကျင့်မှု အပိုင်းတွင် ထိရောက်မှုရှိသော လေ့ကျင့်မှုမျိုးကို စနစ်တကျကြိုးစားစေလိုကြောင်း၊ ကျန်းမာရေး၊ နေထိုင်/စားသောက်ရေး၊ ထပ်မံအားဖြည့်အစားအစာများကို အချိန်မှန်စနစ်တကျကျွေးမွေးလိုကြောင်း၊ နိုင်ငံတော်မှလည်း စားသောက်စရိတ်များထပ်မံအပိုဆောင်းပေးထားသည့်အတွက် ကုန်ခန်းသွား သည့် အားအင်များပြန်လည်ပြည့်၀စေဖို့ ကျွေးမွေးသည့် နှုန်းအတိုင်း အပြည့်အ၀ စားစေလိုကြောင်း၊ ဒါမှ နောက်တစ်နေ့လေ့ကျင့်ရေးအတွက် အဆင်သင့် ကောင်းကောင်းမွန်မွန် ပြည့်ပြည့်၀၀ လေ့ကျင့်နိုင်မှာ ဖြစ်ပါကြောင်း ဖြင့် အားပေးစကားပြောကြားခဲ့သည်။ဆက်လက်ပြီး ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်သည် ယနေ့နေ့လည်(၁)နာရီတွင် အားကစားနှင့်ကာယပညာဦးစီးဌာနရုံး ကျိုက္ကဆံကွင်း အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း (၆)ကျောင်းမှ အားကစားလေ့ကျင့်ရေးတာ၀န်ခံများ၏ အရည်အချင်းစစ်တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်ကာ လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။တွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း၀န် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ အားကစားနှင့်ပညာရေး ပေါင်းစပ်ဌာနခွဲ ညွှန်ကြားရေးမှူး ဦးထွန်းသန့်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ကျွမ်းကျင်သူ ဒေါက်တာ ရဲတင့်လွင်၊ လက်ထောက်ညွှန်ကြားရေးမှူး(ငြိမ်း)ဦးကျော်ခင်၊ လက်ထောက်ညွှန်ကြားရေးမှူး(ငြိမ်း)ဦးရဲထွဋ်တင်၊ လက်ထောက်ညွှန်ကြားရေးမှူး(ငြိမ်း) ဦးစိုး၀င်း၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း(၆)ကျောင်းမှ ဒုတိယကျောင်းအုပ်ကြီးများ၊ တာ၀န်ရှိသူများနှင့် ဆေးဘက်ဆိုင်ရာဌာနခွဲမှ တာ၀န်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်မှ ပြောကြားရာတွင် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ အရည်အချင်း ပြည့်၀သော အားကစားသမားများ မွေးထုတ်ပေးနိုင်ရန်အတွက် ယခင်နည်းလမ်းအတိုင်းဆောင်ရွက်ခြင်း မပြုပဲ လေ့ကျင့်ရေးနည်းစနစ်သစ်များဖြင့် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ၌အောင်မြင်မှုများရရှိစေရန်အတွက်ကြိုးစားဆောင်ရွက်သွားစေလိုကြောင်း၊ ကျောင်းသားတစ်ဦး၏ နေထိုင်စားသောက်မှု ကျန်းမာရေးစရိတ်နှင့် အသုံးစရိတ်သည် တစ်နှစ်လျှင်(၃၄)သိန်းနီးပါး ကုန်ကျသည်ဖြစ်၍ အောင်မြင်ထူးချွန်ရန် လိုအပ်ပါကြောင်း၊ အောင်မြင် ထူးချွန်မှုမရှိဘဲ ကျောင်းမှ ထွက်ခွာသွားရလျင် များစွာနစ်နာမှုရှိပါကြောင်း၊ ကျောင်(၆)ကျောင်းမှ တာ၀န်ယူဆောင်ရွက်နေသော ကျောင်းအုပ်ကြီးနှင့်ဒုတိယကျောင်းအုပ်ကြီးများ၌ တာ၀န်ရှိပါကြောင်း၊ တစ်ဦးချင်းစီ၏ စိတ်ပိုင်းဆိုင်ရာ ၊ ခန္ဓာကိုယ် အချိုးအစား ၊ ကာယစွမ်းအား အားလုံးကို ထိန်းညှိပြီး လမ်းကြောင်းမှန်အောင် ဆောင်ရွက်သင့်ပါကြောင်း၊ လူရွေးချယ်ရာ၌ မှားယွင်းမှုမရှိစေရန် ၊ ရွေးချယ်၍ပထမ(၃)လ ကာလအတွင်း မလိုက်နိုင်လျှင်ပြန်ထွက်သွားတာမျိုး မရှိအောင်၊ ကောင်းလာအောင်ဘယ်လိုလုပ်မလဲ ၊ ဆုရအောင် ဘယ်လိုလုပ်မလဲဆိုတာကို ဆောင်ရွက်သွားဖို့လိုအပ်ပါကြောင်း၊ အားကစားနည်းများ၌ ဆုရရှိရန်အတွက် နည်းပြအရည်းအချင်း၊ ကစားသမားများ၏ လေ့ကျင့်မှုများကို တာ၀န်ယူထားသည့် လေ့ကျင့်ရေးမှူးများက စစ်ဆေးရန်လိုအပ်ကြောင်း၊ Sports Scienceနှင့် ပတ်သက်ပြီး ဘယ်လိုလုပ်မယ်၊ ဘယ်လိုနားလည်အောင် ကျွမ်းကျင်မှုတွေရှိအောင် ဆောင်ရွက်မယ်ဆိုတာကို သိထားဖို့လိုအပ်ပါကြောင်း၊ တစ်ဦးနှင့်တစ်ဦး လုပ်ကိုင် ဆောင်ရွက်နိုင်ရန် အရည်အချင်းရှိက ဆက်လက်လုပ်ကိုင် ဆောင်ရွက်စေလိုကြောင်း၊ လုပ်ချင်သည့်ကိစ္စ၊ လုပ်သင့်သည့်အလုပ် လုပ်ပေးရန်လိုအပ်မှုများရှိပါက ပြောကြားစေလိုကြောင်း၊ နည်းပြတွေ၏ အရည်အချင်း ကောင်းမွန်အောင် လုပ်ပေးရန် လိုအပ်ပါကြောင်း၊ နည်းပြများ၏ အရည်အချင်းသည် အရေးကြီးသော အခန်းကဏ္ဍ၌ ပါ၀င်သည်ဖြစ်၍ အလွန်အရေးကြီးပါကြောင်း ပြောကြားခဲ့သည်။ဆက်လက်ပြီး အားကစားနှင့် ကာယပညာဦးစီးဌာန ဦးကျော်ဆန်းမှ ပြောကြားရာတွင် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများမှာ လေ့ကျင့်ရေးသင်တန်းသားများကို လေ့ကျင့်ပေးတဲ့ သင်ခန်းစာတွေနှင့် ပတ်သက်ပြီးလာမည့် ပညာသင်နှစ်မှစကာ ဖွံ့ဖြိုးတဲ့အားကစားနည်းအလိုက်(၅)မျိုး သို့မဟုတ် (၆) မျိုးသင်ကြားသွားမှာဖြစ်ကြောင်း၊ ကျောင်းကြီး(၂)ကျောင်းမှာဆိုရင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ ဆုတံဆိပ်ရရန် အလားလာရှိတဲ့အားကစားနည်း(၁၄)နည်း ပြောင်းလဲလေ့ကျင့်သွားရန်ရှိပါကြောင်း၊ လက်တွေ့သင်ကြားပေးခြင်း မဟုတ်ဘဲ စာတွေ့သဘောသဘာ၀အတိုင်း ပို့ချခြင်း၊ သရုပ်ပြခြင်း၊ သင်ကြားပေးခြင်းများဖြင့် ပြောင်းလဲသင်ကြားသင့်ကြောင်းနှင့် အချို့သောအားကစားနည်းတွေမှာ Level အလိုက်မူကြမ်းပြုစုထားပါကြောင်း၊ လာမည့်ပညာသင်နှစ်မှာ သင်ရိုးညွှန်တမ်းများပြောင်းလဲသွားမှာဖြစ်ပါကြောင်း၊ (ရန်ကုန်၊ မန္တလေး) အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ၌ ပညာရေးတက္ကသိုလ်ကျောင်းများမှာလို သင်ရိုးညွှန်းတမ်းများအတိုင်း သင်ကြားပို့ချသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် ဆုံးရှုံးမှုများမဖြစ်စေရန်အတွက် ကျောင်းများတွင် လေ့ကျင့်သင်ကြားပို့ချမှုများအား ပထမ(၃)လပြည့်လျှင် ဆန်းစစ်မှုများပြုလုပ်ကာ အရည်အချင်း မပြည့်မီပါက လျော့ချသွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြသွားသည်။ဆက်လက်ပြီး အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာ၊ လွိုင်ကော်) ကျောင်းများမှ လေ့ကျင့်ရေး တာ၀န်ရှိသူများက ကျောင်းများ၌ သင်ကြားပို့ချနေသော အားကစားနည်းများ ၊ သင်တန်းသား/သူများ နှင့် နည်းပြများ၏ အင်အား၊ အားကစားနည်းအလိုက် တစ်နေ့တာလေ့ကျင့်မှု အစီအစဉ် Training Programရေးဆွဲရေး လုပ်ငန်းစဉ်များ၊ ကျွေးမွေး နေထိုင် စားသောက်မှု ပုံစံများ၊ ကျန်းမာရေးစောင့်ရှောက်ပေးမှု၊ GYM နှင့် Fitness သင်ကြား ပြသပေးမှု၊ ပြည်တွင်း ပြည်ပ ပြိုင်ပွဲများ၌ ဆုတံဆိပ်ရရှိမှုများ၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုစွမ်းရည် နှင့် အားကစားစံချိန် တိုးတက်မှု ၊Physical Test ၊ Skill Test ၊ Medicine များပြုလုပ်ပေးခြင်း၊ ပညာသင်နှစ်ကာလ အပိုင်းအခြားအလိုက် လေ့ကျင့်သင်ကြားပေးမှုများအခြေအနေများ၊ အားကစားနည်းအလိုက် လေ့ကျင့်သင်ကြား တာ၀န်ပေးအပ်မှုနှင့် ညှိနှိုင်း ဆောင်ရွက်မှုများ၊ နည်းပြများ၏အရည်အသွေး ကောင်းမွန်တိုးတက်ဆောင်ရွက်နိုင်မှု၊ သင်တန်းသား/သင်တန်းသူများ၏ အရည်အချင်း တိုးတက်အောင်ဆောင်ရွက်နိုင်မှု အခြေအနေများကို အသေးစိတ် စီမံချက် ရေးဆွဲ ဆောင်ရွက် ထားရှိမှုများအား ကျောင်းအလိုက်လေ့ကျင့်ရေး တာ၀န်ခံများက အသီးသီးဆွေးနွေး တင်ပြကြသည်။ဆက်လက်ပြီး ဆေးဘက်ဆိုင်ရာ တာ၀န်ခံများက လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး(ငြိမ်း) ဦးရဲထွဋ်တင်၊ လက်ထောက်ညွှန်ကြားရေးမှူး(ငြိမ်း) ဦးကျော်ခင်၊ ကျွမ်းကျင်သူ ဒေါက်တာ ရဲတင့်လွင်၊ လက်ထောက်ညွှန်ကြားရေးမှူး(ငြိမ်း) ဦးစိုး၀င်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်နှင့် တာ၀န်ရှိသူတို့က ကဏ္ဍအသီးသီးအလိုက် ဖြည့်စွက်အကြံပြုဆွေးနွေး တင်ပြကြပြီး ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်က ပြန်လည်ဖြည့်စွက်မှာကြားကာ နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားအား ရုပ်သိမ်းလိုက်ကြောင်းသိရှိရပါသည်။