နေပြည်တော်၊ ဇူလိုင်လ (၁၇)ရက်။
၂၀၁၉ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက်သက်(၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအား ၁၅-၇-၂၀၁၉ ရက်နေ့ နေ့လည် (၂:၀၀) အချိန်တွင် တောင်ကြီးခရိုင် နှင့် ကျောက်မဲခရိုင်တို့ ယှဉ်ပြိုင် ကစားကြရာ တောင်ကြီးခရိုင်အသင်း မှ ကျာက်မဲခရိုင်အသင်းအား ( ၅)ဂိုး (၁)ဂိုးဖြင့်အနိုင်ရ ဗိုလ်စွဲခဲ့ပါသည်။
ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ ပူးတွဲတတိယဆုရရှိသော လားရှိုးခရိုင်အသင်းအား ဆုတံဆိပ်နှင့် ငွေသား ကျပ် ( ၂ )သိန်းကို စဝ်စံထွန်းဆေးရုံအုပ်ကြီး ဒေါက်တာမြင့်သိန်းမှလည်းကောင်း၊ ပူးတွဲတတိယဆုရရှိသော လင်းခေးခရိုင်အသင်းအား ဆုတံဆိပ်နှင့့်ငွေသားကျပ် (၂ )သိန်းကို ပြည်နယ်စီမံကိန်း ညွှန်ကြားရေးမှူး ဦးသန်းအောင် မှ လည်းကောင်း ၊ ဒုတိယဆုရရှိသော ကျောက်မဲခရိုင်အသင်းအား ဆုတံဆိပ်နှင့် ငွေသား ကျပ် (၅) သိန်း ကိုရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်နိုင်ဝင်းမှှ လည်းကောင်း၊ ပထမဆုရရှိသော တောင်ကြီးခရိုင်အသင်းအား ဆုတံဆိပ်နှင့် ငွေသားကျပ် (၇)သိန်းကို တောင်ကြီးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ဝင်းဝင်းအိမှ လည်းကောင်းပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ထို့နောက် ဂိုးအကောင်းဆုံးဆုရရှိသော လားရှိုးခရိုင်အသင်းမှ မောင်မင်းမင်းသန့်၊ နောက်တန်းအကောင်းဆုံးဆု ရရှိသော တောင်ကြီးခရိုင်အသင်းမှ မောင်အောင်ဖြိုးသော်၊အလယ်တန်းအကောင်းဆုံးဆုရရှိသော တောင်ကြီး ခရိုင်အသင်းမှ မောင်ဇွဲနေလှ တို့အား အား/ကာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ဦးသက်လွင်ဦးမှ လည်းကောင်း၊ ရှေ့တန်းအကောင်းဆုံးဆုရရှိသော ကျောက်မဲခရိုင်အသင်းမှ မောင်မင်းကိုနိုင်နှင့် ပွဲစဉ်တလျှောက် အကောင်းဆုံးဆုရရှိသော တောင်ကြီးခရိုင်အသင်းမှ မောင်ညီညီနိုင် အား ရှမ်းပြည်နယ် ဘောလုံးဆပ်ကော်မတီ ဥက္ကဌ ဦးခင်မောင်လွင်ကြီးမှ လည်းကောင်း ဆုတံဆိပ်နှင့် ငွေသားကျပ် (၅) သောင်းစီ ကို ချီးမြှင့်ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ပထမဆုရရှိသော တောင်ကြီးခရိုင်အသင်းအား တံခွန်စိုက်ဆုဖလားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း မှ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။