Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂၀၁၉ ခုနှစ်၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန အာရှကြက်တောင်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ကြက်တောင်နည်းပြသင်တန်း Level-1 (၁/၂၀၁၉)ဖွင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော် ၊ မေလ(၂) ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန အာရှကြက်တောင်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ကြက်တောင်နည်းပြသင်တန်း Level-1 (၁/၂၀၁၉)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၇း၃၀)အချိန်တွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း
Multipurpose Hall
၌ ကျင်းပပြုလုပ်လျက်ရာ ကျန်းမာရေး နှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ အာရှကြက်တောင်အဖွဲ့ချုပ်မှ
Mr.Muhammad Andy Ardiansyah
၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း၀န် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံကြက်တောင် အဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ပိုင်နှင့် တာ၀န်ရှိသူများ၊ ကြက်တောင်အဖွဲ့ချုပ်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ သင်တန်းသား/သင်တန်းသူများ၊ သင်တန်းနည်းပြများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြပါသည်။
ထို့နောက် သင်တန်းသို့ တက်ရောက်လာကြသော သင်တန်းသား/သင်တန်းသူများမှ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်နှင့် တာ၀န်ရှိသူများအား တစ်ဦးချင်းမိတ်ဆက် ဂါရ၀ပြုကြပါသည်။
ရှေးဦးစွာ ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ်တဲ့
Badminton Coaching Course Level-1
ကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ စုံလင်စွာတက်ရောက်သောကြောင့် ၀မ်းသာပီတိဖြစ်ရကြောင်း၊ ယခုသင်တန်းဖြစ်မြောက်ရေးအတွက် တာ၀န်ယူလေ့ကျင့်ပေးသော အာရှကြက်တောင်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်ကိုလည်း ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်းဖွင့်လှစ်ပေးရခြင်းဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးကို နည်းစနစ်မှန်ကန်သော ကြက်တောင်အားကစားနည်းများ အမှန်တကယ်ရောက်ရှိသွားမည်ဖြစ်ပြီး ကြက်တောင်အားကစားသည်လည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ယခုသင်တန်းမှ လေ့ကျင့်သင်ကြားပေးသော သင်ခန်းစာများကို သင်တန်းသားများအနေဖြင့် ကြိုးစားလေ့လာမှတ်သားသင်ယူပြီး နိုင်ငံဂုဏ်ဆောင်နိုင်သော ကြက်တောင်အားကစားသမားများ မွေးထုတ်ပေးနိုင်မည့် နည်းပြကောင်းများဖြစ်လာစေရန် ကြိုးစားသင်ယူစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး အာရှကြက်တောင်အဖွဲ့ချုပ်မှ
Mr.Muhammad Andy Ardiansyah
နှင့် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ပိုင်တို့မှ သင်တန်းဖွင့်နှုတ်ခွန်းဆက်စကားများနှင့် ယခုသင်တန်းကို
Level-1 မှ Level-4
ထိ အဆင့်ဆင့် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းကို ပြည်နယ်/တိုင်းအသီးသီးမှ စိတ်ပါ၀င်စားပြီး တက်ရောက်ကြသည့်အတွက် အလွန်ကျေနပ်မိပါကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ ကြက်တောင်နည်းပြသင်တန်း (၁/၂၀၁၉)တွင် သင်တန်းသား(၁၇)ဦး၊ သင်တန်းသူ(၃)ဦး စုစုပေါင်း(၂၀)ဦးတို့ တက်ရောက်သင်ကြားပြီး (၂.၅.၂၀၁၉)ရက်နေ့မှ (၉.၅.၂၀၁၉)ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
10 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display