skip to content

ထားဝယ် မေ ၂၈ရက်။
၂၀၁၉ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဖလား မြိုနယ်ပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြႇင့်ခြင်းအခမ်းအနားကို (၂၈.၅.၂၀၁၉)ရက်နေ့ ညနေ(၃)နာရီ အချိန်တွင် ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ အမျိုးသား(၃)ယောက်တွဲ ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ကော့သောင်းမြို့နယ်အသင်းနှင့် ထားဝယ်မြို့နယ်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာ ထားဝယ်မြို့နယ်အသင်းက အနိုင်ရရှိသွားကြောင်းသိရှိရသည်။

တိုင်းဒေသကြီး မြို့နယ်ပေါင်းစုံ အမျိုးသမီး(၄)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမ ရရှိသော ထားဝယ်မြို့နယ်အသင်းနှင့် ဒုတိယရရှိသော လောင်းလုံးမြို့နယ်အသင်းအား ပိုက်ကျော်ခြင်း ကော်မတီဥက္ကဌ ဦးပီတာ ကလည်းကောင်း၊ အမျိုးသား(၂)ယောက်တွဲတွင် ပထမရရှိသော ကော့သောင်းမြို့နယ်အသင်းနှင့် ဒုတိယရရှိသော မြိတ်မြို့နယ်အသင်းတို့အား (၁)ဦးချင်းဆုနှင့် ငွေသားဆုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရကလည်းကောင်း၊ အမျိုးသား (၃)ယောက်တွဲပြိုင်ပွဲတွင် ပထမရရှိသော ထားဝယ်အသင်းနှင့် ဒုတိယရရှိသော ကော့သောင်းအသင်းတို့အား တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးတင်အောင်က လည်းကောင်း၊ အမျိုးသား(၄) ယောက်တွဲပြိုင်ပွဲတွင် ပထမရရှိသော ကော့သောင်းအသင်းနှင့် ဒုတိယရရှိသော ထားဝယ်အသင်းတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မႉးကြီးကျော်ဇေယျကလည်းကောင်း ဆုများ အသီးသီးပေးအပ်ခဲ့ပြီး ပထမဆုရရှိသောအသင်းများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်က တံခွန်စိုက်ဆုဖလားများ ပေးအပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အားကစားဝါသနာရှင်များ တက်ရောက် အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
 


back to top Eng