skip to content
 
နေပြည်တော် ၊ ဇွန်လ(၆) ရက်။
 
မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နံနက် နံနက်(၉း၀၀)နာရီအချိန်မှ စတင်၍ တိုင်းဒေသကြီးနှင့်ပြည်နယ် ဗိုဗီနမ်ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များအား  ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံ၌  ကျင်းပပြုလုပ်လျက်ရှိပါသည်။
 
ရှေးဦးစွာ အမျိုးသား (၄၅-၅၀)ကီလိုတန်း အတိုက်ပြိုင်ပွဲတွင် မင်းမင်းထိုက်(မန္တလေး)မှ ပထမ၊ သက်ပိုင်စိုး (ရန်ကုန်)မှ ဒုတိယ၊ ထက်မြက်ဇော်(ရခိုင်)နှင့် ကိုဦး(မွန်)တို့မှ ပူးတွဲတတိယကိုလည်းကောင်း၊
အမျိုးသား (၅၀-၅၅)ကီလိုတန်း အတိုက်ပြိုင်ပွဲတွင် ဇော်ရဲနိုင်(ရန်ကုန်)မှ ပထမ၊ စိုးစိုးအောင် (ရခိုင်)မှ ဒုတိယ၊ ကျော်၀င်းလှိုင်(ပဲခူး)နှင့် ထက်မော်၀ိုင်း(ရှမ်း)တို့မှ ပူးတွဲတတိယကိုလည်းကောင်း၊ အမျိုးသမီး(၅၀-၅၅)ကီလိုတန်းအတိုက်ပြိုင်ပွဲတွင်  ခင်ရတီကို(ရန်ကုန်)မှ ပထမ၊ ငြိမ်းငြိမ်းစိုး(ရခိုင်)မှ ဒုတိယ၊ ခင်နှောင်းတင့်(ရှမ်း)နှင့် သူဇာ(မွန်)တို့မှ ပူးတွဲတတိယကိုလည်းကောင်း၊ အမျိုးသား တစ်ကိုယ်တော်အပြ (၀ူမောင်ဝေ)ပြိုင်ပွဲတွင် အေးချမ်းမောင်မောင်(မွန်)မှ ပထမ၊ ကျော်ငြိမ်းငြိမ်းထူး(ရန်ကုန်)မှ ဒုတိယ၊ ဇွဲမာန်မြင့်(စစ်ကိုင်း)မှ တတိယကိုလည်းကောင်း၊ အမျိုးသမီး တစ်ကိုယ်တော် အပြ (၀ူမောင်ဝေ)ပြိုင်ပွဲတွင် မိုးမိုးမ(ရန်ကုန်)မှ ပထမ၊ အေးအေးစိုး (ရခိုင်)မှ ဒုတိယ၊ စုစု၀င်း(ရှမ်း)မှ တတိယကိုလည်းကောင်း၊အမျိုးသား တစ်ကိုယ်တော်အပြ (လောင်းအောင်ဝေ့)ပြိုင်ပွဲတွင် ဘီဘီကျော်အောင်(ချင်း)မှ ပထမ၊ သန့်ဇင်ထူး(ရန်ကုန်)မှ ဒုတိယ၊ ဥက္ကာဖြိုး(မန္တလေး)မှ တတိယကိုလည်းကောင်း၊အမျိုးသားတစ်ကိုယ်တော်အပြ (တန်၀ါလုံငမ်ဂိ)ပြိုင်ပွဲတွင် ရဲဇော်(ပဲခူး)မှ ပထမ၊ ညီညီထွန်း (ရန်ကုန်)မှ ဒုတိယ၊ ဘုန်းခန့်အောင်(စစ်ကိုင်း)မှ တတိယကိုလည်းကောင်း၊အမျိုးသမီးတစ်ကိုယ်တော်အပြ (တန်၀ါလုံငမ်ဂိ)ပြိုင်ပွဲတွင် နှင်းဖြူဖွေး(မကွေး)မှ ပထမ၊ မေသက်ခိုင် (ရန်ကုန်)မှ ဒုတိယ၊ ဇင်မာပြည့်(မွန်)မှ တတိယကိုလည်းကောင်း၊အမျိုးသား ဆောင်းလွေမာတောင် အသင်းလိုက်ပြိုင်ပွဲတွင် မန္တလေးမှ ပထမ၊ စစ်ကိုင်းမှ ဒုတိယ၊ ရခိုင်မှ တတိယကိုလည်းကောင်း အသီးသီး ဆွတ်ခူးရရှိခဲ့ပါသည်။
 
 
 
အဆိုပါဆုများကို အားကစားနှင့်ကာယပညာဦးစီးဌာန တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ်မှ တာ၀န်ရှိသူများ၊ နည်းပြအုပ်ချုပ်သူများမှ ပြိုင်ပွဲများတွင် ဆုရရှိကြ သူများအား ဆုများကို အသီးသီးချီးမြှင့်ခဲ့ကြပါသည်။
 
အဆိုပါ ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဗိုဗီနမ်ပြိုင်ပွဲ နောက်ဆုံးနေ့ပြိုင်ပွဲများကို ၀ဏ္ဏသိဒ္ဓိအားကစား(ဃ)ရုံတွင် နံနက် (၉း၀၀)နာရီအချိန်မှ စတင်၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဆုပေးပွဲ အခမ်းအနားကို ညနေ(၃း၀၀) နာရီ အချိန်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသဖြင့် ဗိုဗီနမ်အားကစားနည်းကို စိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် အခမဲ့ လာရောက်ကြည့်ရှုနိုင်ကြောင်း သတင်းရရှိသည်။

back to top Eng