skip to content
 
နေပြည်တော်၊ ဇန်နဝါရီလ( ၂၀ )ရက်။
 
မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ်ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီး ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(A)ရုံ၌ကျင်းပပြုလုပ်ရာ အသင်းလိုက်စွမ်းရည်ပြ(၁+၄)(ကျား+ကျား)ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းမှ ပထမ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ဒုတိယ၊ ရှမ်းပြည်နယ်အသင်းမှ တတိယ၊ စွမ်းရည်ပြ(၁+၅)(ကျား+ကျား)အချုပ်အဖြည်ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းမှ ပထမ၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ဒုတိယ၊ မကွေးတိုင်းဒေသကြီးအသင်းမှ တတိယ၊ (၆၃)နည်းပညာပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ပထမ၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ဒုတိယ၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ တတိယကိုလည်းကောင်း၊ ဓါးသိုင်းအတိုက်ပြိုင်ပွဲတွင် (ဓါး-၁)(ကျား)(၄၀-၄၅)ကီလိုတန်းပြိုင်ပွဲတွင် ခန့်ဖြိုးအောင်(ရန်ကုန်)၊ (ဓါး-၁)(မ)(၄၀-၄၅)ကီလိုတန်း ပြိုင်ပွဲတွင် မိုးမိုးသဲ(ရှမ်း)၊ (ဓါး-၁)(ကျား)(၄၅-၅၀)ကီလိုတန်းပြိုင်ပွဲတွင် လှိုင်ချစ်ဦး(မန္တလေး)၊ (ဓါး-၁)(မ)(၄၅-၅၀)ကီလိုတန်းပြိုင်ပွဲတွင် ဇင်မိုးမိုးထွေး(မကွေး)၊ (ဓါး-၁)(ကျား)(၅၀-၅၅)ကီလိုတန်းပြိုင်ပွဲတွင် ဇေယျာ၀င်း(ရန်ကုန်)၊ (ဓါး-၁)(မ)(၅၀-၅၅)ကီလိုတန်းပြိုင်ပွဲတွင် မြတ်နိုးဝေ(စစ်ကိုင်း)၊ (ဓါး-၂)(ကျား)(၄၅-၅၀)ကီလိုတန် ပြိုင်ပွဲတွင် မျိုးထက်ဇော်(မကွေး)၊ (ဓါး-၂)(မ)(၄၅-၅၀)ကီလိုတန်းပြိုင်ပွဲတွင် အိန္ဒြေဖူး(မန္တလေး)၊ (ဓါး-၂)(ကျား) (၅၀-၅၅)ကီလိုတန်းပြိုင်ပွဲတွင် ဥက္ကာဖြိုး(မန္တလေး)၊ (ဓါး-၂)(မ)(၅၀-၅၅)ကီလိုတန်းပြိုင်ပွဲတွင် စုဝေဖြိုး(ရန်ကုန်)၊ (ဓါး-၂)(ကျား)(၅၅-၆၀)ကီလိုတန်းပြိုင်ပွဲတွင် နိုင်ဇော်ထက်အောင် (မန္တလေး)တို့မှလည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။
 
 
 
ဆက်လက်၍ ဗန်တိုအတိုက်ပြိုင်ပွဲဗိုလ်လုပွဲအဖြစ် (ကျား)(၄၅-၄၉)ကီလိုတန်းပြိုင်ပွဲတွင် မင်းမင်းထိုက်(မန္တလေး)နှင့် အောင်မြတ်သူ(စစ်ကိုင်း)တို့ ယှဉ်ပြိုင်ကစားကြရာ မင်းမင်းထိုက်(မန္တလေး)မှလည်းကောင်း၊ (မ) (၄၅-၄၉)ကီလိုတန်းပြိုင်ပွဲတွင် ချယ်ရီသန်း(ပဲခူး)နှင့် ခင်မိုးအေး(တနင်္သာရီ)တို့ ယှဉ်ပြိုင်ကစားကြရာ ချယ်ရီသန်း(ပဲခူး)မှလည်းကောင်း၊ (မ)(၄၉-၅၃)ကီလိုတန်းပြိုင်ပွဲတွင် မေဇင်ဦး(ရန်ကုန်)နှင့် ခင်နှောင်းတင့်(ရှမ်း)တို့ ယှဉ်ပြိုင်ကစားကြရာ မေဇင်ဦး(ရန်ကုန်)မှလည်းကောင်း၊ (ကျား)(၅၇-၆၁)ကီလိုတန်းပြိုင်ပွဲတွင် အွမ်မန်(ချင်း)နှင့် ထက်ပိုင်မှူး(မန္တလေး)တို့ ယှဉ်ပြိုင်ကစားကြရာ အွမ်မန်(ချင်း)မှလည်းကောင်း၊ (မ)(၅၇-၆၁) ကီလိုတန်းပြိုင်ပွဲတွင် ချစ်စုဝေ(ရှမ်း)နှင့် ဇင်ဇင်ထက်(ဧရာ၀တီ)တို့ ယှဉ်ပြိုင်ကစားကြရာ ချစ်စေု၀(ရှမ်း)မှလည်းကောင်း၊ (မ)(၆၁-၆၅) ကီလိုတန်းပြိုင်ပွဲတွင် ကေသွယ်ငြိမ်း(တနင်္သာရီ)နှင့် သွယ်သွယ်ထွန်း(ရှမ်း)တို့ ယှဉ်ပြိုင်ကစားကြရာ ကေသွယ်ငြိမ်း(တနင်္သာရီ)မှလည်းကောင်း၊ (ကျား)(၆၉)ကီလိုအထက်ပြိုင်ပွဲတွင် သောင်းခန့်ဇင်(ပဲခူး)နှင့် ဆန်း၀င်းမောင်(ရခိုင်)တို့ယှဉ်ပြိုင်ကစားကြရာ သောင်းခန့်ဇင်(ပဲခူး)တို့မှလည်းကောင်း အသီးသီးအနိုင်ရရှိ သွားပါသည်။
 
ဆက်လက်၍ ပထမနေ့ဆုပေးပွဲအဖြစ် ဗန်တိုအတိုက်ပြိုင်ပွဲ(ကျား/မ)၊ (ဓါး-၁)လက်အတိုက်ပြိုင်ပွဲ(ကျား/မ)၊ (ဓါး-၂)လက်အတိုက်ပြိုင်ပွဲ(ကျား/မ)၊ စွမ်းရည်ပြအသင်းလိုက်ပြိုင်ပွဲ၊ တွဲဖက်နည်းပြ(ကျား/မ) လက်ပြိုင်ပွဲ၊ တွဲဖက်နည်းပြ(ကျား/မ)(ဓါး-၁)လက်ပြိုင်ပွဲ၊ တွဲဖက်နည်းပြ(ကျား/မ)(ဓါး-၂)လက်ပြိုင်ပွဲ၊ လက်ထောက် နည်းပြ(ကျား/မ)တုတ်ရှည်ပြိုင်ပွဲများတွင် ဆုရရှိသူများအား မြန်မာ့သိုင်းအဖွဲ့ချုပ်တာ၀န်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိသူများက ဆုများကိုပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။ 
အဆိုပါ ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲကို (၂၁.၁.၂၀၁၉) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီတွင် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(A)ရုံ၌ ဆုပေးပွဲကျင်းပမည်ဖြစ်ပါသဖြင့် မြန်မာ့သိုင်းအားကစားနည်းကို စိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။
 

back to top Eng