Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရေကူးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် တက်ရောက်အမှာစကားပြောကြား
နေပြည်တော် ၊ ဇွန်လ(၂၀) ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရေကူးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲပွဲစဉ်များကို ယနေ့နံနက် (၉း၀၀)နာရီအချိန်မှစတင်၍ ၀ဏ္ဏသိဒ္ဓိရေကူးကန်၌ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း၀န် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဆန်းနှင့် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံရေကူးအားကစားအဖွဲ့ချုပ်မှ တာ၀န်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲ၀င်အသင်း အုပ်ချုပ်သူ/နည်းပြနှင့် အားကစားသမားများ တက်ရောက်ကြပါသည်။
အစီအစဉ်အရ ပြိုင်ပွဲ၀င်အသင်းများကွင်းအတွင်း နေရာယူပြီးနောက် ညွှန်ကြားရေးမှူးချုပ်မှ အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် ရေကူးပြိုင်ပွဲကို ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက် မှာ လူငယ်များရေကူးအားကစားနည်းကို ပိုမိုစိတ်ပါ၀င်စားလာစေရေးနှင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်ရေကူးအားကစားသမားများ ပေါ်ထွက်လာစေလိုကြောင်း၊ ရေကူးအားကစားနည်းသည် နိုင်ငံ့ဂုဏ် ဆောင်နိုင်ခဲ့သော အားကစားနည်းဖြစ်ပြီး နိုင်ငံတကာပြိုင်ပွဲများတွင် တစ်ဦးတည်းနှင့် ဆုတံဆိပ်များစွာ ဆွတ်ခူးရယူနိုင်သော အားကစားနည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံရေကူးအားကစား အဖွဲ့ချုပ်အနေနှင့် (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ ၂၀၁၆ ခုနှစ်၊ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော Princess Chulahorn Championship 2016
ပြိုင်ပွဲ၊ ၂၀၁၈ ခုနှစ်၊ ထိုင်းနိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့သော
Princess Chulahorn Swimming Championship 2018 ဖိတ်ခေါ်ပြိုင်ပွဲနှင့် 19
th
ASEAN University Game
ပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များရရှိခဲ့ကြောင်း၊ ယနေ့ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ကြသော တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ အားကစားသမားများအနေဖြင့် မိမိတို့၏ အရည်အချင်းများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး မိမိတို့ တိုင်းဒေသကြီးနှင့်ပြည်နယ်အသင်း အောင်နိုင်ရေးအတွက် ဇွဲ၊ စိတ်ဓါတ်အပြည့်နှင့် သန့်ရှင်းစွာ ယှဉ်ပြိုင်ကစားကြရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သော အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားကြရန်တိုက်တွန်းမှာကြားရင်း ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရေကူးပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့ပါသည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်း၀န်နှင့် တာ၀န်ရှိသူများက ပြိုင်ပွဲ၀င်အသင်းများအား လိုက်လံနှုတ်ဆက်ကြပြီး အမျိုးသား မီတာ(၄၀၀)အလွတ်ကူးပြိုင်ပွဲယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ် ရေကူးပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ ပြိုင်ပွဲ၀င် အမျိုးသား(၈၁)ဦး၊ အမျိုးသမီး(၅၈)ဦး၊ အားကစားစုစုပေါင်း(၁၃၉)ဦးတို့သည် ဇွန်လ(၂၀)ရက်နေ့မှ ဇွန်လ(၂၁)ရက်နေ့ထိ ၀ဏ္ဏသိဒ္ဓိရေကူးကန်တွင် နေ့စဉ်နံနက် (၉း၀၀)နာရီ မှစ၍ ကျား/မ မီတာ(၄၀၀) အလွတ်ကူးပြိုင်ပွဲ၊ ကျား/မ မီတာ(၂၀၀) တစ်ဦးချင်း(၄)မျိုးကူးပြိုင်ပွဲ၊ ကျား/မ မီတာ(၁၀၀) ပက်လက်ကူးပြိုင်ပွဲ၊ ကျား/မ မီတာ(၁၀၀) ရင်ဘောင်တန်းကူးပြိုင်ပွဲ၊ ကျား/မ မီတာ(၁၀၀)လိပ်ပြာကူးပြိုင်ပွဲ၊ ကျား/မ မီတာ(၁၀၀)အလွတ်ကူးပြိုင်ပွဲ၊ ကျား/မ (၅၀ x ၄)လွန်းပျံလေးမျိုးကူးပြိုင်ပွဲများ ယှဉ်ပြိုင်ကစားကြ မည်ဖြစ်ပါသဖြင့် ရေကူးအားကစားနည်းကို စိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို
အခမဲ့
လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
72 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display