skip to content

နေပြည်တော်၊ ဇန်နဝါရီလ(၃၁)ရက်။          

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော တိုင်းဒေသကြီးနှင့်ပြည်နယ် U-21 အမျိုးသား(ဘောလုံး)ပြိုင်ပွဲများကို သတ်မှတ်အားကစားကွင်းများတွင် ကျင်းပပြုလုပ်ရာ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ကြည့်ရှု့ခဲ့ကြသည်။

ယနေ့ပွဲစဉ်များအဖြစ် ယနေ့ နံနက်(၇)နာရီခွဲအချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားလေ့ကျင့်ရေးကွင်း(၁)၌  ကရင်ပြည်နယ်အသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကရင်ပြည်နယ်အသင်းမှ(၅)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစား လေ့ကျင့်ရေးကွင်း(၃)တွင် ရှမ်းပြည်နယ် အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ယှဉ်ပြိုင် ကစားကြရာ မွန်ပြည်နယ်အသင်းမှ(၃)ဂိုး (၂)ဂိုးဖြင့်လည်းကောင်း၊ ညနေ(၃)နာရီ အချိန်တွင် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစား လေ့ကျင့်ရေးကွင်း(၁)တွင် တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဂိုးမရှိသရေဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား လေ့ကျင့်ရေးကွင်း(၃)တွင် မကွေးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မကွေးတိုင်းဒေသကြီးအသင်းမှ (၁)ဂိုး ဂိုး(မရှိ) ဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိသွားသည်။

(၁.၂.၂၀၂၀)ရက်နေ့ နံနက်(၇)နာရီခွဲအချိန်တွင် ချင်းပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအသင်းတို့သည် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားလေ့ကျင့်ရေးကွင်း(၃)တွင် လည်းကောင်း၊  ညနေ (၃)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ကယားပြည်နယ်အသင်းတို့သည် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားလေ့ကျင့်ရေးကွင်း(၁)တွင် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့သည် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားလေ့ကျင့်ရေး ကွင်း(၃)တွင်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ဘောလုံးအားကစားကိုစိတ် ပါဝင်စားသော မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိသည်။     


back to top Eng