skip to content

နေပြည်တော်၊ ဇန်နဝါရီလ (၁) ရက်။    

၂၀၂၀ပြည့်နှစ်၊ (၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ၀န်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများကို ယနေ့နံနက်(၇)နာရီခွဲအချိန်မှ စတင်၍ ယှဉ်ပြိုင်ကစားကြရာ အသက်(၃၅)နှစ်အထက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ၀ဏ္ဏသိဒ္ဓိအားကစား လေ့ကျင့်ရေးကွင်း(၁)တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှု၀န်ကြီးဌာနအသင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှု၀န်ကြီးဌာန အသင်းမှ(၉)ဂိုး (၂)ဂိုးဖြင့်လည်းကောင်း၊ ၀ဏ္ဏသိဒ္ဓိအားကစားကွင်းတွင်  ကာကွယ်ရေး၀န်ကြီးဌာနအသင်းနှင့် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေး၀န်ကြီးဌာန အသင်းမှ (၆)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။

ဆက်လက်၍ ၀ဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၁)နှင့် (၂)ကြားတွင် လွန်ဆွဲအားကစားပြိုင်ပွဲ (အမျိုးသား)ပွဲစဉ်များအဖြစ် သာသနာရေးနှင့် ယဉ်ကျေးမှု၀န်ကြီးဌာနအသင်းနှင့် ပညာရေး၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ သာသနာရေးနှင့်ယဉ်ကျေးမှု၀န်ကြီးဌာနအသင်းမှလည်းကောင်း၊ ပြည်ထဲရေး၀န်ကြီးဌာနအသင်းနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှု၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေး၀န်ကြီးဌာနအသင်းမှလည်းကောင်း၊ ကာကွယ်ရေး၀န်ကြီးဌာနအသင်းနှင့် နေပြည်တော် စည်ပင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေး၀န်ကြီးဌာန အသင်းမှလည်းကောင်း၊ တိုင်းရင်းသား လူမျိုးများရေးရာ၀န်ကြီးဌာနအသင်းနှင့် ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တိုင်းရင်းသားလူမျိုးများ ရေးရာ၀န်ကြီးဌာနအသင်းမှ လည်းကောင်း၊ (အမျိုးသမီး) ပွဲစဉ်များအဖြစ် ကာကွယ်ရေး၀န်ကြီးဌာနအသင်းနှင့် သာသနာရေးနှင့်ယဉ်ကျေးမှု၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေး၀န်ကြီးဌာနအသင်းမှ လည်းကောင်း၊ လျှပ်စစ်နှင့် စွမ်းအင်၀န်ကြီး ဌာနအသင်းနှင့် ပညာရေး၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ  လျှပ်စစ်နှင့် စွမ်းအင်၀န်ကြီးဌာနအသင်းမှ လည်းကောင်း၊ ပြည်သူ့လွှတ်တော်အသင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ပြည်သူ့လွှတ်တော်အသင်းမှ လည်းကောင်းအသီးသီး အနိုင်ရရှိသွားပါသည်။

ဆက်လက်၍ ၀ဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၁)နှင့် (၂)ကြားတွင် ထုပ်ဆီးထိုး(အမျိုးသမီး)ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနအသင်းနှင့် ပြည်ထဲရေး ၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းမှ လည်း ကောင်း၊ ပညာရေး၀န်ကြီးဌာနအသင်းနှင့် ဖွဲ့စည်းပုံအခြေခံခုံရုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပညာရေး ၀န်ကြီးဌာနအသင်းမှလည်းကောင်း အသီးသီးအနိုင်ရရှိ သွားပါသည်။
ဆက်လက်၍ ဖူဆယ်အားကစားရုံတွင် ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် ယနေ့နံနက်(၉)နာရီ အချိန်မှစတင်၍ လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး၀န်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထား ရေး၀န်ကြီးဌာနအသင်းမှ (၃)ဂိုး (၂)ဂိုးဖြင့် လည်းကောင်း၊ ပြည်ထဲရေး၀န်ကြီးဌာနအသင်းနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေး၀န်ကြီးဌာနအသင်းမှ (၁၁)ဂိုး (၂)ဂိုးဖြင့်လည်းကောင်း၊ လျှပ်စစ်နှင့် စွမ်းအင်၀န်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေး၀န်ကြီး ဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ လျှပ်စစ်နှင့် စွမ်းအင်၀န်ကြီးဌာနအသင်းမှ (၇)ဂိုး (၃)ဂိုးဖြင့်လည်းကောင်း၊ နေပြည်တော်စည်ပင်အသင်းနှင့် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ နေပြည်တော်စည်ပင်အသင်းမှ (၄)ဂိုး (၁)ဂိုးဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိသွားကြောင်း သတင်းရရှိပါသည်။

 


back to top Eng