နေပြည်တော်၊ ဇန်နဝါရီလ(၉)ရက်။
၂၀၂၀ခုနှစ်၊ တိုင်းဒသေကြီးနှင့် ပြည်နယ် စက်ဘီးပြိုင်ပွဲကို ယနေ့နံနက် (၆)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းရှေ့၊ ဝဏ္ဏသိဒ္ဓိပတ်လမ်းတွင် ကျင်းပပြုလုပ်ရာ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမငြ့်ဦး၊ ဦးကျော်ဦး၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမြတ်သူနှင့် တာဝန်ရှိသူများတက်ရောက် ကြည့်ရှုအားပေးခဲ့ကြသည်။
ယနေ့ ပြိုင်ပွဲများအဖြစ် အမျိုးသမီးမီတာ (၅၀)ကီလိုမီတာ တာဝေးပြိုင်ပွဲတွင် ပထမ ခင်နှင်းဝေ (မကွေး) စံချိန် (၁:၄၃:၃၈.၄၇)နာရီ၊ ဒုတိယ ရွှဇေင်ပုလဲ (မကွေး) (၁:၄၃:၃၈.၇၅)နာရီ၊ တတိယ သဲစုအောင် (ဧရာဝတီ) (၁:၄၃:၃၉.၀၂)နာရီဖြင့် လည်းကောင်း၊ အမျိုးသား (၁၀၀)ကီလိုမီတာ တာဝေးပြိုင်ပွဲတွင် ပထမ ကောင်းစည်သူ (ပဲခူး) (၂:၅၅:၀၁.၄၄)နာရီ၊ ဒုတိယ ရှိုင်းထက်အောင် (မန္တလေး) (၂:၅၅:၀၁.၂၇)နာရီ၊ တတိယ ကောင်းဝေလျံ (မန္တလေး) (၂:၅၅:၀၂.၃၀)နာရီဖြင့်လည်းကောင်း အသီးသီးအနိုင် ရရှိခဲ့ကြသည်။
ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ အမျိုးသမီး မီတာ (၅၀၀) တစ်ဦးချင်းပြိုင်ပွဲတွင် ပထမရရှိသော စိုးစန္ဒာဝင်း (တင်္နသာရီ)၊ ဒုတိယ လှလှနွယ် (ပဲခူး)၊ တတိယ သင်းကလျာစိုး (မန္တလေး)တို့အား၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းသန့်မှလည်းကောင်း၊ ဆက်လက်၍ အမျိုးသမီးမီတာ (၃၀၀၀) တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသော ခင်နှင်းဝေ (မကွေး)၊ ဒုတိယ သင်းကလျာစိုး (မန္တလေး)၊ တတိယ စိုးစန္ဒာဝင်း (တင်္နသာရီ)တို့အား အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးမှ လည်းကောင်း၊ ဆက်လက်၍ အမျိုးသမီး (၉)ကီလိုမီတာ နောက်ကျန်ထွက်ပြိုင်ပွဲတွင် ပထမဆုရရှိသော ခင်နှင်းဝေ (မကွေး)၊ ဒုတိယ ရွှေဇင်ပုလဲ (မကွေး)၊ တတိယ စိုးစန္ဒာဝင်း (တင်္နသာရီ)တို့အား အားကစားနှင့် ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်မှလည်းကောင်း၊ ဆက်လက်၍ အမျိုးသမီး (၅၀)ကီလိုမီတာ တာဝေးပြိုင်ပွဲတွင် ပထမဆုရရှိသော ခင်နှင်းဝေ (မကွေး)၊ ဒုတိယ ရွှေဇင်ပုလဲ (မကွေး)၊ တတိယ သဲစုအောင် (ဧရာဝတီ)တို့အား အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်စိုးမှလည်းကောင်း၊ ဆက်လက်၍ အမျိုးသမီး (၉)ကီလိုမီတာ အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော မကွေး တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်း၊ တတိယ ဆုရရှိသော တနင်္သာရီတိုင်းဒေသကြီးအသင်း၊ အမျိုးသားမီတာ (၁၀၀၀)တစ်ဦးချင်း ပြိုင်ပွဲတွင် ပထမဆုရရှိသော ကောင်းစည်သူ (ပဲခူး)၊ ဒုတိယ ညီညီအောင် (ရန်ကုန်)၊ တတိယ သူရကျော် (မကွေး)တို့အား မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမြတ်သူမှလည်းကောင်း၊ ဆက်လက်၍ အမျိုးသား မီတာ (၃၀၀၀)တစ်ဦးချင်းပြိုင်ပွဲ ပထမဆုရရှိသွားသော ရှိုင်းထက်အောင် (မန္တလေး)၊ ဒုတိယ ညီညီအောင် (ရန်ကုန်)၊ တတိယ သူရနိုင်(မကွေး)၊ အမျိုးသား (၁၅)ကီလိုမီတာ နောက်ကျန်ထွက်ပြိုင်ပွဲတွင် ပထမဆုရရှိသော ကောင်းစည်သူ (ပဲခူး)၊ ဒုတိယ ရန်နိုင်ထက် (တနင်္သာရီ)၊ တတိယ ဆန်းသိန်းထက် (တနင်္သာရီ)တို့အား အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှလည်းကောင်း၊ ဆက်လက်၍ အမျိုးသား (၁၀၀) ကီလိုမီတာ တာဝေးပြိုင်ပွဲတွင် ပထမဆုရရှိသော ကောင်းစည်သူ (ပဲခူး)၊ ဒုတိယ ရှိုင်းထက်အောင် (မန္တလေး)၊ တတိယ ကောင်းဝေလျံ (မန္တလေး)၊ အမျိုးသား (၁၅)ကီလို မီတာပြိုင်ပွဲတွင် ပထမဆုရရှိသော မကွေးတိုင်းဒေသကြီးအသင်း၊ ဒုတိယ ရန်ကုန်တိုင်းဒေသကြီးအသင်း၊ တတိယ မန္တလေးတိုင်းဒေသကြီးအသင်းတို့အား အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှလည်းကောင်း၊ ဆက်လက်၍ အမျိုးသမီးအကောင်းဆုံး အားကစားသမားဆုကို ခင်နှင်းဝေ (မကွေး)၊ အမျိုးသားအကောင်းဆုံး အားကစားသမားဆုကို ကောင်းစည်သူ (ပဲခူး)မှလည်းကောင်း၊ အမျိုးသမီးတံခွန်စိုက်ဒိုင်းဆုကို ရမှတ် (၅၀)ဖြင့် မကွေးတိုင်းဒေသကြီးအသင်းမှ လည်းကောင်း၊ အမျိုးသားတံခွန်စိုက်ဒိုင်းဆုကို ရမှတ် (၂၇)မှတ်ဖြင့် မန္တလေး တိုင်းဒေသကြီးအသင်းမှ ရရှိကာ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ ဆုတံဆိပ်နှင့် ငွေသားဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။