Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
(၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံတော်အတွက် နိုင်ငံ့ဂုဏ်ဆောင်ပြီး အောင်မြင်မှု ရရှိခဲ့သည့် အားကစားသမားများ ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပ၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်အမှာစကားပြောကြားကာ ဆုများချီးမြှင့်
နေပြည်တော်၊ စက်တင်ဘာ(၂၅)ရက်။
နိုင်ငံတကာပြိုင်ပွဲများတွင် မြန်မာအားကစား သမားများ နိုင်ငံ့ဂုဏ်ဆောင်ပြီး အောင်မြင်မှုရရှိရန်အတွက် အားကစားသမားများ၏ စား၀တ် နေရေး၊ ဘ၀ရှေ့ရေး အာမခံချက်ရရှိအောင် နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းကို ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြင့်ထွေးမှ ယနေ့နံနက် (၁၀:၀၀)နာရီ၌ နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်သော (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံတော်အတွက် နိုင်ငံ့ဂုဏ်ဆောင်ပြီး အောင်မြင်မှု ရရှိခဲ့ကြသော အားကစားသမားများ ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနား၌ ထည့်သွင်းပြောကြားပါသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြင့်ထွေးနှင့်အတူ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယ၀န်ကြီးများဖြစ်ကြသော ဦးကျော်မျိုး၊ ဒေါက်တာထွန်းနိုင်၊ ဦး၀င်းမော်ထွန်း၊ ဦးမော်မော်၀င်းနှင့် ၀န်ကြီးဌာနအသီးသီးမှ အမြဲတမ်း အတွင်း၀န်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် ဥက္ကဌများ၊ ဆုတံဆိပ် ရရှိကြသော အားကစားသမားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြ ပါသည်။
ရှေးဦးစွာ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြင့်ထွေးမှ အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သော အခမ်းအနားသည် ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းဆိုသော မင်္ဂလာ တရားတော်နှင့်အညီ ကျင်းပပြုလုပ်သော မင်္ဂလာအခမ်းအနားတစ်ခုဖြစ်ကြောင်း၊ မလေးရှား နိုင်ငံတွင် သြဂုတ်လ(၁၉)ရက်မှ (၃၀)ရက်နေ့အထိ ကျင်းပပြုလုပ်သော (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံမှ အားကစားနည်း (၂၉)နည်း ၀င်ရောက် ယှဉ်ပြိုင်ပြီး ရွှေတံဆိပ်(၇)ခု၊ ငွေတံဆိပ်(၁၀)ခု၊ ကြေးတံဆိပ်(၂၀) စုစုပေါင်း(၃၇)ခု ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း၊ ရွှေတံဆိပ်ကို အားကစားနည်း(၄)မျိုးမှ အားကစားသမား များရရှိအောင် စွမ်းဆောင် နိုင်ခဲ့ကြပြီး ငွေတံဆိပ်(၁၀)ခုရရှိသော အားကစားနည်းများ ဟာလည်း ဗိုလ်လုပွဲသို့ ရောက်ရှိစွမ်းဆောင်နိုင်ခဲ့ကြကြောင်း၊ ဆုတံဆိပ်မရရှိသော်လည်း နိုင်ငံတော်အတွက် အကောင်း ဆုံး ပေးဆပ်ကာ ကြိုးစားယှဉ်ပြိုင်ခဲ့ကြကြောင်း၊
သို့ဖြစ်ပါ၍ အောင်မြင်မှုရရှိအောင် နိုင်ငံဂုဏ်ကို စွမ်းဆောင်နိုင်ခဲ့ကြသော အားကစားသမားများအား ဂုဏ်ပြုပါကြောင်းနှင့် အောင်မြင်မှုမရရှိခဲ့သော်လည်း မြန်မာ့လက်ရွေးစင် အားကစားသမားများ အနေဖြင့်လည်း အစွမ်းကုန် ပေးဆပ်ကြိုးစား ယှဉ်ပြိုင်ခဲ့ကြသည့်အတွက် ဂုဏ်ယူအသိအမှတ်ပြုပါကြောင်း၊
ထို့အပြင် ပြိုင်ပွဲယှဉ်ပြိုင်နေစဉ် ပြိုင်ပွဲ၀င်အားကစားသမားများအား စိတ်ဓါတ် ခွန်အား မြှင့်တင်အားပေးစကားများနှင့် သ၀ဏ်လွှာပေးပို့ခဲ့သော နိုင်ငံတော် အကြီးအကဲများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ပြိုင်ပွဲကို အကောင်းဆုံးပါ၀င်ယှဉ်ပြိုင်နိုင်ရန် အဓိက ပံ့ပိုးပေးခဲ့ကြသော အားကစားအဖွဲ့ချုပ်ဥက္ကဌများနှင့် စေတနာအလှူရှင်များ၊ စိတ်ဓါတ်အားဖြည့် အားဖြည့်ခဲ့ကြသူများ အားလုံးကို အထူးပင် ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း၊ အားကစားသမားများ၏ စား၀တ်နေရေး၊ ဘ၀ရှေ့ရေး၊ အလုပ်အကိုင်၊ ဘ၀အာမခံချက်ရရှိရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ၄င်းတို့ကို စီစဉ်ဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနတစ်ခုသာမက အခြား၀န်ကြီးဌာနများနှင့်ပါ မည်သို့ ပူးပေါင်းပါ၀င် ဆောင်ရွက်ရန်ရမည်ကို ထည့်သွင်းစဉ်းစားရန်လိုအပ်ကြောင်း၊ နိုင်ငံတကာ အားကစားကို ယှဉ်ပြိုင်ရာတွင်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပေးပို့ခဲ့သည့် သ၀ဏ်လွှာ အချက်များတွင် ပြည်သူတွေကို ကိုယ်စားပြုယှဉ်ပြိုင်၍ သန့်ရှင်းသော အားကစားစိတ်ဓါတ် ''လှေခွက်ချည်းကျန် အလံမလဲ'' တဲ့စိတ်ဓါတ် ချစ်ကြည်ရင်းနှီးတဲ့ အာဆီယံစိတ်ဓါတ်ကို ပြခြင်း၊ အသင်းလိုက် ညီညွတ်မှုရှိစေခြင်းနှင့် ယှဉ်ပြိုင်ရသည့်အပြင် နိုင်ငံတော်၏ ယဉ်ကျေးမှုနှင့် ဂုဏ်သိက္ခာ ထိန်းသိမ်းခြင်း၊ ဖော်ထုတ်ပြသခွင့် စသည်တို့ကို ရရှိသည့်အတွက် အထူး ကောင်းမွန်သည့် အချက်ဖြစ်ပါကြောင်း၊ အဆိုပါအချက်များအား ပြိုင်ပွဲ၀င်ရောက်ယှဉ်ပြိုင်စဉ် ကာလနဲ့ ပြိုင်ပွဲအပြီး လေ့ကျင့်ရေးကာလ၊ အခြားကာလများတွင် ပြန်လည်သုံးသပ်ပြီး အားကစားသမားများ စိတ်ထဲကို ၀င်ရောက်ရန်၊ အထူးလိုအပ်ကြောင်း၊ ပြိုင်ပွဲအကြို အောင်နိုင်ရေးအလံ ပေးအပ်ပွဲ၌ နိုင်ငံတော်ဒုတိယသမ္မတ ပြောကြားခဲ့သော အားကစားယှဉ်ပြိုင်ရာတွင် အသင်းလိုက် စိတ်ဓါတ်၊ မိသားစုစိတ်ဓါတ်နှင့် အချင်းချင်း ရိုင်းပင်းကူညီခြင်းနှင့် အဆင့်ဆင့်စီမံကွပ်ကဲအုပ်ချုပ်မှု ခံယူပြီး စည်းကမ်းနှင့်အညီ အောင်မြင်ရရှိအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အဆိုပါ အချက်များသည် အားကစားသမားအားလုံး၏ ရင်ထဲစိတ်ထဲ ၀င်ရောက်စေရန် အခြားကာလများဖြစ်သော လေ့ကျင့်စဉ်၊ သင်တန်းစသည့် အချိန်များတွင် ပြန်လည်သုံးသပ်ဆွေးနွေးပေးရန် လိုအပ်ကြောင်း၊
ပြိုင်ပွဲအပြီး ရရှိခဲ့သော အောင်မြင်မှုနှင့် အောင်မြင်မှုမရရှိသော်လည်း ပြိုင်ပွဲ၌ တွေ့ကြုံခဲ့ရသည့် မိမိအားနည်းချက်၊ အားသာချက်စသည်များကို ပြန်လည်သုံးသပ်၍ အတွေ့အကြုံကောင်းများကို ပြန်လည်ဖော်ထုတ်ရန်လိုအပ်ကြောင်း၊ အဆိုပါ အတွေ့အကြုံ ကောင်းများကို လက်ရှိ အားကစားနှင့်ကာယပညာသိပ္ပံ(၆)ကျောင်းရှိ တာ၀န်ရှိသူများအား ေ၀မျှပြီး သင်တန်းကျောင်းရှိ လူငယ်မျိုးဆက်သစ်အားကစားသမားများကို ပြုစုပျိုးထောင် ပေးရန် လိုအပ်ကြောင်း၊
အားကစားသမားများအနေနှင့်လည်း အောင်မြင်မှုရရှိသော အတွေ့အကြုံများ အောင်မြင်မှုမရရှိခဲ့သော အားနည်းချက် အတွေ့အကြုံများကို၊ နောက်မျိုးဆက်သစ် အားကစား သမားများအား မိမိတို့ ရရှိခဲ့သော အတွေ့အကြုံကောင်းများကို လက်ဆင့်ကမ်း ဖြနေ့်၀ပေးရန် လိုအပ်ကြောင်း၊ လူငယ်မျိုးဆက်သစ်များကို ဆက်လက်ပြုစုပျိုးထောင်ရန် ပညာရေး၀န်ကြီး ဌာနနှင့် ပူးပေါင်း၍ မူ၀ါဒများချမှတ်ဆောင်ရွက် သွားမည်ဖြစ်ပါ ကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပရာ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြင့်ထွေးမှ နိုင်ငံတော်အတွက် ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ခဲ့ကြသော အားကစားအဖွဲ့ချုပ်များဖြစ်ကြသည့် ပိုက်ကျော်ခြင်း အားကစားအဖွဲ့ချုပ် ဥက္ကဌ ဦးစိုးနိုင်၊ သေနတ်ပစ်အဖွဲ့ချုပ်ဥက္ကဌ ဦးဇော်လွင်ဦး၊ ဟော်ကီအားကစားအဖွဲ့ချုပ် ဥက္ကဌ ဦးစောလုလုထော်၊ အလေးမအားကစားအဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ချစ်တို့အား ဂုဏ်ပြု မှတ်တမ်းလွှာ များကို ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စု၀န်ကြီးဒေါက်တာမျိုးသိမ်းကြီးမှ ရွှေတံဆိပ်(၂)ခု ရရှိအောင် စွမ်းဆောင်ခဲ့သော အမျိုးသားခြင်းလုံးအသင်းအား ဂုဏ်ပြုငွေ ကျပ်သိန်း(၄၀၀) နှင့်အတူ ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း၊ အမျိုးသမီး(၄)ယောက်တွဲ ပိုက်ကျော်ခြင်း ပြိုင်ပွဲမှ ရွှေတံဆိပ်ဆုရရှိခဲ့သော ပိုက်ကျော်ခြင်းအသင်းအား ဂုဏ်ပြုငွေကျပ် သိန်း(၁၀၀)နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ အားလည်းကောင်း၊ ၀ူရှူး(နန်းသောင်း၊ နန်းကွန့်)အားကစားနည်းမှ ရွှေတံဆိပ်ရရှိခဲ့သော မောင်သိန်းသန်းဦးအား ဆုကြေးငွေကျပ် သိန်း(၁၀၀)နှင့် ဂုဏ်ပြု မှတ်တမ်းလွှာအားလည်းကောင်း၊ ဝူရှူး (ထိုက်ချိချွမ်)အားကစားနည်းမှ ရွှေတံဆိပ်ရရှိခဲ့သော မြတ်သက်ဆုဝေဖြိုးအား ဆုကြေးငွေကျပ် သိန်း(၁၀၀)နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ အားလည်းကောင်း၊ သေနတ်ပစ်အားကစားနည်းမှ (၁၀)မီတာ လေပစ္စတိုပြိုင်ပွဲတွင် ရွှေတံဆိပ် ရရှိခဲ့သော မမေပိုး၀ါအား ဆုကြေးငွေကျပ် သိန်း(၁၀၀)နှင့် ဂုဏ်ပြုမှတ်တမ်းလွှာတို့အား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ ဒုတိယ၀န်ကြီးဦးကျော်မျိုးမှ ငွေတံဆိပ်ဆုများ ရရှိခဲ့ကြသော ဟော်ကီအမျိုးသားအသင်း၊ အမျိုးသား(၂)ယောက်တွဲ (၄)ယောက်တွဲပိုက်ကျော်ခြင်းအသင်း၊ မြားပစ် အားကစားနည်းမှ
Mix compound
ပြိုင်ပွဲတွင် မောင်ရဲမင်းဆွေနှင့် မအောင်ငှိမ်း၊ ၀ူရှူးအားကစားနည်းမှ ငွေ(၁)ခု၊ ကြေး(၁)ခုရရှိသော မစန္ဒီဦးတို့အား ဆုကြေးငွေနှင့် ဂုဏ်ပြု မှတ်တမ်းလွှာတို့ကို အသီးသီးချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ ဒေါက်တာထွန်းနိုင်မှ ငွေတံဆိပ် ရရှိခဲ့ကြသော အားကစားသမားများ ဖြစ်ကြသည့် ၀ူရှူးအားကစားနည်းမှ မအေးသစ္စာမြင၊့် ဘိလိယက်အားကစားနည်းမှ အောင်ဌေး နှင့် မင်းစည်သူထွန်း၊ ဘိလိယက် အားကစားနည်းမှ ချစ်ကိုကို၊ ဂျူဒိုအားကစားနည်းမှ မအေးအေးအောင်တို့အား ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ ကြေးတံဆိပ်ရရှိခဲ့သော အားကစားသမားများအား ဒုတိယ၀န်ကြီး ဦးမော်မော်၀င်း၊ အမြဲတမ်းအတွင်း၀န် ဦးဌေးအောင်၊ အားကစားအဖွဲ့ချုပ်များ ဖွဲ့စည်းရေး ကြီးကြပ်မှုအဖွဲ့ခေါင်းဆောင် ဦးအောင်ဒင်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်တို့မှ ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။
ဆက်လက်၍
100 Plus C
O.
Ltd
မှ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများအား ဂုဏ်ပြုဆုငွေကျပ် (၇၅)သိန်းအား ဂုဏ်ပြုချီးမြှင့်ခဲ့ရာ အားကစားသမား(၂)ဦးမှ လက်ခံရရှိခဲ့ပါသည်။
ဆက်လက်၍ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ကိုယ်စား ဝူရှူး အားကစားနည်းမှ ရွှေတံဆိပ်ဆုရှင် မမြတ်သက်ဆေု၀ဖြိုးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားကာ (၁၁ : ၀၀)နာရီအချိန်တွင် အခမ်းအနားကို ရုတ်သိမ်း၍ နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း၊ ရွှေတံဆိပ်ဆုရအောင် စွမ်းဆောင်ပေးသော နည်းပြအုပ်ချုပ်သူများ အား ဂုဏ်ပြုဆုငွေ ကျပ်(၅)သိန်း၊ ငွေတံဆိပ်ဆုရအောင် စွမ်းဆောင်ပေးသော နည်းပြ၊ အုပ်ချုပ်သူများအား ဂုဏ်ပြုဆုငွေ ကျပ်(၃)သိန်း၊ ကြေးတံဆိပ်ဆု ရရှိအောင် စွမ်းဆောင် ပေးသော နည်းပြ၊ အုပ်ချုပ်သူများအား ဂုဏ်ပြုဆုငွေ ကျပ်(၂)သိန်း အသီးသီး ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
25 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display