skip to content

 

ထားဝယ် ၁၁ ဇန်နဝါရီ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဖလား (၃)ခရိုင်အသက်(၂၅)နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီက ထားဝယ်မြို့တိုင်းအားကစားကွင်း၌ ကျင်းပခဲ့ရာ ဗိုလ်လုပွဲအဖြစ် ထားဝယ်ခရိုင်အသင်းနှင့် မြိတ်ခရိုင်အသင်းတို့ယှဉ်ပြိုင်ကြကစားရာ  မြိတ်ခရိုင်အသင်းက ထားဝယ်ခရိုင်အသင်းကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ 

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးမှူး  ဦးစိုးမိုးနိုင်က ကြက်ခြေနီအဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်ပြီး တိုင်းဒေသကြီး ဘောလုံးဆပ်ကော်မတီဥက္ကဋ္ဌ ဦးသက်လွင်ဦးက ဒုတိယဆုရရှိသည့်ထားဝယ်ခရိုင်အသင်းအား တစ်ဦးချင်းဆုနှင့် ငွေသားဆုချီးမြှင့်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးတင်အောင်က ပထမဆုရရှိသည့် မြိတ်ခရိုင်အသင်းအား တစ်ဦးချင်းဆုနှင့် ငွေသားဆုချီးမြှင့်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က တံခွန်စိုက်ဒိုင်းဆုချီးမြှင့်ခဲ့ပြီးပြိုင်ပွဲကို ဇန်နဝါရီ ၇ ရက်မှ ၁၁ ရက်အထိ ကျင်းပခဲ့ကြောင်းသတင်းရရှိသည်။

 

Crd:မြန်မာ့အလင်းသတင်းစာ


back to top Eng