Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
(၃၀)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်မှ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့်တွေ့ဆုံညှိနှိုင်းအစည်းအဝေးပြုလုပ်
ရန်ကုန်၊ သြဂုတ်လ(၁၂)ရက်။
(၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲ ကို နို၀င်ဘာလ(၃၀)ရက်နေ့မှ ဒီဇင်ဘာ(၁၂)ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ရာ ၄င်းပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များအား ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်မှ ကြိုတင်ပြင်ဆင်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည် (၁)နာရီက ရန်ကုန်မြို့ ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးထွန်းမြင့်ဦးနှင့် ဦးကျော်ဦး၊ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်အဖွဲ့၀င်များ၊ အဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှူးများ တက်ရောက်ကြသည်။
အစီအစဉ်အရဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်မှ (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ တွင်အောင်မြင်မှုရရှိရေးအတွက် အားလုံးဝိုင်း၀န် အကြံပြု ဆွေးနွေးပေးစေလိုကြောင်း၊ တစ်ချို့အားကစားနည်းတွေဟာ ပါ၀င်ပြီး တစ်ချို့အားကစားနည်းတွေဟာ မပါ၀င် ဘဲ တစ်ချို့အားကစားနည်းတွေကျတော့ အခုမှ Try လုပ်နေကြပါကြောင်း၊ ရွှေ၊ ငွေ၊ ကြေး ရမည့် အဖွဲ့တွေဘဲ စေလွှတ်တာမဟုတ်ဘဲ ဒီပြိုင်ပွဲတွေမှတဆင့် တစ်ခြားနိုင်ငံများသို့ ရောက်တဲ့အခါ တစ်ခြားနိုင်ငံများ၏ Facility ၊ Transport system နှင့် Organizing System ရရှိသိရှိနိုင်အောင်စေလွှတ်ခြင်းဖြစ်ပါကြောင်း၊ အရှေ့တောင်အာရှနှင့် IOC တို့၏ အုပ်ချုပ်/ နည်းပြ တို့နှင့်တွေဆုံနိုင်မှာဖြစ်သလို အထူးသဖြင့် လူငယ်အချင်းချင်းရင်းနှီးပြီး သူတို့နိုင်ငံမှာ ဘာတွေလုပ်နေလဲ ဒီအားကစားနည်းနဲ့ အရင်တုန်းက Yout Development ဖြစ်တဲ့အတွက်ကြောင့် အားကစားသမားတွေ ရွှေရမှ မဟုတ်ဘဲ ရနိုင်တဲ့ အဆင့်တစ်ခု အနေနဲ့လည်း လွှတ်လေ့ရှိပါကြောင်း၊ ဒီနှစ်မှာတော့ တတ်နိုင် သမျှလွှတ်နိုင်မည့် အားကစားနည်းတွေကို ခေါ်ယူစေလွှတ်ရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ အားကစား နည်းများရဲ့ အားသာချက်၊ အားနည်းချက် ရှေ့ဆက်ပြီးဆောင်ရွက်ရမည့် အရှေ့တောင်အာရှရဲ့ မျှော်မှန်းချက်တွေကို ၀န်ကြီးဌာနအနေဖြင့် ကူညီရမည့် ကိစ္စရပ်များကို အဖွဲ့ချုပ်တွေက ပွင့်ပွင့်လင်းလင်းတင်ပြပေးဖို့ လိုအပ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် မှ (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ တွင် အိမ်ရှင်နိုင်ငံမှ အားကစားနည်း (၅၆)မျိုးကျင်းပမည်ဖြစ်ရာမြန်မာနိုင်ငံမှ အားကစားနည်း (၂၇)မျိုး ကိုပဏာမလျာထားပါကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာအားကစားအဖွဲ့ချုပ်များအနေဖြင့် သတ်မှတ်ထားသည့် နေ့ရက်အတွငBy Name / By Event များ အမြန်ဆုံး ပေးပို့နိုင်ရေး၊ အားကစားနည်းအလိုက် မြန်မာအားကစား အဖွဲ့များယှဉ်ပြိုင်ရမည့် နေ့ရက်များနှင့် ပြိုင်ပွဲကျင်းပမည့် နေရာများ တည်းခိုမည့် ဟိုတယ်များ၊ ပြိုင်ပွဲများကျင်းပပြုလုပ်ရာတွင် (၄)နေရာခွဲ၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ဆီဂိမ်း ပြိုင်ပွဲ မတိုင်မီ မြန်မာအားကစားအသင်းများ နိုင်ငံတကာ Joint Training သွားရောက်လေ့ကျင့် နိုင်ရေးလျာထားဆောင်ရွက်နေမှု အခြေအနေများအား အသေးစိတ်ဆွေးနွေးတင်ပြခဲ့ပါသည်။
ဆက်လက်ပြီး ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် ပဏာမလျာထားသည့် အားကစားနည်း (၂၇)နည်း မှ အဖွဲ့ချုပ် ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာ၀န်ရှိသူများ၊ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးများက မိမိတို့ အားကစားသမား စခန်းသွင်းလေ့ကျင့်နေသည့် ကာလအတွင်း တိုးတက်မှုနှင့် အားနည်းချက်/အားသာချက် အခြေအနေများ၊ Joint Training ပူးတွဲ လေ့ကျင့် နိုင်ရေးအစီအစဉ်များ ၊ နိုင်ငံခြားနည်းပြခန့်ထားတာ၀န်ပေးနိုင်ရေး ၊ ပြိုင်ပွဲကာလ(၃)လကျော် အားကစားနည်းအလိုက် လေ့ကျင့်ရေးသုံး အသုံးအဆောင်ပစ္စည်းများ၊ ပြိုင်ပွဲအတွက် အထောက် အကူပြုပစ္စည်းများ ရရှိနိုင်ရေးအခြေအနေများကို အဖွဲ့ချုပ်တာ၀န်ရှိသူများက အသေးစိတ် ဆွေးနွေးတင်ပြပြီးနောက် ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် မှ နီးကပ်လာသည်နှင့်အမျှ အဖွဲ့ချုပ် များမှာလည်း ဝိုင်း၀န်းကူညီဆောင်ရွက်စေလိုကြောင်း တင်ပြထားသည့် အားကစားအထောက် အကူပြုပစ္စည်းများအချိန်မီရရှိနိုင်ရေးအတွက် ဆောင်ရွက်နေပါကြောင်း၊ ဆီဂိမ်းပြိုင်ပွဲအတွက် အဖွဲ့ချုပ်များအနေဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် အချက်အလက်များကို အမြန်ဆုံ အကောင်အထည်ဖော်ဆောင်ရွက်စေလိုကြောင်းဖြင့် နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
13 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display