skip to content

ရန်ကုန်၊ နို၀င်ဘာလ(၂၉)ရက်။        

ဖိလစ်ပိုင်နိုင်ငံတွင်နို၀င်ဘာလ(၃၀)ရက်နေ့မှ ဒီဇင်ဘာလ(၁၁) ရက်နေ့ အထိကျင်းပပြုလုပ်မည့် (၃၀)ကြိမ်မြောက်အရှေ့တောင် အာရှ အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဥဂ္ဂါအေးနှင့်  အလေးမအဖွဲ့မှ (၇)ဦး၊ ကြက်တောင်အဖွဲ့မှ (၆)ဦး၊ ဘတ်စကက်ဘော ၃x၃ အဖွဲ့မှ (၁၀)ဦး၊ နပန်းအဖွဲ့မှ (၂)ဦး၊ သေနတ်ပစ်အဖွဲ့မှ (၂)ဦး၊ တင်းနစ်အဖွဲ့ (၆)ဦး၊ ဝူရှူးအဖွဲ့(၁၆)ဦး၊ဘိုးလင်းအဖွဲ့(၆)ဦး၊ ကနူး/ကယက်အဖွဲ့(၁၀)ဦး၊ ပိုက်ကျော်ခြင်းအဖွဲ့(၁၄)ဦး စုစုပေါင်း(၈၁)ဦးတို့သည် ယနေ့နံနက်ပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်မိုးနှင့် အားကစား နှင့်ကာယပညာဦးစီးဌာန  တာ၀န်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းနှင့် အမှုဆောင်များ၊ မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်နှင့် ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဦးရဲအောင် နှင့်အမှုဆောင်များ၊ မိဘဆွေမျိုးများ က ပို့ဆောင် နှုတ်ဆက်ခဲ့ကြကြောင်း သိရှိရသည်။
 


back to top Eng