skip to content

ရန်ကုန်၊ အောက်တိုဘာလ (၄) ရက်။    

အင်ဒိုနီးရှားနိုင်ငံ ဘာတန်မြို့တွင် စက်တင်ဘာလ (၃၀) ရက်နေ့မှ အောက်တိုဘာလ(၂)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော (၅၃)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံခိုင်မှုချန်ပီယံရှစ် (53rd ASIAN BODYBUILDING AND PHYSIQUE SPORTS CHAMPIONSHIPS) ပြိုင်ပွဲတွင် နိုင်ငံပေါင်း (၂၅)နိုင်ငံမှ အားကစားသမားပေါင်း(၃၀၀)ကျော်က ၀င်ရောက်ယှဉ်ပြိုင်ရာ မြန်မာနိုင်ငံမှ အမျိုးသမီး Junior Fitness Physique ပြိုင်ပွဲတွင် သဲစုက ရွှေတံဆိပ်(၁)ခုနှင့် Junior Model Physique ပြိုင်ပွဲတွင် ငွေတံဆိပ်(၁)ခု၊ အမျိုးသမီး Fitness Physique Up To 165cm ပြိုင်ပွဲတွင် အေးသန္တာခိုင်က ရွှေတံဆိပ်(၁)ခုနှင့် Over 30 Model Physique ပြိုင်ပွဲတွင် ငွေတံဆိပ်(၁)ခု ၊ အမျိုးသမီး Model Physique Up To 160cm ပြိုင်ပွဲတွင် သန္တာဦးက ငွေတံဆိပ်(၁)ခု၊ အမျိုးသား/ အမျိုးသမီး Mixed Pairs ပြိုင်ပွဲတွင် ထွန်းထွန်းအောင်နှင့် သန္တာဦးတို့က ကြေးတံဆိပ်(၁)ခု အသီးသီးရရှိခဲ့ကြပြီး နိုင်ငံအလိုက် အမျိုးသမီးအသင်းလိုက် တံခွန်စိုက်ဆုကို ထိုင်းနိုင်ငံက ပထမ၊ ဗီယက်နမ်နိုင်ငံက ဒုတိယနှင့် မြန်မာနိုင်ငံက တတိယရရှိခဲ့ကြသည်။

အဆိုပါ အောင်ပွဲရအားကစားအဖွဲ့သည် ယမန်နေ့ညနေ (၅)နာရီအချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိရာ မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအဖွဲ့ချုပ် အမှုဆောင်နှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစား အဖွဲ့ချုပ်မှ အမှုဆောင်နှင့် တာ၀န်ရှိသူများ၊ မိဘဆွေမျိုးများက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။


back to top Eng