skip to content
 
နေပြည်တော်၊ ဒီဇင်ဘာ(၁၂)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် Myan Shwe Pyi Tractors Limited, Myanmar C.P. Livestock Co.,Ltd, F&N Co.,Ltd (100 PLUS) နှင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပပြုလုပ်သည့် (၅၉)ကြိမ်မြောက် အမျိုးသားတံခွန်စိုက် ဆုဖလားစက်ဘီး (BMX) ပြိုင်ပွဲကို ယနေ့နံနက် (၇)နာရီအချိန်၌ နေပြည်တော်ရှိ Mount Pleasant တွင် ကျင်းပပြုလုပ်ခဲ့သည်။
 
ရှေးဦးစွာ အမျိုးသား (BMX) Elite  စက်ဘီးပြိုင်ပွဲတွင် ကလပ်အသင်းများမှ မျိုးဆက်သစ်အားကစားသမား စုစုပေါင်း(၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြရာ ပထမ ဇာနည်(၃၅.၁၁)၊ ဒုတိယ ခွန်အောင်သိန်း(၃၈.၇ဝ)၊ တတိယ ကောင်းထက်သာ(၃၆.၇၇)၊စတုတ္တ ဝေယံလင်း (၃၈.၇ဝ)၊ပဉ္စမ ကျော်ဇင်သန့်(၄ဝ.၃၅)တို့မှ အနိုင်ရရှိခဲ့သည်။
 
ဆက်လက်၍ အမျိုးသား (BMX) Beginner  စက်ဘီးပြိုင်ပွဲတွင် ကလပ်အသင်းများမှ မျိုးဆက်သစ်အားကစားသမားစုစုပေါင်း(၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြရာ ပထမ စောအယ်ခူး (၄၂.၈၂)၊ ဒုတိယ ဖြိုးဟိန်းကျော်(၄၇.ဝ၈)၊ တတိယ သူရ(၄၈.၅၅)၊ စတုတ္တ အောင်ဘ (၄၈.၈၃)၊ပဉ္စမ ရန်နိုင်(၄၉.၉၈)တို့မှ အနိုင်ရရှိခဲ့သည်။
 
အဆိုပါ (၅၉)ကြိမ်မြောက် အမျိုးသားတံခွန်စိုက် (Down Hill) စက်ဘီးစီးပြိုင်ပွဲများကို ဒီဇင်ဘာ(၁၃)ရက်နေ့ နံနက်(၇)နာရီအချိန်တွင် Mount Pleasant ၌ စတင်ပြီး ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသဖြင့် စက်ဘီးအားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုအားပေး နိုင်ပါကြောင်း သိရှိသည်။
 

back to top Eng