Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
2018 South East Asian Amateur Golf Team Championship (PUTRA CUP) ဂေါက်သီးရိုက်ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ ဒီဇင်ဘာ (၁၂)ရက်။
2018 South East Asian Amateur Golf Team Championship (PUTRA CUP)
ဂေါက်သီးရိုက်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အစည်းအဝေးအား ယနေ့နံနက် (၁ဝ)နာရီအချိန်တွင် နေပြည်တော်ရှိ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ရုံးအမှတ်(၃၁)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး တက်ရောက် အမှာစကား ပြောကြား၍ ဦးဆောင်ဆွေးနွေးခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့်အတူ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ် ဥက္ကဌ ဦးကိုကိုအောင်နှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအသီးသီး၏ အရာရှိကြီးများတက်ရောက်ကြပါသည်။
ရှေးဦးစွာ ဒုတိယအမြဲတမ်းအတွင်းဝန်မှ အမှာစကားပြောကြားရာတွင်
2018 South East Asian Amateur Golf Team Championship(PUTRA CUP)
ပြိုင်ပွဲကို အပြည်ပြည်ဆိုင်ရာ ဂေါက်သီးရိုက်ပြိုင်ပွဲတစ်ရပ်ကို အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခြင်းဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အေးချမ်းတည်ငြိမ်မှုနှင့် ခေတ်မှီ ဖွံ့ဖြိုးတိုးတက်နေမှု ပကတိ အခြေ အနေများကို အားကစားမှ တစ်ဆင့် နိုင်ငံတကာမှ သိမြင်နားလည်ခွင့်ရရှိစေရန် မြန်မာနိုင်ငံရှိ လူငယ်သွေးသစ် ဂေါက်သီးရိုက် အားကစားသမားများ၊ ဂေါက်သီး ရိုက်ဝါသနာရှင်များနှင့် လုပ်သား ပြည်သူများသည် နိုင်ငံတကာ ဂေါက်သီးရိုက် ပြိုင်ပွဲကို နီးနီးကပ်ကပ် မျက်မြင် ကိုယ်တွေ့ လေ့လာခွင့် ရရှိခြင်းဖြင့် ဂေါက်သီး အားကစားသမား လောက ပိုမို တိုးတက် ဖွံ့ဖြိုး လာစေရန်၊ မြန်မာ့ ဂေါက်သီးရိုက် အားကစားသမားများ၏ တိုးတက်မှု အခြေအနေကို ဆန်းစစ် လေ့လာနိုင်ရန်၊ မြန်မာမျိုးဆက်သစ်လူငယ် ဂေါက်သီး အားကစားသမားများ ပိုမိုပေါ်ထွက်လာပြီး အရှေ့တောင်အာရှမှစ၍ ကမ္ဘာ့အဆင့် ပြိုင်ပွဲများသို့တိုင် အဆင့်အတန်းမှီမှီ ပါဝင်နိုင်ပြီး အားကစားဖြင့် နိုင်ငံဂုဏ်ဆောင်နိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်း ဖြစ်ပါကြောင်း-
ပြိုင်ပွဲသို့ အာဆီယံ(၁ဝ)နိုင်ငံနှင့် ဟောင်ကောင်၊ ပါပူဝါနယူးဂီနီနိုင်ငံ (၁၂) နိုင်ငံတို့အား ဖိတ်ကြားခဲ့ပြီး ၊အားကစားသမား (၁ဝဝ)ဦးခန့် ပါဝင် ယှဉ်ပြိုင်မည် ဖြစ်ပါကြောင်းနှင့် ယခု
(PUTRA CUP)
ပြိုင်ပွဲအား မြန်မာနိုင်ငံမှ (၁၉၆၉ခုနှစ်၊ ၁၉၇၇ခုနှစ်၊ ၁၉၈၄ခုနှစ်၊ ၁၉၉၆ခုနှစ်၊ ၂ဝဝ၅ခုနှစ်) လက်ခံကျင်းပခဲ့ပြီး၊ ယခုပြိုင်ပွဲအား (၆)ကြိမ်မြောက်အဖြစ် လက်ခံကျင်းပခြင်း ဖြစ်ပါသည်။
ယခု ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးသည် မိမိနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို မြှင့်တင်ရာ ရောက်ပါကြောင်း၊ သို့ဖြစ်ပါ၍ တက်ရောက်လာကြသည့် ဆပ်ကော်မတီအသီးသီးမှ ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးကို ဝိုင်းဝန်း အကြံပေး ကူညီဆောင်ရွက် ပေးကြပါရန် ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ဂေါက်သီးအဖွဲ့ချုပ် ဥက္ကဌ ဦးကိုကိုအောင်မှ ပြိုင်ပွဲနှင့်ပတ်သက်၍ ပြောကြားရာတွင် ပြိုင်ပွဲအား နေပြည်တော်ရှိ မြို့တော် ဂေါက်ကွင်း၌ ဒီဇင်ဘာလ (၂ဝ)ရက်နေ့မှ (၂၃) ရက်နေ့ထိ ကျင်းပမည့် ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား (၄)မျိုးဖြစ်သည့်-
58
th
Putra Cup ပြိုင်ပွဲ ၊12
th
Lion City Cup ပြိုင်ပွဲ ၊10
th
Santi Cup ပြိုင်ပွဲ ၊6
th
Kantini Cup ပြိုင်ပွဲများကို ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင် (၁၂) နိုင်ငံမှ အားကစားသမား(၁ဝဝ) ခန့်ပါဝင် ယှဉ်ပြိုင်မည် ဖြစ်ပြီး ပြိုင်ပွဲ အောင်မြင်စွာ လက်ခံ ကျင်းပနိုင်ရေးနှင့် ပြိုင်ပွဲ လက်ခံမည့် ဂေါက်ကွင်း တာဝန်ခံများနှင့် ပေါင်းစပ်ညှိနှိုင်းရမည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ပါသည်။
ဆက်လက်၍ အစည်းအဝေး တက်ရောက်လာကြသည့် ဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများမှ ပြိုင်ပွဲလုံခြုံရေးကိစ္စရပ်များ၊ ကျန်းမာရေးစောင့်ရှောက်မှုကိစ္စရပ်များ၊ သယ်ယူပို့ဆောင်ရေးကိစ္စရပ်များ၊ ဗီဇာကတ်ရရှိရေးကိစ္စရပ်များ၊ လျှပ်စစ်မီး မဖြတ်တောက်ရေးကိစ္စရပ်များ၊ ပြိုင်ပွဲဝင်များနှင့် ပတ်သက်သောကိစ္စရပ်များ၊ ပြိုင်ပွဲ ကျင်းပရေး နေရာတွင် Wifi ရရှိရေးကိစ္စရပ်များ၊ ပြိုင်ပွဲ ဖွင့်ပွဲနှင့် ဆုပေးပွဲအခမ်းအနားများ ပေါင်းစပ်ည§ိနှိုင်းရေးကိစ္စရပ်များအား အသီးသီး ဝိုင်းဝန်း ဆွေးနွေးကြပါသည်။
ဆက်လက်၍ ဒုတိယအမြဲတမ်းအတွင်းဝန်မှ နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားအားရုပ်သိမ်းခဲ့ပါသည်။
18 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display