skip to content
 
 
ရန်ကုန်၊ နို၀င်ဘာလ(  ၅   )ရက်။
 
၂၀၁၈ခုနှစ်၊ သတ္တမအကြိမ်မြောက် အရှေ့တောင်အာရှတံခွန်စိုက်မြားပစ်ပြိုင်ပွဲ 7th South East Asian Open Championship-2018 ပြိုင်ပွဲ ဒုတိယနေ့ပြိုင်ပွဲ၌ မြန်မာအသင်းက ရွှေ(၆)ခု၊ ငွေ(၃)၊ကြေး(၄)ခုရရှိ ပြိုင်ပွဲကို ရန်ကုန်မြို့ ကျိုက္ကဆံမြားပစ်ကွင်း၌ အိမ်ရှင်အဖြစ်  နို၀င်ဘာ(၃)ရက်နေ့မှ (၇)ရက်နေ့အထိ ကျင်းပလျက်ရှိရာ နို၀င်ဘာလ(၅)ရက်နေ့တွင် တတိယနေ့အဖြစ် အမျိုးသမီး Recurveဖိုင်နယ်ပြိုင်ပွဲများနှင့် အမျိုးသားRecurveဖိုင်နယ်ပြိုင်ပွဲများကျင်းပရာ အမျိုးသမီးတစ်ဦးချင် Recurveမီတာ(၇၀) Semifinalsပွဲစဉ်တွင် စန္ဒာဦး(မြန်မာ)နှင့် Lee Shuk Kwan(ဟောင်ကောင်)တို့ ယှဉ်ပြိုင်ကြရာ ရမှတ်(၅)မှတ်စီတိုင်ဖြစ်နေ၍ တစ်ချောင်းစီပစ်ခတ်ရာ ဟောင်ကောင်က(၈)မှတ် (၉)မှတ်ဖြင့် ဖိုင်နယ်သို့ တက်ရောက်သွားပြီး  တစ်ဖက်မှ ပြည့်စုံနှင်း (မြန်မာ)က Cheng  Ching Yi(ဟောင်ကောင်)အား ရမှတ်(၆)မှတ်(၂)မှတ်ဖြင့်အနိုင်ရရှိပြီး ဖိုင်နယ်သို့တက်ရောက်သွားကာ ဖိုင်နယ်ပွဲစဉ်တွင် Lee Shuk Kwan(ဟောင်ကောင်)က ပြည့်စုံနှင်း(မြန်မာ)ကို (၉)မှတ် (၆)မှတ်ဖြင့် အနိုင်ရရှိဗိုလ်စွဲသွားသည်။ အမျိုးသမီး Recurve တတိယလုပြိုင်ပွဲတွင်  Cheng Ching Yi(ဟောင်ကောင်)က စန္ဒာဦး(မြန်မာ)ကို (၉)မှတ် (၁၀)မှတ်ဖြင့် အနိုင်ရရှိပြီး တတိယရရှိသွားသည်။
 
 
ဆက်လက်ပြီး အမျိုးသားတစ်ဦးချင်း Recurve မီတာ(၇၀) ဆီမီးဖိုင်နယ်ပြိုင်ပွဲတွင် Wu Lei(ဟောင်ကောင်)က ကောင်းခန့်မော်(မြန်မာ)ကို (၆)မှတ် (၉)မှတ်ဖြင့်အနိုင်ရရှိပြီး  ဖိုင်နယ်သို့ တက်ရောက်သွားကာ တစ်ဖက်အုပ်စုမှ MD. Emdadul  Haque  Milon(ဘင်္ဂလားဒေ့ရှ်) က (၆)မှတ်၊ (၁၀)မှတ်ဖြင့် အနိုင်ရရှိပြီး ဖိုင်နယ်သို့ တက်ရောက်သွားသည်။
 
ဖိုင်နယ်ပြိုင်ပွဲ၌ MD. Emdadul  Haque  Milon(ဘင်္ဂလားဒေ့ရှ်) က Denchai  Thepna ကို ရမှတ်(၆)မှတ်၊ (၂)မှတ်ဖြင့် အနိုင်ရဗိုလ်စွဲသွားပြီး၊ တတိယလုပြိုင်ပွဲတွင် ထိုက်လင်းဦး (မြန်မာ)က Wu Lei (ဟောင်ကောင်)ကို (၈)မှတ် (၇)မှတ်ဖြင့် အနိုင်ရရှိသွားသည်။
 
 
အဆိုပါပြိုင်ပွဲများတွင် အနိုင်ရရှိသူများအား ဆုများချီးမြှင့်ရာ Recurve အမျိုးသမီးတစ်ဦးချင်း မီတာ(၇၀)ပြိုင်ပွဲတွင် ပထမရွှေတံဆိပ်ဆုရ စန်းနုလွင်(မြန်မာ)၊ ဒုတိယ သီတာနွယ် (မြန်မာ)နှင့် တတိယ ခင်လေးလွင်(မြန်မာ)တို့အား Vice President of World Archery & President of SEAAF  Mr. Sanguan Kosavinta မှလည်းကောင်း၊ အမျိုးသားတစ်ဦးချင်း Recurve မီတာ(၇၀)ပြိုင်ပွဲ၌ ကောင်းခန့်မော်(မြန်မာ)က ပထမရွှေတံဆိပ်ဆု၊ ဒုတိယဆုကို ထိုင်းမှလည်းကောင်း၊ တတိယဆုကို နေလင်းဦး(မြန်မာ)တို့အား President  of  SEAAF and Honorary Patron of Myanmar Archery Federadionမှ ဒေါက်တာခင်ရွှေကလည်းကောင်း၊ အမျိုးသားတစ်ဦးချင်းမီတာ(၅၀)Compoundပြိုင်ပွဲ၌ ပထမ ရွှေတံဆိပ်ကို ဇင်သူရိန်မှူး(မြန်မာ)၊ ဒုတိယဆုနှင့်တတိယဆုကို ဟောင်ကောင်တို့အား မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဥက္ကဌ ဦးဇေသီဟမှလည်းကောင်း၊ အမျိုးသမီးအသင်းလိုက် မီတာ(၅၀) Compound ပြိုင်ပွဲ၌ ပထမ ထိုင်းအသင်း၊ ဒုတိယမြန်မာအသင်းနှင့် တတိယဟောင်ကောင် အသင်းတို့အား Vice President and Secretary General of SEAAF,  Maji. (Rtd) Baharuddi Jamil    မှလည်းကောင်း၊ အမျိုးသား/အမျိုးသမီး မီတာ(၇၀) Recurve ပြိုင်ပွဲ၌ ပထမမြန်မာ  (A)အသင်း၊ ဒုတိယ(ထိုင်း)အသင်း၊ တတိယမြန်မာ(B)အသင်းတို့အား ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း၀န် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးကျော်ဦးမှလည်းကောင်း၊ အမျိုးသားအသင်းလိုက် မီတာ(၅၀)Compound ပြိုင်ပွဲ၌  ပထမ(ဟောင်ကောင်)အသင်း၊ ဒုတိယ(မြန်မာ)အသင်း၊ တတိယ (လာအို)အသင်း တို့အား Judge  Chairman  of World  Arechery  ASSA  Mr. Frankie  Hong Mouswi  မှလည်းကောင်း၊ အမျိုးသား/အမျိုးသမီး အသင်းလိုက် မီတာ(၇၀) Recurveပြိုင်ပွဲ၌ ပထမမြန်မာ(A)အသင်း၊ ဒုတိယဘင်္ဂလားဒေ့ရှ်အသင်း၊ တတိယ မြန်မာ(B)အသင်းတို့အား မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်နာယက ဒေါ်နန်းအေးခိုင် မှလည်းကောင်း၊အမျိုးသား/အမျိုးသမီး အသင်းလိုက် မီတာ(၅၀) Compound ပြိုင်ပွဲ၌ ပထမမြန်မာအသင်း၊ ဒုတိယ လာအိုအသင်း၊ တတိယ ဟောင်ကောင်အသင်း တို့အားမြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဒုတိယဥက္ကဌဦးတောက်ထွန်းမှလည်းကောင်းဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
 
7th South East Asian Open Championship-2018  ပြိုင်ပွဲကို နို၀င်ဘာ(၇)ရက်နေ့အထိ ဆက်လက်ကျင်းပမည်ဖြစ်ရာ ယနေ့အထိ နိုင်ငံလိုက်ရပ်တည်မှုအရ မြန်မာက ရွှေ(၆)ခု၊ ငွေ(၃)ခု၊ ကြေး(၄)ခု နိုင်ငံအလိုက် ပထမအဖြစ်လည်းကောင်း၊ ဟောင်ကောင်အသင်းက ရွှေ(၁)ခု၊ ငွေ(၁)ခု၊ ကြေး(၃)ဖြင့်နိုင်ငံလိုက် ဒုတိယ၊ ထိုင်းအသင်းက ရွှေ(၁)ခု၊ ငွေ(၂)ခု ဖြင့်နိုင်ငံလိုက် တတိယ၊ လာအိုအသင်းက ရွှေ(၁)ခု၊ ကြေး(၁)ဖြင့် နိုင်ငံလိုက် စတုတ္ထနှင့် ဘင်္ဂလားဒေ့ရှ်အသင်းကငွေ(၁)ခုဖြင့် နိုင်ငံလိုက် ပဉ္စမအသီးသီးရရှိထားကြပြီး ပြိုင်ပွဲများကို နို၀င်ဘာလ(၆)ရက် နံနက်(၈)နာရီမှစတင်ကာ ကျိုက္ကဆံမြားပစ်ကွင်း၌ ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

back to top Eng