ရန်ကုန်၊ မေလ( ၂၅ )ရက်။
EIM Myanmar National Technical Committee အစည်းအဝေးကို ယနေ့နံနက်(၉)နာရီက ရန်ကုန်တိုင်းဒေသကြီး ၊ပြည်သူ့ကျန်းမာရေး တက္ကသိုလ် ၌ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ဒေါက်တာမြလေးစိန်၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)ပါမောက္ခ ဒေါက်တာမြင့်ဟန်၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ် ပါမောက္ခချုပ် (ငြိမ်း) ပါမောက္ခ ဒေါက်တာ နေစိုးမောင် ၊ ဆေးသုတေသန ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာရဲထွဋ် နှင့် ညွှန်ကြားရေးမှူး(ငြိမ်း) ဒေါက်တာစန်းရွှေ၊ ဆေးတက္ကသိုလ်(၁) မှ ပါမောက္ခများ နှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ဒေါက်တာမြလေးစိန် က အဖွင့်အမှာစကားပြောကြားရာတွင် EIM ဆောင်ရွက်နေသော ကမ္ဘာ့နိုင်ငံပေါင်း (၄ဝ)ကျော် နှင့် အရှေ့တောင်အာရှ နိုင်ငံတော်တော် များများမှာလည်း လုပ်ဆောင်နေပြီး မြန်မာနိုင်ငံတွင် ဆရာဝန်များက ကျန်းမာရေး စောင့်ရှောက်မှုတွင် ဆေးချည်းဘဲသက်သက်ကုသခြင်းမဟုတ်ဘဲ Exercise နှင့် တွဲ၍ကုသရန် လမ်းညွှန်ထားပြီးဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သည် အိန္ဒိယနိုင်ငံတွင်ကျင်းပသော WHO ညီလာခံတက်ရောက်ခဲ့ပြီးနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ရည်မှန်းချက်(၂)ရပ်ဖြစ်သော (၁)လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာ နေနိုင်ရေး၊(၂)လူတိုင်းရောဂါဘယကင်းရှင်းရေးကို ဦးတည်လျက် တစ်မျိုးသား လုံးကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး (Exercise is Medicine) ခေါင်းစဉ်ဖြင့် မူဝါဒချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန် လမ်းညွှန်ပေးခဲ့ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှုဖြင့် အမျိုးသားအဆင့် Healthy Myanmar Seminar ကို ၂.၁ဝ.၂ဝ၁၇ ရက်နေ့မှ ၃.၁ဝ.၂ဝ၁၇ ရက်နေ့အထိ ကျင်းပပြီး Seminar တွင် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် တာဝန် ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဦးစီးဌာနများမှ ပညာရှင်များ၊ ဝန်ထမ်းများပါဝင်၍ ရည်ရွယ်ချက်များအကောင်အထည်ဖော်နိုင်ရေးအတွက် လက်တွေ့ကျကျ လုပ်ငန်းစဉ်များကို အဓိကထားဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ Healthy Myanmar Seminar မှ ထွက်ပေါ်လာသော အချက်များအား အစိုးရအဖွဲ့ရုံးသို့ တင်ပြခဲ့ရာ လုပ်ငန်းစဉ် (၇)ချက်ကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်ရန် လမ်းညွှန်ခဲ့ပါ ကြောင်း၊ Seminar မှ ရရှိလာသည့် လုပ်ငန်းဆိုင်ရာ Frame work နှင့် Strategy များကို တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သက်ဆိုင်ရာ အစိုးရအဖွဲ့များ၏ လူမှုရေး ဝန်ကြီးများက ဥက္ကဌတာဝန်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးများက အတွင်းရေးမှူးတာဝန်ယူ၍ Healthy Myanmar (Exercise is Medicine) လုပ်ငန်းကော်မတီများဖွဲ့စည်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး အစီအစဉ်ကို အများပြည်သူတက်ကြွစွာပါဝင်လှုပ်ရှားမှု အသွင်ဖြင့် ပြည်နယ်နှင့်တိုင်း(၆)ခုမှ ဆောင်ရွက်ခဲ့ပါကြောင်း၊ EIM Global Center နှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန် EIM Myanmar National Center ကို ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (UOPH) တွင် ဖွင့်လှစ်ထားရှိပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ဥက္ကဌအဖြစ် ဆောင်ရွက်သော Advisory Board for EIM Myanmar National Center နှင့် EIM Myanmar National Technical Committee တို့ကိုလည်း ဖွဲ့စည်း ၍ကျန်းမာကြံ့ခိုင်သော လူမျိုးအဖြစ် ရပ်တည်ရေး၊ ဆေးကုသမှုဦးရေလျော့နည်းရေးကို ဆောင်ရွက်ဖို့လိုအပ်တဲ့အတွက် EIM Myanmar National Technical Committee အနေဖြင့် ယခုလို အစည်းအဝေးခေါ်၍ မည်သို့လုပ်ဆောင်ရမည်ကို ဝို်င်းဝန်းအကြံပေးကြဖို့ ပြောကြားခဲ့သည်။
ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကျွမ်းကျင်သူ EIM Myanmar National Technical Committee အတွင်းရေးမှူး ဒေါက်တာရဲတင့်လွင် က ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး (Exercise is Medicine)အကောင်အထည်ဖော်မည့် အဖွဲ့အစည်း လုပ်ငန်း ကော်မတီ (EIM Myanmar National Technical Committee) ၏ လုပ်ငန်းတာဝန်များ နှင့် အကောင်အထည်ဖော်ရန်လိုအပ်နေသည့် Exercise is Medicine) Health Initiatives Strategic Plan ကို ချပြဆွေးနွေးရာ တက်ရောက်လာကြသည့် တာဝန်ရှိပုဂ္ဂိုလ် များက ပြန်လည်ဆွေးနွေးခဲ့ပြီး ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသတင်းရရှိသည်။