skip to content
 
နေပြည်တော်၊ဇူလိုင်(၂၉)ရက်။
 
အပြည်ပြည်ဆိုင်ရာအလေးမအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် IWF Development Program 2019  Seminar and Workshop For Technical Officials အလုပ်ရုံဆွေးနွေးပွဲပိတ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၁:၀၀)နာရီအချိန်တွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာ မြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ အပြည်ပြည်ဆိုင်ရာအလေးမအဖွဲ့ချုပ် (IWF)နည်းစနစ်နှင့်ဒိုင်ကော်မတီအဖွဲ့၀င် Dr SIRILAK Thatman၊   အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်မှ တာ၀န်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါသည်။
 
 
 
ရှေးဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်မှ အမှာစကားပြောကြားရာတွင် မြန်မာ့အလေးမအားကစားလောကဖွံ့ ဖြိုးတိုးတက်လာစေရန် ခေတ်မှီသိပ္ပံနည်းကျသော နည်းစနစ်များ၊နည်းဗျူဟာများ၊ ဥပဒေပိုင်းများ၊ အားကစားစီမံခန့်ခွဲမှုဆိုင်ရာပညာရပ်များပေါင်းစပ်၍ ကြိုးစားဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာလေ့လာကြရန်လိုအပ်ပါကြောင်း၊ ယခုဆွေးနွေးပွဲမှ ရရှိသည့်သင်ခန်းစာများနှင့်ပေါင်းစပ်ပြီး မိမိတို့ရှိ အရည်အချင်းများဖြင့် သမာသမတ်ရှိသည့် ဒိုင်လူကြီးများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ အလုပ်ရုံ ဆွေးနွေးပွဲအောင်မြင်အောင် ကျင်းပပြုလုပ်ခွင့်ပေးခဲ့သည့် အပြည်ပြည်ဆိုင်ရာအလေးမအဖွဲ့ချုပ်ဥက္ကဋ္ဌ Mr TAMAS AJAM, Mr INTARAT, Mr MIWAT (TAWA), ဦးဆောင်ဆွေးနွေးခဲ့သည့် Dr. Sirilak That နှင့် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်မှ တာ၀န်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
 
ထို့နောက် Technical Expert Dr. Sirilak Thatman မှအလုပ်ရုံဆွေးနွေးပွဲတက်ရောက်သူများအား ဂုဏ်ပြုလက်မှတ်ပေးအပ်ရာ သင်တန်းသားများကိုယ်စား အမျိုးသားကိုယ်စားလှယ်(၂)ဦး၊ သင်တန်းသူများကိုယ်စား အမျိုးသမီးကိုယ်စားလှယ် (၂)ဦးမှ လက်ခံရယူခဲ့ပါသည်။
 
 
ထို့နောက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်မှ Technical Expert Dr. Sirilak Thatman အားဂုဏ်ပြုလက်မှတ်ချီးမြှင့်ခဲ့ပါသည်။
 
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲတက်ရောက်သူများကိုယ်စား သင်တန်းသားကိုယ်စားလှယ်တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
 
ထို့နောက် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ အပြည်ပြည်ဆိုင်ရာအလေးမအဖွဲ့ချုပ် (IWF) နည်းစနစ်နှင့်ဒိုင်ကော်မတီအဖွဲ့၀င် Dr SIRILAK Thatman  အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံအလေးမ အဖွဲ့ချုပ်မှ တာ၀န်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ  အမှတ်တရမှတ်တမ်းတင် စုပေါင်းဓါတ်ပုံရိုက်ကူးခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲပိတ်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
 
အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို (၂၇.၇.၂၀၁၉)ရက်နေ့မှ (၂၉.၇.၂၀၁၉)ရက်နေ့အထိ သင်တန်းသား (၃၂)ဦး၊ သင်တန်းသူ(၁၈) ဦး၊ စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
 

back to top Eng