skip to content


 
ရန်ကုန်   ဇန်နဝါရီ   ၅
 
မြန်မာ့လက်ရွေးစင် ယူ-၁၉ အမျိုးသမီးအသင်းသည် ဂျပန်-အာဆီယံ ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး အစီ အစဉ် JENESYS  Inbound Program  အရ ကျင်းပသည့်   Japan-ASEAN  Youth  Sports Exchange (Women’s Football) ပြိုင်ပွဲသို့ ဂျပန်နိုင်ငံဘောလုံးအဖွဲ့ချုပ် (JFA) ၏ ဖိတ်ကြားချက်အရ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
 
ပြိုင်ပွဲကို ဂျပန်နိုင်ငံ အိုကီနာဝါစီရင်စု၌ မတ် ၂ ရက်မှ ၆ ရက်ထိ ကျင်းပရန်စီစဉ်ထားပြီး အာဆီယံဒေသမှ မြန်မာ့ လက်ရွေးစင် ယူ-၁၉ အမျိုးသမီးအသင်းအပြင် ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း နှင့် ဗီယက်နမ် ယူ-၁၉ အမျိုးသမီး အသင်းတို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
 
လက်ရှိတွင် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းများသာ ထွက်ပေါ်သေးပြီး ပြိုင်ပွဲနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များထွက်ပေါ်လာပါက ဆက်လက်ထုတ်ပြန်ပေးမည်ဖြစ်သည်။  

 


back to top Eng