skip to content

 

 

နေပြည်တော်၊ သြဂုတ် (၅)ရက်။   

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်သည့် SMM 3rd Asian ''Asia World Foundation '' Men's U-23  Volleyball Championship ပြိုင်ပွဲအား ယနေ့နံနက် (၁၁)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားရုံ(B)နှင့် (C)တို့၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ညွှန်ကြားရေးမှူးများနှင့်တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးသိန်း၀င်းနှင့်တာ၀န်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးကြပါသည်။

 

ယနေ့ပွဲစဉ်များအဖြစ် ၀ဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက်ယှဉ်ပြိုင်ကစားကြရာ  သီရိလင်္ကာအသင်းနှင့် ဟောင်ကောင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ (၂၅-၁၇)မှတ်၊ (၂၅-၂၂)မှတ်၊ (၂၅-၂၂)မှတ်ဖြင့်လည်းကောင်း၊ သြစတေးလျအသင်းနှင့် မြန်မာအသင်းတို့ယှဉ်ပြိုင်ကစားကြရာ(၂၄-၂၆)မှတ်၊ (၂၃-၂၅)မှတ်၊ (၂၅-၁၇)မှတ်၊ (၂၇-၂၅)မှတ်၊ (၁၅-၁၀) မှတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။

ဆက်လက်၍ ၀ဏ္ဏသိဒ္ဓိအားကစားရုံ(B)၌  ဆက်လက်ယှဉ်ပြိုင်ကစားကြရာ  တရုတ်အသင်းနှင့် နယူးဇီလန်အသင်းတို့ယှဉ်ပြိုင်ကစားကြရာ (၂၅-၁၃)မှတ်၊ (၂၅-၁၁)မှတ်၊ (၂၅-၁၀)မှတ်ဖြင့်လည်းကောင်း၊ ပါကစ္စတန်အသင်းနှင့် တရုတ်(တိုင်ပေ)အသင်းတို့ယှဉ်ပြိုင်ကစားကြရာ(၂၀-၂၅)မှတ်၊ (၂၅-၁၈) မှတ်၊ (၂၅-၁၈)မှတ်၊ (၂၅-၁၇)မှတ် ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။

ဆက်လက်၍ ၀ဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ထိုင်းအသင်းနှင့် အိန္ဒိယအသင်း၊ ကာတာအသင်းနှင့် ဘာရိန်းအသင်း၊၀ဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ဂျပန်အသင်းနှင့် ဗီယက်နမ်အသင်း၊ ကာဇက်စတန်အသင်းနှင့် ဆော်ဒီအာရေးဘီးယား အသင်း တို့ဆက်လက်ယှဉ်ပြိုင် ကစားလျက်ရှိကြောင်းသိရှိရပါသည်။

အဆိုပါ SMM 3rd Asian ''Asia World Foundation '' Men's U-23  Volleyball Championship ပြိုင်ပွဲကို (၃.၈.၂၀၁၉) ရက်နေ့မှ (၁၁.၈.၂၀၁၉)ရက်နေ့ထိ ၀ဏ္ဏသိဒ္ဓိအားကစားရုံ (B)နှင့်(C)တို့၌ နေ့စဉ်နံနက် (၁၁)နာရီအချိန်မှစတင်၍ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ဘော်လီဘော အားကစားနည်းကို စိတ်ပါ၀င်စားသူများအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိသည်။

 

 


back to top Eng