နေပြည်တော်၊ သြဂုတ် (၁၁)ရက်။
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်သည့် SMM 3rd Asian ''Asia World Foundation '' Men's U-23 Volleyball Championship ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားအား ယနေ့ညနေ(၆)နာရီခွဲအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားအိုလံပစ် ကောင်စီအတွင်းရေးမှူး၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီအဖွဲ့၀င်များဖြစ်ကြသော ပြန်ကြားရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်လှထွန်း၊ ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦး၀င်းမော်ထွန်း၊ အာရှဘော်လီဘောအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘော်လီဘော အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌဦးသိန်း၀င်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းနှင့် တာ၀န်ရှိသူများ တက်ရောက်ကြပါသည်။
ယနေ့နံနက် အဆင့်(၇-၈)ပွဲစဉ်အဖြစ် နံနက်(၁၁)များအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ယှဉ်ပြိုင်ကစားကြရာ သီရိလင်္ကာအသင်းနှင့် သြစတေးလျအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ သြစတေးလျအသင်းမှ(၂၄-၂၆)မှတ်၊ (၁၆-၂၅)မှတ်၊ (၁၅-၂၅)မှတ်ဖြင့် သြစတေးလျအသင်းမှ (၃)ပွဲပြတ်ဖြင့် လည်းကောင်း၊ အဆင့်(၅-၆)ပွဲစဉ်အဖြစ် နေ့လယ်(၁)နာရီခွဲအချိန်တွင် တရုတ်အသင်းနှင့်ကာဇက်စတန်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တရုတ်အသင်းမှ (၂၂-၂၅)မှတ်၊ (၂၅-၁၄)မှတ်၊ (၂၅-၁၇)မှတ်၊ (၂၂-၂၅)မှတ်၊ (၁၁-၁၅)မှတ်ဖြင့်လည်းကောင်း၊ တတိယလုပွဲ ပွဲစဉ်အဖြစ် ညနေ(၄)နာရီတွင် ဂျပန်အသင်းနှင့် ပါကစ္စတန်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဂျပန်အသင်းမှ (၂၅-၁၈)မှတ်၊ (၂၅-၂၃)မှတ်၊ (၂၅-၁၈)မှတ်ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ညနေ(၆)နာရီခွဲအချိန်တွင် တရုတ်(တိုင်ပေ)အသင်းနှင့် အိန္ဒိယအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တရုတ်(တိုင်ပေ)အသင်းမှ (၂၅-၂၁)မှတ်၊ (၂၅-၂၀)မှတ်၊ (၁၉-၂၅)မှတ်၊ (၂၅-၂၃)မှတ်(၃)ပွဲ (၁)ပွဲဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။
ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပထမ အကောင်းဆုံး အစွန်ရိုက်ဆုရရှိသော ပါကစ္စတန်အသင်းမှ Ali Usman Faryad(No.7)၊ ဒုတိယအကောင်းဆုံး အစွန်ရိုက်ဆုရရှိသော ဂျပန်အသင်းမှ Arai Yudai (No.4)၊ ပထမ အလယ်ပိတ်ဆို့မှု အကောင်းဆုံးဆုရရှိသော ဂျပန်အသင်းမှ Murayama Go(No.7)တို့အား အာရှဘော်လီဘော အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ Mr. Shanirt Wongprasetမှလည်းကောင်း၊ ဒုတိယအလယ်ပိတ်ဆို့မှု အကောင်းဆုံးဆုရရှိသော အိန္ဒိယအသင်းမှ Prince(No.9)၊ စွယ်စုံရိုက်အကောင်းဆုံးဆုရရှိသော တရုတ်(တိုင်ပေ)အသင်းမှ Chang Yu-Sheng (No.10)တို့အား အိန္ဒိယနိုင်ငံ Technical Delegate Mr. Mamoud Afshardoust မှလည်းကောင်း၊ ပင့်ထောင်အကောင်းဆုံးဆုရရှိသော အိန္ဒိယအသင်းမှ Appavu Muyhudsmy(No.6)၊ လီဗရိုအကောင်းဆုံးဆုရရှိသော တရုတ်(တိုင်ပေ)အသင်းမှ Jhang Yun-Liang(No.2) တို့အား ပြိုင်ပွဲကျင်းပရေးဒိုင်ချုပ် Mr. Dean TurnerrS မှ လည်းကောင်း၊ အကောင်းဆုံး အားကစားသမားဆုရရှိသော တရုတ်(တိုင်ပေ)အသင်းမှ Chan Minhan(No.6)တို့အား မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးသိန်း၀င်းမှလည်းကောင်း၊ တတိယဆု ရရှိသွားသော ဂျပန်ကလပ်အသင်းအား ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦး၀င်းမော်ထွန်းမှလည်းကောင်း၊ ဒုတိယဆုရရှိသော အိန္ဒိယကလပ်အသင်းအား ပြန်ကြားရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းမှလည်းကောင်း၊ ပထမဆုရရှိသော တရုတ်(တိုင်ပေ) ကလပ်အသင်းအား မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအိုလံပစ်ကောင်စီ အတွင်းရေးမှူး၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်မှလည်းကောင်းဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါ SMM 3rd Asian ''Asia World Foundation '' Men's U-23 Volleyball Championship ပြိုင်ပွဲတွင် နိုင်ငံအလိုက်အဆင့်သတ်မှတ်ချက်များအဖြစ် အဆင့်(၁)- တရုတ်(တိုင်ပေ)အသင်း၊ အဆင့်(၂) အိန္ဒိယအသင်း၊ အဆင့်(၃) ဂျပန်အသင်း၊ အဆင့်(၄) ပါကစ္စတန်အသင်း၊ အဆင့်(၅) ကာဇက်စတန်အသင်း၊ အဆင့်(၆) တရုတ်အသင်း၊ အဆင့်(၇) သြစတေးလျအသင်း၊ အဆင့်(၈) သီရိလင်္ကာအသင်း၊ အဆင့်(၉) ဗီယက်နမ်အသင်း၊ အဆင့်(၁၀) မြန်မာအသင်း၊ အဆင့်(၁၁) ထိုင်းအသင်း၊ အဆင့်(၁၂) ဘာရိန်းအသင်း၊ အဆင့်(၁၃) ကာတာ အသင်း၊ အဆင့်(၁၄)တရုတ်(ဟောင်ကောင်)အသင်း၊ အဆင့်(၁၅) ဆော်ဒီအာရေးဘီးယားအသင်း၊ အဆင့်(၁၆) နယူးဇီလန်အသင်းများသည် နိုင်ငံလိုက်အဆင့်နေရာ သတ်မှတ်ချက်များဖြစ်ကြောင်း သတင်းရရှိသည်။