skip to content

 

ရန်ကုန်၊ နို၀င်ဘာလ(  ၁၂   )ရက်။

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ပထမဦးဆုံးအကြိမ်လက်ခံကျင်းပသည့် IBSF WORLD  BILLIARDS & SNOOKER CHAMPIONSHIP-2018 ကမ္ဘာ့ဘိလိယက်နှင့်စနူကာပြိုင်ပွဲ(၂၀၁၈)ပြိုင်ပွဲကို နို၀င်ဘာလ(၁၂)ရက်နေ့မှ (၂၇)ရက်နေ့ အထိ ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ Grand Mercure Hotel ၌  (Long Point )ဘိလိယက်ပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီက ဆက်လက်ကျင်းပရာ  အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့်တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာမင်းနိုင်နှင့် ဒုတိယဥက္ကဋ္ဌများ၊ အမှုဆောင်များနှင့် ဘိလိယက်အားကစား၀ါသနာရှင်များကြည့်ရှုအားပေးကြသည်။

  

အဆိုပါက (Long Point )ဘိလိယက်ပြိုင်ပွဲ(၁၆)သင်းအဆင့်၌ ချစ်ကို(မြန်မာ)နှင့် Nalin  Patel (အင်္ဂလန်)တို့ယှဉ်ပြိုင်ရာ ချစ်ကို(မြန်မာ)က (၇၅၀)မှတ်၊ (၁၂၄)မှတ်ဖြင့် အနိုင်ရရှိ၍ ကွာတာဖိုင်နယ်အဆင့်တို့လည်းကောင်း၊ Sourav Kothari အိန္ဒိယ)နှင့် နေသွေးဦး(မြန်မာ)တို့ယှဉ်ပြိုင်ရာ Sourav Kothari (အိန္ဒိယ)က (၇၅၀)မှတ် (၂၈၈)မှတ်ဖြင့် ရှုံးနိမ့်သွားသည်။

ဆက်လက်ပြီး ညနေ(၃)နာရီခွဲ၌ ကွာတာဖိုင်နယ်ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ David Causier (အင်္ဂလန်)က ချစ်ကို(မြန်မာ)ကို (၁၀၀၀)မှတ် (၅၈၈)မှတ်ဖြင့်ရှုံးနိမ့်သွားပြီး အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

back to top Eng