skip to content

ရန်ကုန်၊ သြဂုတ်လ(၂၅)ရက်။             

(၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် ပြိုင်ပွဲများပြီးဆုံးသွားသော မြန်မာအားကစားအသင်းများဖြစ်သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း၊ မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာဝင်းဇော် ဦးဆောင်သော မြန်မာ့လက်ရွေးစင် ကရာတေးဒိုအသင်း၊ တင်းနစ်အသင်း၊မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးဂျွန်ဆင်ဦးဆောင်သော စက်ဘီးအားကစားအသင်း၊ ပီတန်း အားကစားအသင်းများသည် ယနေ့နံနက်(၁၂)နာရီက MH(740) လေကြောင်း ခရီးစဉ်ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကြ ဦးဇော်ဇော်နှင့် အမျိုးသမီး ဘောလုံးအသင်းနာယကအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်ဥက္ကဌ ဒေါ်ခင်လေးနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) သင်တန်းကျောင်းမှ သင်တန်းသား/သင်တန်းသူအားကစားသမားများက  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ စည်ကားသိုက်မြိုက်စွာ ကြိုဆိုကြသည်။

၄င်းအားကစားအဖွဲ့တွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းက  တတိယကြေးတံဆိပ်(၁)ဆုကိုလည်းကောင်း၊ ကရာတေးဒိုအားကစားနည်းမှ  အမျိုးသမီး(၆၁) ကီလိုအောက် (ကုမိတဲ့) ပြိုင်ပွဲ၌ မေသူချို(မြန်မာ)၊ အမျိုးသမီးအသင်းလိုက် (ကုမိတဲ့) ပြိုင်ပွဲ၌အေပရယ်ဖော၊ ဝင်းသူဇာမင်း၊ မေသူချိုနှင့် နီလာစိုးဦး အတွဲ၊ အမျိုးသား တစ်ဦးချင်း (ခတ)ပြိုင်ပွဲ၌ မင်းဟိန်းခန့်နှင့် အမျိုးသား(၆ဝ)ကီလိုအောက် (ကုမိတဲ့)ပြိုင်ပွဲ၌ မြင့်မောင်မောင်ဦး တို့က ကြေးတံဆိပ်ဆု(၁)ဆုစီရရှိခဲ့ကြသည်။

မြန်မာအမျိုးသမီးဘောလုံးအသင်းခေါင်းဆောင်မှ ပထမပွဲမှာ ထိုင်း၊ ဒုတိယ ပွဲမှာ မလေးရှား၊ တတိယပွဲမှာ ဗီယက်နမ်နှင့်စတုတ္ထပွဲမှာ ဖိလစ်ပိုင်အသင်းများနှင့် ကစားပြီး တတိယ ကြေးတံဆိပ်ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ထိုင်းနှင့်ဗီယက်နမ်ကိုနိုင်လျှင် ရွှေတံဆိပ်ရမယ် ဆိုတာ သေချာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အသင်းနဲ့က ခြေစွမ်းသိပ်မကွာပေမဲ့ နည်းနည်းညံခဲ့လို့ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမဝင်ခင် ကျွန်တော်တို့ပြင်ဆင်မှုတွေလုပ်ခဲ့ပါတယ်။ ဂျပန်မှာ လေ့ကျင့်မှု တွေ ခြေစွမ်းပွဲတွေ လုပ်ခဲ့ပါတယ်။ အခုပြိုင်ဘက်အသင်းတွေနဲ့တော့ သိပ်မကွာ ပါဘူး။ အမှားများ တဲ့သူကရှုံးသွားတာပါ။ ဒီပွဲပြီးရင်တော့  ပြိုင်ပွဲတွေမရှိတော့ပါဘူး၊နောက်နှစ် ထဲမှာတော့ ခြေစစ်ပွဲ တွေဝင်ပြိုင်ရမယ်လို့ သိရပါတယ်။ ကြိုးစားခဲ့ပေမဲ့လည်း ဒီနှစ်မှာ ထပ်ရှုံးသွားတဲ့အတွက် ပြည်သူတွေရဲ့ဆန္ဒကို မဖြည့်ဆည်းပေးနိုင်ခဲ့တာကြောင့် ကျွန်တော်တို့အသင်းက အနူးအညွတ် တောင်းပန်ပါတယ်ဟု ဖြေကြားသွားခဲ့ပါသည်။


back to top Eng